အိန္ဒိယ-မြန်မာလစဉ် ကုန်သွယ်မှု ကန်ဒေါ်လာ သန်းတစ်ရာဝန်းကျင်သာ ရှိ

အိန္ဒိယ-မြန်မာလစဉ် ကုန်သွယ်မှု ကန်ဒေါ်လာ သန်းတစ်ရာဝန်းကျင်သာ ရှိ

ယခုဘဏ္ဍာနှစ်အတွင်း အိန္ဒိယနှင့် မြန်မာကြား လစဉ် ကုန်သွယ်မှုမှာ ကန်ဒေါ်လာ သန်း၁၀၀ ဝန်းကျင် ရှိပြီး ထိုပျမ်းမျှပမာဏမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်နှင့် ကာလတိုဘတ်ဂျက်ကာလ ပျမ်းမျှ ကုန်သွယ်မှုပမာဏထက် လျော့ကျနေတယ်လို့ ကုန်သွယ်ရေးဦးစီးဌာနကထုတ်ပြန်သည့် စာရင်းအချက်အလက်များအရသိရပါတယ်။

ဇွန်လအတွင်းထုတ်ပြန်သည့် ကုန်သွယ်ရေးဦးစီးဌာန စာရင်းအချက်အလက်များအရ ဧပြီလအတွင်း မြန်မာနှင့် အိန္ဒိယကြား ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၉၅ ဒသမ ၆၂ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် ကန်ဒေါ်လာ   ၃၃ ဒသမ ၇၅၇ သန်းနှင့် အိန္ဒိယဘက်မှ ပြန်သွင်းသည့် သွင်းကုန် ကန်ဒေါ်လာ ၆၁  ဒသမ ၈၆၃ သန်းရှိ ကြောင်း သိရပါတယ်။

“ အခုဖောက်နေတဲ့ ကုလားတန် တံတားပြီးရင် ပိုကောင်းလာမယ်လို့ မှန်းပေမယ့် လက်ရှိမှာက အကျ ဘက်ရောက်နေတယ်။ ပဲတွေဘာတွေ ပြန်ဆွဲပေမယ့် ကိုယ်တာစနစ်ဆိုတော့ မလွယ်ဘူး။ ကုန်ပို့ရတာက သိတဲ့ အတိုင်းဘဲ။လမ်းလုံခြုံရေးမကောင်းတော့ ကုန်တွက်ခြေမကိုက်ဘူး။ ဒီအချိန်မှာက သိပ်ပြီး ကုန်ရောင်း ကုန် သွယ်က မကောင်းဘူး။ဆေးတို့ဘာတို့ ဒေသထွက်ကုန်တွေတင်ပို့ရတာတွေတော့ရှိတယ်” လို့  ကုန်တင်ပို့သူတစ်ဦးက ဆိုပါတယ်။

ငါး နှစ်တာကာလအတွင်း အိန္ဒိယ-မြန်မာကြားကုန်သွယ်မှုမှာ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ၁၆၃၆ဒသမ၉၃၁သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၁၃၄၀ဒသမ ၅၈၁သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၁၇၁၁ဒသမ၅၁၈သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၁၉၄၃ဒသမ ၁၆၄သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၄၆၈ ဒသမ ၁၉၅သန်း၊ ၂၀၁၈ ကာလတိုဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၈၀၀ ဒသမ ၄၃၇ သန်းအ သီးသီးကုန်သွယ်ခဲ့ကြောင်းသိရပါတယ်။    

PWA
Photo Credit:Deccan Herald
ဇွန် ၂၈

(  Zawgyi  )

 ယခုဘ႑ာႏွစ္အတြင္း အိႏၵိယႏွင့္ ျမန္မာၾကား လစဥ္ ကုန္သြယ္မႈမွာ ကန္ေဒၚလာ သန္း၁၀၀ ဝန္းက်င္ ရွိၿပီး ထိုပ်မ္းမွ်ပမာဏမွာ ၿပီးခဲ့သည့္ ဘ႑ာႏွစ္ႏွင့္ ကာလတိုဘတ္ဂ်က္ကာလ ပ်မ္းမွ် ကုန္သြယ္မႈပမာဏထက္ ေလ်ာ့က်ေနတယ္လို႔ ကုန္သြယ္ေရးဦးစီးဌာနကထုတ္ျပန္သည့္ စာရင္းအခ်က္အလက္မ်ားအရသိရပါတယ္။

ဇြန္လအတြင္းထုတ္ျပန္သည့္ ကုန္သြယ္ေရးဦးစီးဌာန စာရင္းအခ်က္အလက္မ်ားအရ ဧၿပီလအတြင္း ျမန္မာႏွင့္ အိႏၵိယၾကား ကုန္သြယ္မႈမွာ ကန္ေဒၚလာ ၉၅ ဒသမ ၆၂ သန္းရွိၿပီး ျမန္မာဘက္မွ ပို႔ကုန္ ကန္ေဒၚလာ   ၃၃ ဒသမ ၇၅၇ သန္းႏွင့္ အိႏၵိယဘက္မွ ျပန္သြင္းသည့္ သြင္းကုန္ ကန္ေဒၚလာ ၆၁  ဒသမ ၈၆၃ သန္းရွိ ေၾကာင္း သိရပါတယ္။

“ အခုေဖာက္ေနတဲ့ ကုလားတန္ တံတားၿပီးရင္ ပိုေကာင္းလာမယ္လို႔ မွန္းေပမယ့္ လက္ရွိမွာက အက် ဘက္ေရာက္ေနတယ္။ ပဲေတြဘာေတြ ျပန္ဆြဲေပမယ့္ ကိုယ္တာစနစ္ဆိုေတာ့ မလြယ္ဘူး။ ကုန္ပို႔ရတာက သိတဲ့ အတိုင္းဘဲ။လမ္းလုံၿခဳံေရးမေကာင္းေတာ့ ကုန္တြက္ေျခမကိုက္ဘူး။ ဒီအခ်ိန္မွာက သိပ္ၿပီး ကုန္ေရာင္း ကုန္ သြယ္က မေကာင္းဘူး။ေဆးတို႔ဘာတို႔ ေဒသထြက္ကုန္ေတြတင္ပို႔ရတာေတြေတာ့ရွိတယ္” လို႔  ကုန္တင္ပို႔သူတစ္ဦးက ဆိုပါတယ္။

ငါး ႏွစ္တာကာလအတြင္း အိႏၵိယ-ျမန္မာၾကားကုန္သြယ္မႈမွာ ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ၁၆၃၆ဒသမ၉၃၁သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ၁၃၄၀ဒသမ ၅၈၁သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ၁၇၁၁ဒသမ၅၁၈သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ၁၉၄၃ဒသမ ၁၆၄သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၁၄၆၈ ဒသမ ၁၉၅သန္း၊ ၂၀၁၈ ကာလတိုဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၈၀၀ ဒသမ ၄၃၇ သန္းအ သီးသီးကုန္သြယ္ခဲ့ေၾကာင္းသိရပါတယ္။    

PWA
Photo Credit:Deccan Herald
ဇြန္ ၂၈