အင်္ဂပူမြို့နယ်၌ ပြိုကျပျက်စီးနေသော စေတီတော်အတွင်းမှ ဆင်းတုတော် ၉၄ ဆူ တွေ့ရှိ

အင်္ဂပူမြို့နယ်၌ ပြိုကျပျက်စီးနေသော စေတီတော်အတွင်းမှ ဆင်းတုတော် ၉၄ ဆူ တွေ့ရှိ

အင်္ဂပူမြို့နယ်တွင် ဇွန်လ ၁၅ရက်နေ့က ပြိုကျပျက်စီးနေသည့် စေတီတော်အတွင်းမှ ဆင်းတုတော် ၉၄ တွေ့ရှိခဲ့တယ်လို့ပြည်ထဲရေးမှသတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ  ဇွန်လ ၁၅ ရက်နေ့လည် ၂ နာရီခွဲ အချိန်ခန့်တွင် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ဇီးကုန်းကျေးရွာ လယ်ပြင်ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဉူးနန္ဒောဘာသ ဦးဆောင်၍ ကျေး ရွာ သူ/သား ၁၀ ဦးခန့်တို့သည် အဆိုပါဘုန်းကြီးကျောင်းအတွင်းရှိ ပြိုကျပျက်စီးနေသော စေတီတော် မှ အုတ်များအား စေတီတော်အသစ်တည်ဆောက်ရာတွင် အသုံးပြုရန် သယ်ယူစဉ် စေတီဟောင်းအတွင်းမှသက်တမ်း နှစ် ၇၀ ခန့်ရှိ ဉာဏ်တော် ၄ လက်မခန့် ပရိုးဆင်းတုတော် ၅၁ ဆူ၊ ဉာဏ်တော် ၁ လက်မမှ ၁၄ လက်မ အတွင်းရှိ အရွယ်အစားမျိုးစုံ ကြေးဆင်းတုတော် ၃၃ ဆူ၊ ဉာဏ်တော် ၄ လက်မမှ ၉ လက်မ အတွင်းရှိ အရွယ်အစားမျိုးစုံ ငွေဆင်းတုတော် ၉ ဆူ၊ ဉာဏ်တော် ၃ လက်မခန့်ရှိ နဂါးရုံဆင်းတုတော် ၁ ဆူ ၊ ဉာဏ်တော် ၄ လက်မခန့်ရှိ ရှင်ဥပဂုတ္တပုံတော် ၂ ဆူ၊ အလျား ၄ လက်မ၊ အနံ ၄ လက်မခန့်ရှိ ငွေကျောင်းဆောင် ၁ ခု၊ အလျား ၂၀ လက်မ၊ အနံ ၃ လက်မခန့်ရှိ ငွေပုရပိုက် ၁ ခု ၊ အလျား ၄ လက်မ၊ အနံ ၃ လက်မခန့်ရှိ ငွေပုရပိုက် ၁ ခု ၊ အမြင့် ၄ လက်မ၊ လုံးပတ် ၁ လက်မခန့်ရှိ ဓါတ်တော်ကြုတ် ၁ ခု၊ အမြင့်လက်မဝက်၊ လုံးပါတ်လက်မဝက် ခန့်ရှိ ရွှေကြုတ် ၁ ခု ၊ အလျား ၁၂ လက်မ၊ အနံ ၈ လက်မခန့်ရှိ ကြေးပြဿဒ် ၃ ခု ၊ ရွေးစေ့ခန့်ရှိ ကျောက်နီ ၂ လုံး၊ ရွေးစေ့ခန့်ရှိ မီးခိုရောင်ကျောက် ၂ လုံးတို့အား တွေ့ရှိခဲ့ပါတယ်။

အဆိုပါတွေ့ရှိသည့် ဆင်းတုတော်နှင့်ပစ္စည်းများအား လယ်ပြင်ကျောင်းတိုက်၌ ထိန်းသိမ်းထားရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
အင်္ဂပူ၊ ဇွန် ၁၆

(  Zawgyi  )

 အဂၤပူၿမိဳ႕နယ္တြင္ ဇြန္လ ၁၅ရက္ေန႔က ၿပိဳက်ပ်က္စီးေနသည့္ ေစတီေတာ္အတြင္းမွ ဆင္းတုေတာ္ ၉၄ ေတြ႕ရွိခဲ့တယ္လို႔ျပည္ထဲေရးမွသတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ  ဇြန္လ ၁၅ ရက္ေန႔လည္ ၂ နာရီခြဲ အခ်ိန္ခန႔္တြင္ ဟသၤာတခ႐ိုင္၊ အဂၤပူၿမိဳ႕နယ္၊ ဇီးကုန္းေက်း႐ြာ လယ္ျပင္ဘုန္းႀကီးေက်ာင္းမွ ေက်ာင္းထိုင္ဆရာေတာ္ ၪူးနေႏၵာဘာသ ဦးေဆာင္၍ ေက်း ႐ြာ သူ/သား ၁၀ ဦးခန႔္တို႔သည္ အဆိုပါဘုန္းႀကီးေက်ာင္းအတြင္းရွိ ၿပိဳက်ပ်က္စီးေနေသာ ေစတီေတာ္ မွ အုတ္မ်ားအား ေစတီေတာ္အသစ္တည္ေဆာက္ရာတြင္ အသုံးျပဳရန္ သယ္ယူစဥ္ ေစတီေဟာင္းအတြင္းမွသက္တမ္း ႏွစ္ ၇၀ ခန႔္ရွိ ဉာဏ္ေတာ္ ၄ လက္မခန႔္ ပ႐ိုးဆင္းတုေတာ္ ၅၁ ဆူ၊ ဉာဏ္ေတာ္ ၁ လက္မမွ ၁၄ လက္မ အတြင္းရွိ အ႐ြယ္အစားမ်ိဳးစုံ ေၾကးဆင္းတုေတာ္ ၃၃ ဆူ၊ ဉာဏ္ေတာ္ ၄ လက္မမွ ၉ လက္မ အတြင္းရွိ အ႐ြယ္အစားမ်ိဳးစုံ ေငြဆင္းတုေတာ္ ၉ ဆူ၊ ဉာဏ္ေတာ္ ၃ လက္မခန႔္ရွိ နဂါး႐ုံဆင္းတုေတာ္ ၁ ဆူ ၊ ဉာဏ္ေတာ္ ၄ လက္မခန႔္ရွိ ရွင္ဥပဂုတၱပုံေတာ္ ၂ ဆူ၊ အလ်ား ၄ လက္မ၊ အနံ ၄ လက္မခန႔္ရွိ ေငြေက်ာင္းေဆာင္ ၁ ခု၊ အလ်ား ၂၀ လက္မ၊ အနံ ၃ လက္မခန႔္ရွိ ေငြပုရပိုက္ ၁ ခု ၊ အလ်ား ၄ လက္မ၊ အနံ ၃ လက္မခန႔္ရွိ ေငြပုရပိုက္ ၁ ခု ၊ အျမင့္ ၄ လက္မ၊ လုံးပတ္ ၁ လက္မခန႔္ရွိ ဓါတ္ေတာ္ၾကဳတ္ ၁ ခု၊ အျမင့္လက္မဝက္၊ လုံးပါတ္လက္မဝက္ ခန႔္ရွိ ေ႐ႊၾကဳတ္ ၁ ခု ၊ အလ်ား ၁၂ လက္မ၊ အနံ ၈ လက္မခန႔္ရွိ ေၾကးျပႆဒ္ ၃ ခု ၊ ေ႐ြးေစ့ခန႔္ရွိ ေက်ာက္နီ ၂ လုံး၊ ေ႐ြးေစ့ခန႔္ရွိ မီးခိုေရာင္ေက်ာက္ ၂ လုံးတို႔အား ေတြ႕ရွိခဲ့ပါတယ္။

အဆိုပါေတြ႕ရွိသည့္ ဆင္းတုေတာ္ႏွင့္ပစၥည္းမ်ားအား လယ္ျပင္ေက်ာင္းတိုက္၌ ထိန္းသိမ္းထားရွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
အဂၤပူ၊ ဇြန္ ၁၆