အသက် ၉ နှစ် အရွယ်ကျောင်းသူ ကလေးငယ်အား အသက် ၂၇ နှစ်အရွယ်ကျဘမ်းလုပ်သားက ဖျားယောင်းခေါ်ဆောင် အဓမ္မပြုကျင့်ရန်ကြံစည်မှု မန္တလေးတွင်ဖြစ်ပွား

အသက် ၉ နှစ် အရွယ်ကျောင်းသူ ကလေးငယ် အား အသက် ၂၇ နှစ်အရွယ်ကျဘမ်းလုပ်သားက ဖျားယောင်းခေါ်ဆောင် အဓမ္မပြုကျင့်ရန်ကြံစည်မှု မန္တလေးတွင်ဖြစ်ပွား

မန္တလေး အမရပူရမြို့နယ်မှာ အသက် ၉ နှစ်အရွယ်ကျောင်းသူလေးတစ်ဦးကို အသက် ၂၇ နှစ်အရွယ်ကျဘမ်းလုပ်သားက ဖျားယောင်းခေါ်ဆောင်ပြီးအဓမ္မပြု ကျင့်ဖို့ကြံစည်ခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အမရပူရမြို့နယ် ..............ကျေးရွာအုပ်စု ..........ကျေးရွာ မူလတန်းကျောင်းမှာကျောင်းတက်နေတဲ့ အသက် ၉ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူ မ.......ဆိုသူကို အဆိုပါ ကျဘမ်း လုပ်သားအောင်အောင်ဆိုသူက ကျောင်းဆင်းချိန်ကျောင်းမှာသွားစောင့်ပြီး ဆိုင်ကယ်နဲ့ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်တဲ့ဖြစ်စဉ်ဖြစ်ပွား ခဲ့တာပါ။

ဒီဖြစ်စဉ်မှာ မိန်းကလေးငယ်ဟာ အဓမ္မပြုကျင့်ခံရတယ်မခံရဘူးနဲ့ပတ်သက်လို့တော့ ဆေးရုံမှာ ဆေးစစ်မှုတွေဆောင်ရွက်နေပြီး ကြံစည်သူအောင်အောင်ကို တော့ နယ်မြေအပိုင်ရဲစခန်းက ဖမ်းဆီး အမှုဖွင့်စစ်ဆေးနေတယ်လို့ တာဝန်ရှိသူတစ်ဦးက Opinion Leaders Media ကိုပြောပါတယ်။

 ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ဇူလိုင်လ ၁ ရက်နေ့က အောင်အောင်ဟာ မ.........ကျောင်းဆင်းချိန်မှာ ၎င်းအား ဆိုင်ကယ်နဲ့ မဟာအောင်မြေမြို့နယ် ၂၂ လမ်းဘက်ခေါ် ဆောင်သွားကြောင်း၊ အောင်အောင်ဟာ ၎င်းရဲ့မွေးစား ဖခင်ဖြစ်သူဆီကနေ ငွေကျပ်နှစ်သောင်းတောင်းဖို့လမ်းဘေးမှာ ည ၈ နာရီအချိန်အထိစောင့်ခဲ့ကြောင်း၊ အဲဒီနောက်ပိုင်းမှာတော့ ၂၂ လမ်းပေါ်က ပိတ်ထားတဲ့လမ်းဘေးထမင်းဆိုင်မှာ ညအိပ်ခဲ့ကြောင်း၊ အောင်အောင် ဟာ မ.........ကို သားမယားအဖြစ်ပြုကျင့်ဖို့ ကြံစည်ခဲ့ကြောင်း၊ မ........က အိမ်ပြန်ပို့ပေးဖို့ပြောတဲ့အခါမှာ ဆိုင်ကယ် ကလည်းဆီမရှိ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေလည်း အနားမှာရှိနေလို့ မနက်မှပို့ပေးမယ်လို့ ပြောခဲ့ ကြောင်း၊ ယမန်နေ့နေ့လယ် ၃ နာရီခွဲအချိန်ခန့်မှာတော့ အောင်အောင်က မ.......ကို နေအိမ်ပြန်ပို့စဉ် အမရပူရမြို့နယ် ရှမ်းကလေးကျွန်းကျေးရွာကား လမ်းပေါ်မှာ မ.......အားရှာဖွေသူ(ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိ သူတွေ အပါအဝင် မြို့နယ်အမျိုးသမီးရေးရာတာဝန်ရှိသူ)တွေနဲ့တွေ့ကြောင်း၊ တာဝန်ရှိသူတွေ က အောင်အောင်အား အမရပူရမြို့နယ် ရဲစခန်းဆီလာရောက်ပို့ဆောင်ခဲ့တာဖြစ်ကြောင်း ရဲစခန်းမှတ်တမ်း အရသိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ မ........အား မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဆီပို့ဆောင်ပြီး ဆေးစစ်မှု တွေလုပ်နေပြီး အောင်အောင်ကိုတော့ အမရပူရမြို့နယ် ရဲစခန်းက (ပ)၄၈၁/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၅၁၁ နဲ့ လတ်တလောအမှုဖွင့်ဆောင်ရွက်ထားတယ်လို့သိရပါတယ်။

KT
မန္တလေး ၊ ဇူလိုင် ၃

(  Zawgyi  )

မႏၲေလး အမရပူရၿမိဳ႕နယ္မွာ အသက္ ၉ ႏွစ္အ႐ြယ္ေက်ာင္းသူေလးတစ္ဦးကို အသက္ ၂၇ ႏွစ္အ႐ြယ္က်ဘမ္းလုပ္သားက ဖ်ားေယာင္းေခၚေဆာင္ၿပီးအဓမၼျပဳ က်င့္ဖို႔ႀကံစည္ခဲ့တဲ့ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ပါတယ္။ အမရပူရၿမိဳ႕နယ္ ..............ေက်း႐ြာအုပ္စု ..........ေက်း႐ြာ မူလတန္းေက်ာင္းမွာေက်ာင္းတက္ေနတဲ့ အသက္ ၉ ႏွစ္အ႐ြယ္ စတုတၳတန္းေက်ာင္းသူ မ.......ဆိုသူကို အဆိုပါ က်ဘမ္း လုပ္သားေအာင္ေအာင္ဆိုသူက ေက်ာင္းဆင္းခ်ိန္ေက်ာင္းမွာသြားေစာင့္ၿပီး ဆိုင္ကယ္နဲ႔ေခၚေဆာင္သြားၿပီး အဓမၼျပဳက်င့္ဖို႔ ႀကံစည္တဲ့ျဖစ္စဥ္ျဖစ္ပြား ခဲ့တာပါ။

ဒီျဖစ္စဥ္မွာ မိန္းကေလးငယ္ဟာ အဓမၼျပဳက်င့္ခံရတယ္မခံရဘူးနဲ႔ပတ္သက္လို႔ေတာ့ ေဆး႐ုံမွာ ေဆးစစ္မႈေတြေဆာင္႐ြက္ေနၿပီး ႀကံစည္သူေအာင္ေအာင္ကို ေတာ့ နယ္ေျမအပိုင္ရဲစခန္းက ဖမ္းဆီး အမႈဖြင့္စစ္ေဆးေနတယ္လို႔ တာဝန္ရွိသူတစ္ဦးက Opinion Leaders Media ကိုေျပာပါတယ္။

 ျဖစ္စဥ္မွာ ၿပီးခဲ့တဲ့ဇူလိုင္လ ၁ ရက္ေန႔က ေအာင္ေအာင္ဟာ မ.........ေက်ာင္းဆင္းခ်ိန္မွာ ၎အား ဆိုင္ကယ္နဲ႔ မဟာေအာင္ေျမၿမိဳ႕နယ္ ၂၂ လမ္းဘက္ေခၚ ေဆာင္သြားေၾကာင္း၊ ေအာင္ေအာင္ဟာ ၎ရဲ႕ေမြးစား ဖခင္ျဖစ္သူဆီကေန ေငြက်ပ္ႏွစ္ေသာင္းေတာင္းဖို႔လမ္းေဘးမွာ ည ၈ နာရီအခ်ိန္အထိေစာင့္ခဲ့ေၾကာင္း၊ အဲဒီေနာက္ပိုင္းမွာေတာ့ ၂၂ လမ္းေပၚက ပိတ္ထားတဲ့ လမ္းေဘး ထမင္းဆိုင္မွာ ညအိပ္ခဲ့ေၾကာင္း၊ ေအာင္ေအာင္ ဟာ မ.........ကို သားမယားအျဖစ္ျပဳက်င့္ဖို႔ ႀကံစည္ခဲ့ေၾကာင္း၊ မ........က အိမ္ျပန္ပို႔ေပးဖို႔ေျပာတဲ့အခါမွာ ဆိုင္ကယ္ ကလည္းဆီမရွိ လုံၿခဳံေရး ရဲတပ္ဖြဲ႕ဝင္ေတြလည္း အနားမွာရွိေနလို႔ မနက္မွပို႔ေပးမယ္လို႔ ေျပာခဲ့ ေၾကာင္း၊ ယမန္ေန႔ေန႔လယ္ ၃ နာရီခြဲအခ်ိန္ခန႔္မွာေတာ့ ေအာင္ေအာင္က မ.......ကို ေနအိမ္ျပန္ပို႔စဥ္ အမရပူရၿမိဳ႕နယ္ ရွမ္းကေလးကြၽန္းေက်း႐ြာကား လမ္းေပၚမွာ မ.......အားရွာေဖြသူ(ရပ္ကြက္အုပ္ခ်ဳပ္ေရး တာဝန္ရွိ သူေတြ အပါအဝင္ ၿမိဳ႕နယ္အမ်ိဳးသမီးေရးရာတာဝန္ရွိသူ)ေတြနဲ႔ေတြ႕ေၾကာင္း၊ တာဝန္ရွိသူေတြ က ေအာင္ေအာင္အား အမရပူရၿမိဳ႕နယ္ ရဲစခန္းဆီလာေရာက္ပို႔ေဆာင္ခဲ့တာျဖစ္ေၾကာင္း ရဲစခန္းမွတ္တမ္း အရသိရပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္လို႔ မ........အား မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီးဆီပို႔ေဆာင္ၿပီး ေဆးစစ္မႈ ေတြလုပ္ေနၿပီး ေအာင္ေအာင္ကိုေတာ့ အမရပူရၿမိဳ႕နယ္ ရဲစခန္းက (ပ)၄၈၁/၂၀၁၉ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆/၅၁၁ နဲ႔ လတ္တေလာအမႈဖြင့္ေဆာင္႐ြက္ထားတယ္လို႔သိရပါတယ္။

KT
မႏၲေလး ၊ ဇူလိုင္ ၃