အမြန်လမ်းတွင် ကားမောင်းသူ အိပ်ငိုက်ကာ လမ်းလယ်တုံးဝင်တိုက်သဖြင့် ကားပေါ်ပါသူ ၄ ဦး ဒဏ်ရာရ

အမြန်လမ်းတွင် ကားမောင်းသူ အိပ်ငိုက်ကာ လမ်းလယ်တုံးဝင်တိုက်သဖြင့် ကားပေါ်ပါသူ ၄ ဦး ဒဏ်ရာရ

ေနပြည်တော်-မန္တလေး အမြန်လမ်းတွင် ယနေ့ နံနက်အစောပိုင်းက ကိုယ်ပိုင်ယာဉ်တစ်စီး တိမ်းမှောက်သဖြင့် ကားပေါ်ပါသူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖြစ်စဉ်မှာ ဇွန် ၁၅ ရက်၊ နံနက် ၅ နာရီခွဲချိန်ခန့်က 7C/----Elgarnd အဖြူရောင်ယာဉ်ကို မောင်းနှင်လာသည့် မှော်ဘီမြို့နေ ယာဉ်မောင်း ကိုအောင်ချစ်သူ (၃၁) နှစ်သည် ယာဉ်မောင်းနှင်နေစဉ် အိပ်ငိုက်ကာ နေပြည်တော်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် 329/3-329/4  အကြားတွင် လမ်းလယ်ရှိ ဘာရီယာတုံးများကို  ဝင်တိုက်မိခဲ့ပါတယ်။

ထိုသို့ တိုက်မိသဖြင့် ကားဝဲဘက်ဘီး ကျွတ်ထွက်ကာ ယာဉ်တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ ယာဉ်မောင်း အပါအဝင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၎င်းတို့ကို  အမြန်လမ်းမကြီးရဲတပ်ဖွဲ့ စကားအင်းစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူအဖွဲ့များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

KZ
နေပြည်တော်၊ ဇွန် - ၁၅

( Zawgyi )

ေနျပည္ေတာ္-မႏၲေလး အျမန္လမ္းတြင္ ယေန႔ နံနက္အေစာပိုင္းက ကိုယ္ပိုင္ယာဥ္တစ္စီး တိမ္းေမွာက္သျဖင့္ ကားေပၚပါသူ ၄ ဦး ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕မႉး႐ုံးက ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ျဖစ္စဥ္မွာ ဇြန္ ၁၅ ရက္၊ နံနက္ ၅ နာရီခြဲခ်ိန္ခန႔္က 7C/----Elgarnd အျဖဴေရာင္ယာဥ္ကို ေမာင္းႏွင္လာသည့္ ေမွာ္ဘီၿမိဳ႕ေန ယာဥ္ေမာင္း ကိုေအာင္ခ်စ္သူ (၃၁) ႏွစ္သည္ ယာဥ္ေမာင္းႏွင္ေနစဥ္ အိပ္ငိုက္ကာ ေနျပည္ေတာ္-မႏၲေလး အျမန္လမ္း မိုင္တိုင္အမွတ္ 329/3-329/4  အၾကားတြင္ လမ္းလယ္ရွိ ဘာရီယာတုံးမ်ားကို  ဝင္တိုက္မိခဲ့ပါတယ္။

ထိုသို႔ တိုက္မိသျဖင့္ ကားဝဲဘက္ဘီး ကြၽတ္ထြက္ကာ ယာဥ္တိမ္းေမွာက္ခဲ့ၿပီး ယာဥ္ေပၚပါ ယာဥ္ေမာင္း အပါအဝင္ အမ်ိဳးသားႏွစ္ဦးႏွင့္ အမ်ိဳးသမီးႏွစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ၿပီး ၎တို႔ကို  အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕ စကားအင္းစခန္းမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ အေထာက္အကူအဖြဲ႕မ်ား ကူညီေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရပါတယ္။

KZ
ေနျပည္ေတာ္၊ ဇြန္ - ၁၅