အမျိုးသားရေးဝါဒသည် လူမျိုးစွဲဝါဒဖက်ကိုရောက်သွားရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကိုသွားတဲ့နေရာမှာများစွာ အဟန့်အတားဖြစ်စေနိုင် ဟု သမိုင်းပညာရှင် ဒေါက်တာကျော်ဝင်း ပြောကြား

 အမျိုးသားရေးဝါဒသည် လူမျိုးစွဲဝါဒဖက်ကိုရောက်သွားရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကိုသွားတဲ့နေရာမှာများစွာ အဟန့်အတားဖြစ်စေနိုင် ဟု သမိုင်းပညာရှင် ဒေါက်တာကျော်ဝင်း ပြောကြား

အမျိုးသားရေးဝါဒသည်လူမျိုးစွဲဝါဒဖက်ကို ရောက်သွားပါက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို သွားတဲ့နေရာမှာ များစွာ အဟန့်အတားတွေကို ဖြစ်ပေါ်စေမှာဖြစ်တယ်လို့ သမိုင်းပါမောက္ခ (ငြိမ်း)ဒေါက်တာကျော်ဝင်း က ဒီကနေ့ ဇွန် ၁၅ ရက်တွင်  “မှန်ကန်တဲ့အမျိုးသားရေးဝါဒဆိုတာ ဘယ်လိုလဲ” ခေါင်းစဉ်ဖြင့် ပြုုလုပ်တဲ့ ဒီဗွီဘီ ဒီဘိတ်အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။ အဆိုပါခေါင်းစဉ် ဖြင့် ဒီဗွီဘီ ဒီဘိတ်ဆွေးနွေးမှုအစီအစဉ်တစ်ရပ်ကို ဒီကနေ့မှာ ရန်ကုန်မြို့ရှိ House of Orchid တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

“အမျိုး ဘာသာသာသနာကွယ်ပျောက်မှာ ဘာကြောင့်ဒီလောက်ကြောက်နေလဲဆိုတာတော့ ကျမမသိဘူး။ ဘာသာရေးဆိုတာ ဆုပ်ကိုင်ထားလို့မရဘူး။ ကျင့်ကြံအားထုတ်ရတာဖြစ်တယ်။ ကျင့်ကြံအားထုတ်နေရင် ဗုဒ္ဓဘာသာကွယ်ပျောက်သွားမှာ မဟုတ်ဘူး။ဘာသာသာသနာကွယ်ပျောက် မှာကြောက်လို့ပြောပြီး ဘာသာရေးမှိုင်းတိုက်ဖို့ကြိုးစားတာဟာ ဒီမိုကရေစီကို အနှောင့်အယှက်ဖြစ်စေပါတယ်။။ တကယ်တမ်း ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သူဟာ ဘာသာရေးမှိုင်းတိုက်မှာတော့ မဟုတ်ပါဘူး။”လို့ စာရေးဆရာမ  မမွန်မွန်မြတ်က ဒီကနေ့ ပြုလုပ်တဲ့ ဒီဗွီဘီ ဒီဘိတ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးခဲ့ပါသေးတယ်။

ထို့အတူ ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစုမှ ကိုမြအေးကလည်း “လွတ်လပ်ရေး ကာလ တစ်လျောက်မှာ အမျိုးသားရေးနဲ့ကင်းလွတ်သွားတာမရှိဘူးဆိုတာ မှန်တယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ကျင့်သုံးခဲ့တဲ့ အမျိုးသားရေးသည် ကျဉ်းမြောင်းတဲ့အမျိုးသားရေးဝါဒတော့ မဟုတ်ဘူး။ တစ်မြေထဲမှာ  မွေးဖွာပြီးနေတဲ့သူတွေအပေါ်မှာ အခြေခံပြီး သွားခဲ့တာဖြစ်တယ်။”လို့ ၎င်းရဲ့သဘောထားအမြင်ကို ဆွေးနွေးခဲ့ပါတယ်။

သို့သော်လည်း ရဲရဲတောက်ဂျာနယ် အယ်ဒီတာချုပ် အမတ်ဒိန်ကတော့ “ကျနော်တို့အမျိုးသားတွေနဲ့ သက်ဆိုင်တဲ့ကိုယ်ပိုင်လက္ခဏာတွေကို ကာကွယ်ချင်တယ်။ ကျနော်တို့ဘာသာ စကား၊ စာပေပျောက်မသွားအောင် ကျနော်တို့ကာကွယ်ချင်တယ်။ အဲဒါကျနော်တို့လွန်သလား။ ကျနော်တို့ အမျိုးသားရေးသမားတွေ လွန်သလား။”လို့ ဒီကနေ့ပြုလုပ်တဲ့ ဒီဗွီဘီ ဒီဘိတ်ဆွေးနွေးမှုအစီအစဉ်မှာ မေးခွန်းထုတ်ခဲ့ပါသေးတယ်။

 “မှန်ကန်တဲ့အမျိုးသားရေးဝါဒဆိုတာ ဘယ်လိုလဲ” ခေါင်းစဉ်ဖြင့် ယနေ့ပြုလုပ်တဲ့ ဒီဗွီဘီ ဒီဘိတ်ဆွေးနွေးမှုအစီအစဉ်မှာတော့ ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစုမှ ကိုမြအေး၊သမိုင်းပါမောက္ခ (ငြိမ်း)ဒေါက်တာကျော်ဝင်း၊ရဲရဲတောက်ဂျာနယ် အယ်ဒီတာချုပ် အမတ်ဒိန်နှင့်စာရေးဆရာမ မမွန်မွန်မြတ်တို့က အဓိကပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ပြေသိမ်း
ရန်ကုန်၊ဇွန် ၁၅
ဓါတ်ပုံ - ဒီဗွီဘီ ဒီဘိတ်

( unicode )

 အမ်ိဳးသားေရးဝါဒသည္လူမ်ိဳးစြဲဝါဒဖက္ကို ေရာက္သြားပါက ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရးကို သြားတဲ့ေနရာမွာ မ်ားစြာ အဟန႔္အတားေတြကို ျဖစ္ေပၚေစမွာျဖစ္တယ္လို႔ သမိုင္းပါေမာကၡ (ၿငိမ္း)ေဒါက္တာေက်ာ္ဝင္း က ဒီကေန႔ ဇြန္ ၁၅ ရက္တြင္  “မွန္ကန္တဲ့အမ်ိဳးသားေရးဝါဒဆိုတာ ဘယ္လိုလဲ” ေခါင္းစဥ္ျဖင့္ ျပဳုလုပ္တဲ့ ဒီဗြီဘီ ဒီဘိတ္အစီအစဥ္မွာ ေျပာၾကားခဲ့ပါတယ္။ အဆိုပါေခါင္းစဥ္ ျဖင့္ ဒီဗြီဘီ ဒီဘိတ္ေဆြးေႏြးမႈအစီအစဥ္တစ္ရပ္ကို ဒီကေန႔မွာ ရန္ကုန္ၿမိဳ႕ရွိ House of Orchid တြင္ျပဳလုပ္ခဲ့ျခင္းျဖစ္ပါတယ္။

“အမ်ိဳး ဘာသာသာသနာကြယ္ေပ်ာက္မွာ ဘာေၾကာင့္ဒီေလာက္ေၾကာက္ေနလဲဆိုတာေတာ့ က်မမသိဘူး။ ဘာသာေရးဆိုတာ ဆုပ္ကိုင္ထားလို႔မရဘူး။ က်င့္ႀကံအားထုတ္ရတာျဖစ္တယ္။ က်င့္ႀကံအားထုတ္ေနရင္ ဗုဒၶဘာသာကြယ္ေပ်ာက္သြားမွာ မဟုတ္ဘူး။ဘာသာသာသနာကြယ္ေပ်ာက္ မွာေၾကာက္လို႔ေျပာၿပီး ဘာသာေရးမႈိင္းတိုက္ဖို႔ႀကိဳးစားတာဟာ ဒီမိုကေရစီကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။။ တကယ္တမ္း ဗုဒၶဘာသာသက္ဝင္ယုံၾကည္သူဟာ ဘာသာေရးမႈိင္းတိုက္မွာေတာ့ မဟုတ္ပါဘူး။”လို႔ စာေရးဆရာမ  မမြန္မြန္ျမတ္က ဒီကေန႔ ျပဳလုပ္တဲ့ ဒီဗြီဘီ ဒီဘိတ္အစီအစဥ္မွာ ပါဝင္ေဆြးေႏြးခဲ့ပါေသးတယ္။

ထို႔အတူ ဖက္ဒရယ္ ဒီမိုကရက္တစ္အင္အားစုမွ ကိုျမေအးကလည္း “လြတ္လပ္ေရး ကာလ တစ္ေလ်ာက္မွာ အမ်ိဳးသားေရးနဲ႔ကင္းလြတ္သြားတာမရွိဘူးဆိုတာ မွန္တယ္။ ဒါေပမယ့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း က်င့္သုံးခဲ့တဲ့ အမ်ိဳးသားေရးသည္ က်ဥ္းေျမာင္းတဲ့အမ်ိဳးသားေရးဝါဒေတာ့ မဟုတ္ဘူး။ တစ္ေျမထဲမွာ  ေမြးဖြာၿပီးေနတဲ့သူေတြအေပၚမွာ အေျခခံၿပီး သြားခဲ့တာျဖစ္တယ္။”လို႔ ၎ရဲ႕သေဘာထားအျမင္ကို ေဆြးေႏြးခဲ့ပါတယ္။

သို႔ေသာ္လည္း ရဲရဲေတာက္ဂ်ာနယ္ အယ္ဒီတာခ်ဳပ္ အမတ္ဒိန္ကေတာ့ “က်ေနာ္တို႔အမ်ိဳးသားေတြနဲ႔ သက္ဆိုင္တဲ့ကိုယ္ပိုင္လကၡဏာေတြကို ကာကြယ္ခ်င္တယ္။ က်ေနာ္တို႔ဘာသာ စကား၊ စာေပေပ်ာက္မသြားေအာင္ က်ေနာ္တို႔ကာကြယ္ခ်င္တယ္။ အဲဒါက်ေနာ္တို႔လြန္သလား။ က်ေနာ္တို႔ အမ်ိဳးသားေရးသမားေတြ လြန္သလား။”လို႔ ဒီကေန႔ျပဳလုပ္တဲ့ ဒီဗြီဘီ ဒီဘိတ္ေဆြးေႏြးမႈအစီအစဥ္မွာ ေမးခြန္းထုတ္ခဲ့ပါေသးတယ္။

 “မွန္ကန္တဲ့အမ်ိဳးသားေရးဝါဒဆိုတာ ဘယ္လိုလဲ” ေခါင္းစဥ္ျဖင့္ ယေန႔ျပဳလုပ္တဲ့ ဒီဗြီဘီ ဒီဘိတ္ေဆြးေႏြးမႈအစီအစဥ္မွာေတာ့ ဖက္ဒရယ္ဒီမိုကရက္တစ္အင္အားစုမွ ကိုျမေအး၊သမိုင္းပါေမာကၡ (ၿငိမ္း)ေဒါက္တာေက်ာ္ဝင္း၊ရဲရဲေတာက္ဂ်ာနယ္ အယ္ဒီတာခ်ဳပ္ အမတ္ဒိန္ႏွင့္စာေရးဆရာမ မမြန္မြန္ျမတ္တို႔က အဓိကပါဝင္ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ဇြန္ ၁၅
ဓါတ္ပုံ - ဒီဗြီဘီ ဒီဘိတ္