အကြမ်းဖက်မှုများအပေါ် ငွေကြေးထောက်ပံ့ပေးနေခြင်းကို စောင့်ကြည့်နေဟု ရဲမှူးချုပ်ဆို

အကြမ်းဖက်မှုများအပေါ် ငွေကြေးထောက်ပံ့ပေးနေခြင်းကို စောင့်ကြည့်နေဟု ရဲမှူးချုပ်ဆို

အကြမ်းဖက်မှုများအပေါ်ငွေကြေးထောက်ပံ့မှုများရှိနေသဖြင့်အကြမ်းဖက်မှုများအပေါ်ငွေကြေးထောက်ပံ့ပေးနေခြင်းသည်အရေးကြီးသည့်အတွက်စောင့်ကြည့်မှုများဆောင်ရွက်နေကြောင်း ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့တွဲဖက်အတွင်းရေးမှူး၊ရဲမှူးချုပ် ကျော်ဝင်းသိန်းက ပြောကြားခဲ့ပါတယ်။

“အကြမ်းဖက်မှုအပေါ်မှာ ငွေကြေးထောက်ပံ့ခြင်းဟာ တော်တော်အရေးကြီးတဲ့ အတွက်ကြောင့်မို့လို့ ဒါကိုတော့ ကျွန်တော်တို့ တောက်လျှောက်စောင့်ကြည့်နေပါတယ်။ လောလောဆယ်တော့ ဖော်ထုတ်ထားတဲ့ Case တွေတော့ မရှိသေးပါဘူး၊ဒီအတွက်လည်း ကျွန်တော်တို့က လွန်ခဲ့တဲ့ သုံးနှစ်လောက်က စပြီးတော့ ဒါကို ကြိုတင်ပြင်ဆင်ထားရှိပြီး ဖြစ်ပါ တယ်။ အဓိကကတေ့ာ ခုနကပြောသလို သူ့ရဲ့ Transation တွေပေါ့ ခုနက ပြောတဲ့ ငွေကြေးတွေ ၊ ငွေကြေးတွေကတော့ ပုံစံအမျိုးမျိုးနဲ့ လွှဲပြောင်းတာတွေ ရှိတယ်။ စီးဝင်တာတွေရှိတယ်။ ဒါတွေအကုန်လုံးကို အဓိက စောင့်ကြည့်နေတယ်။ အထူးသဖြင့်တော့ ခုနကပြောတဲ့ ရခိုင်ဘက်မှာ ထပ်ပြီး တေ့ာ ပေါ်ပေါက်လာတဲ့ Trend ကတော့ မူးယစ်ဆေးဝါးပေါ့ ။

မူးယစ်ဆေးဝါးက ရခိုင်ဘက်ကနေတဆင့် ပြည်ပ ကို ထွက်နေတာတွေ ၊ ရေလမ်းကြောင်းကနေ ထွက်နေတာတွေ ရှိတယ်။ ဒီအပေါ်မှာကတော့ အစောက ပြော တဲ့ မူးယစ်ဆေးဝါးရောင်းချပြီးတော့ ရလာတဲ့ ပိုက်ဆံတွေ ဘယ်ကိုပြန်ဝင်သွားသလဲ ဆိုတာ ဒါကြောင့် အစော က ပြောသလိုပဲ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက အားလုံးကပူးပေါင်း ဆောင်ရွက်မှုတွေ လိုအပ်တယ်။ အထူး သဖြင့်တော့ ဘဏ်တွေက Branch တွေကအစ သတင်းပို့စနစ်ပေါ့။ ဘာလို့ဆို ကျွန်တော်တို့ကကျတော့ Overall ကို အပေါ်က စောင့်ကြည့်နေတဲ့အတွက် ဒီတစ်လနဲ့ ဒီတစ်လ အတွင်းမှာ လွှဲပြောင်းတဲ့ ငွေကြေး ပမာဏ ဘယ်လောက်ထိ တိုးလာပြီ၊ ဘယ်လောက်ထိ လျော့လာပြီ ဒါတွေ အားလုံးက ကျွန်တော်တို့က သိထားတယ်။

ဒီအပေါ်မှာ ရှိတာနဲ့တင်ကို ဒီဟာတွေ အတွက်ကတော့ ကျွန်တော် တို့ နိုင်ငံတော်လုံခြုံရေးနဲ့လည်း ဆက်နွယ်တယ်။ပြီးတဲ့ အခါမှာငွေကြေး ခဝါချမှုကော အကြမ်းဖက်မှု အပေါ်မှာ ငွေကြေးထောက်ပံ့ခြင်းနဲ့လည်း ဆက်နွယ်တဲ့အတွက် ဒါကြီးကတော့ ကျွန်တေ်ာတို့ တောက်လျှောက် စောင့်ကြည့်ထားပါ တယ်၊စီမံထားရှိပြီး ဖြစ်ပါတယ်”လို့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့တွဲဖက်အတွင်းရေးမှူးဖြစ်သူ ရဲမှူးချုပ် ကျော်ဝင်းသိန်း ကပြောပါတယ်။

ယနေ့နံနက်ပိုင်းနေပြည်တော်ရှိ Hilton ဟိုတယ်တွင်ကျင်းပပြုလုပ်သည့် ငွေကြေးခဝါချမှုနှင့် ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရှင်းလင်းခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအပြီး ခေတ္တနားချိန်တွင် သတင်းမီဒီယာများ ၏မေးမြန်းမှု အပေါ်ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

PTG
နေပြည်တော်၊ဇွန်-၂၈

(  Zawgyi  )

 အၾကမ္းဖက္မႈမ်ားအေပၚေငြေၾကးေထာက္ပံ့မႈမ်ားရွိေနသျဖင့္အၾကမ္းဖက္မႈမ်ားအေပၚေငြေၾကးေထာက္ပံ့ေပးေနျခင္းသည္အေရးႀကီးသည့္အတြက္ေစာင့္ၾကည့္မႈမ်ားေဆာင္႐ြက္ေနေၾကာင္း ေငြေၾကး ခဝါခ်မႈ တိုက္ဖ်က္ေရး ဗဟိုအဖြဲ႕တြဲဖက္အတြင္းေရးမႉး၊ရဲမႉးခ်ဳပ္ ေက်ာ္ဝင္းသိန္းက ေျပာၾကားခဲ့ပါတယ္။

“အၾကမ္းဖက္မႈအေပၚမွာ ေငြေၾကးေထာက္ပံ့ျခင္းဟာ ေတာ္ေတာ္အေရးႀကီးတဲ့ အတြက္ေၾကာင့္မို႔လို႔ ဒါကိုေတာ့ ကြၽန္ေတာ္တို႔ ေတာက္ေလွ်ာက္ေစာင့္ၾကည့္ေနပါတယ္။ ေလာေလာဆယ္ေတာ့ ေဖာ္ထုတ္ထားတဲ့ Case ေတြေတာ့ မရွိေသးပါဘူး၊ဒီအတြက္လည္း ကြၽန္ေတာ္တို႔က လြန္ခဲ့တဲ့ သုံးႏွစ္ေလာက္က စၿပီးေတာ့ ဒါကို ႀကိဳတင္ျပင္ဆင္ထားရွိၿပီး ျဖစ္ပါ တယ္။ အဓိကကေတ့ာ ခုနကေျပာသလို သူ႔ရဲ႕ Transation ေတြေပါ့ ခုနက ေျပာတဲ့ ေငြေၾကးေတြ ၊ ေငြေၾကးေတြကေတာ့ ပုံစံအမ်ိဳးမ်ိဳးနဲ႔ လႊဲေျပာင္းတာေတြ ရွိတယ္။ စီးဝင္တာေတြရွိတယ္။ ဒါေတြအကုန္လုံးကို အဓိက ေစာင့္ၾကည့္ေနတယ္။ အထူးသျဖင့္ေတာ့ ခုနကေျပာတဲ့ ရခိုင္ဘက္မွာ ထပ္ၿပီး ေတ့ာ ေပၚေပါက္လာတဲ့ Trend ကေတာ့ မူးယစ္ေဆးဝါးေပါ့ ။

မူးယစ္ေဆးဝါးက ရခိုင္ဘက္ကေနတဆင့္ ျပည္ပ ကို ထြက္ေနတာေတြ ၊ ေရလမ္းေၾကာင္းကေန ထြက္ေနတာေတြ ရွိတယ္။ ဒီအေပၚမွာကေတာ့ အေစာက ေျပာ တဲ့ မူးယစ္ေဆးဝါးေရာင္းခ်ၿပီးေတာ့ ရလာတဲ့ ပိုက္ဆံေတြ ဘယ္ကိုျပန္ဝင္သြားသလဲ ဆိုတာ ဒါေၾကာင့္ အေစာ က ေျပာသလိုပဲ သက္ဆိုင္တဲ့ အဖြဲ႕အစည္းေတြက အားလုံးကပူးေပါင္း ေဆာင္႐ြက္မႈေတြ လိုအပ္တယ္။ အထူး သျဖင့္ေတာ့ ဘဏ္ေတြက Branch ေတြကအစ သတင္းပို႔စနစ္ေပါ့။ ဘာလို႔ဆို ကြၽန္ေတာ္တို႔ကက်ေတာ့ Overall ကို အေပၚက ေစာင့္ၾကည့္ေနတဲ့အတြက္ ဒီတစ္လနဲ႔ ဒီတစ္လ အတြင္းမွာ လႊဲေျပာင္းတဲ့ ေငြေၾကး ပမာဏ ဘယ္ေလာက္ထိ တိုးလာၿပီ၊ ဘယ္ေလာက္ထိ ေလ်ာ့လာၿပီ ဒါေတြ အားလုံးက ကြၽန္ေတာ္တို႔က သိထားတယ္။

ဒီအေပၚမွာ ရွိတာနဲ႔တင္ကို ဒီဟာေတြ အတြက္ကေတာ့ ကြၽန္ေတာ္ တို႔ ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔လည္း ဆက္ႏြယ္တယ္။ၿပီးတဲ့ အခါမွာေငြေၾကး ခဝါခ်မႈေကာ အၾကမ္းဖက္မႈ အေပၚမွာ ေငြေၾကးေထာက္ပံ့ျခင္းနဲ႔လည္း ဆက္ႏြယ္တဲ့အတြက္ ဒါႀကီးကေတာ့ ကြၽန္ေတ္ာတို႔ ေတာက္ေလွ်ာက္ ေစာင့္ၾကည့္ထားပါ တယ္၊စီမံထားရွိၿပီး ျဖစ္ပါတယ္”လို႔ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရး ဗဟိုအဖြဲ႕တြဲဖက္အတြင္းေရးမႉးျဖစ္သူ ရဲမႉးခ်ဳပ္ ေက်ာ္ဝင္းသိန္း ကေျပာပါတယ္။

ယေန႔နံနက္ပိုင္းေနျပည္ေတာ္ရွိ Hilton ဟိုတယ္တြင္က်င္းပျပဳလုပ္သည့္ ေငြေၾကးခဝါခ်မႈႏွင့္ ေငြေၾကး ေထာက္ပံ့မႈ တိုက္ဖ်က္ေရး ဆိုင္ရာ အမ်ိဳးသားအဆင့္ မဟာဗ်ဴဟာရွင္းလင္းျခင္း အလုပ္႐ုံေဆြးေႏြးပြဲ ဖြင့္ပြဲအၿပီး ေခတၱနားခ်ိန္တြင္ သတင္းမီဒီယာမ်ား ၏ေမးျမန္းမႈ အေပၚျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊ဇြန္-၂၈