အိုင်ဗရီကို့စ်မှာ ဖျက်ဆီးလိုက်တဲ့ ဆန်တွေအတွက်ဆန်စပါးအသင်း က အခြေအနေစုံစမ်းနေဆဲဟုဆို

  အိုင်ဗရီကို့စ်မှာ ဖျက်ဆီးလိုက်တဲ့ ဆန်တွေအတွက်ဆန်စပါးအသင်း က အခြေအနေစုံစမ်းနေဆဲဟုဆို

အိုင်ဗရီကို့စ်နိုင်ငံမှာ ယမန်နေ့က ဖျက်ဆီးခံလိုက်ရတဲ့ ဆန်တွေရဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အခြေအနေအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်ဟာ ဧပြီ ၁၇ ရက်ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံကနေ သင်္ဘောနဲ့ တင်ဆောင်လာတဲ့ ဆန်တန်ချိန် ၁၈၀၀၀ ကျော်ဟာ ကျန်းမာရေးနဲ့မညီလို့ စားသုံးဖို့မသင့်လျော်ဘူးဆိုကာ အိုင်ဗရီကို့စ်နိုင်ငံက တာဝန်ရှိသူတွေက ဖျက်ဆီးပစ်လိုက်တာ ဖြစ်ပါတယ်။ ထိုဖြစ်စဉ်နဲ့ပတ်သက်ပြီး အခြေအနေကို သတင်းထုတ်ပြန်ပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စုံစမ်းနေလျက်ရှိတယ်လို့လည်း အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ဆိုပါတယ်။ “လောလောဆယ် တော့ စုံစမ်းဆောင်ရွက်နေတယ်လို့ပဲ ပြောလို့ရပါသေးတယ်၊ စုံစမ်းနေကြဆဲ အခြေအနေ ဖြစ်တာကြောင့် ဘာမှတော့မှတ်ချက်ပေးပြီး ပြောလို့မရသေးပါဘူး”လို့ သူက ပြောပါတယ်။

ယခုကိစ္စမှာ ယေဘုယျအားဖြင့် အာဖရိကနိုင်ငံ လေးနိုင်ငံ အထိ ကုန်မချနိုင်ဘဲ လှည့်ပတ်နေရတဲ့အတွက် ကြာမြင့်စွာသိုလှောင်မှု long Storage ပြသနာပင် ဖြစ်နိုင်ကြောင်း၊ ဆန်ဝယ်တဲ့ Buyer တွေ အနေနဲ့ အဓိက တာဝန်ရှိတယ်လို့ ယေဘုယျ အားဖြင့် ယူဆထားကြောင်း၊ ဆန်ဝယ်သူ (buyer) တွေဟာ အဓိက ဝယ်ယူစားသုံးသူ (End buyer consumer) များ မဟုတ်ဘဲ ကြားခံ ကုန်သည် (Trader) များသာ ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ ဈေးကွက် တစ်ခုအတွက် ဝယ်ယူသွားကာ ကုန်ချမယ်ဆိုပါက ယခုလို ပြသနာမျိုးကို ရှောင်လွဲနိုင်မယ်လို့လည်း ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သုံးသပ်ဖော်ပြထားပါတယ်။ ထိုအာဖရိကဈေးကွက်ဟာ ပါကစ္စတန်၊ အိန္ဒိယ၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေက ဆန်တင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့အပြိုင် မြန်မာနိုင်ငံကလည်း ယှဉ်ပြိုင်တင်သွင်းနေရတာဖြစ်သလို ဈေးကွက်ယှဉ်ပြိုင်မှု အလွန်ပြင်းထန်တဲ့ ဒေသလည်းဖြစ်ပြီး ယခုဆန်တွေဟာ အနောက်အာဖရိက ဆိပ်ကမ်းတော်တော်များများက ငြင်းပယ်ထားတယ်လို့ ဆိုထားကြသလို ဂါနာ၊ ဂွီနီယာနဲ့ တွန်ဂို တို့က ငြင်းပယ်ထားတယ်လို့ သင်္ဘောမှတ်တမ်းမှာတွေ့ရတဲ့အပြင် နောက်ဆုံး အိုင်ဗရီကို့စ် ဆိပ်ကမ်းမှာ ကုန်ချဖို့ လုပ်ဆောင်တဲ့အခါ အရည်အသွေးကို စစ်ဆေးရာမှာတော့ ကုန်ပစ္စည်းအရည်အသွေးမပြည့်မီ (Unfit Nature of the goods)ဆိုတဲ့ အဖြေထွက် လာခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် မြန်မာ့ဆန် အရည်အသွေးစံချိန်စံညွှန်းကိစ္စ ကို နိုင်ငံတကာ အဆင့်မီစေရန် ကြိုးပမ်းဆောင်ရွက်နေ သလို ပြည်ပတင်ပို့သူ (Exporter)တွေနဲ့ သင်္ဘောမတင်မီ ကာလနဲ့ တင်နေစဉ်မှာ စစ်ဆေးရတဲ့ Third Party Inspection Agency များ အနေဖြင့်လည်း အရည်အသွေးပိုင်းကို ထိထိရောက်ရောက်နဲ့ တိတိကျကျ ဖြစ်အောင် နည်းလမ်းများရှာဖွေကာ စီမံဆောင်ရွက်သွားဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။ အာဖရိကမှာ ဆန်ဟာ အဓိကအစာဖြစ်တဲ့အတွက် တင်ပို့သူနိုင်ငံတွေအနေနဲ့ အာဖရိကဈေးကွက်ကို အရ ချိတ်ဆက်ဖို့ လိုအပ်နေပြီး မြန်မာဆန်တင်ပို့မှုမှာ အဝယ်ဘက်က ချိတ်ဆက်မှသာ တင်ပို့သူတွေက ဆန်နမူနာနဲ့ အရည်အသွေးစစ်ချက်တွေ ပေးပို့ရတာဖြစ်ကြောင်း၊ ပေးပို့တဲ့နမူနာကိုကြိုက်လို့ အမှာစာပို့မှ တင်ပို့ရေး လုပ်ကြတာဖြစ်ကြောင်း၊ ယခုဖြစ်စဉ်ဟာ သွေးရိုးသားရိုးမဟုတ်နိုင်ဘဲ အပြိုင်အဆိုင် ဈေးကွက်ချဲ့ထွင်ရေး လိုအပ်နေတဲ့ ဆန်တင်ပို့သူနိုင်ငံတွေနဲ့ ဆန်ကုန်သွဝ်ရေး လက်တံရှည်တဲ့ နိုင်ငံတွေ ကုန်သည်အသင်းတွေ ရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့လည်း ဆန်ကုန်သည်တွေက သုံးသပ်ထားကြပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဧပြီ ၁၈

(   Zawgyi  )

 အိုင္ဗရီကို႔စ္ႏိုင္ငံမွာ ယမန္ေန႔က ဖ်က္ဆီးခံလိုက္ရတဲ့ ဆန္ေတြရဲ႕ ျဖစ္စဥ္နဲ႔ပတ္သက္လို႔  ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္က အေျခအေနအေသးစိတ္ကို စုံစမ္းေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါျဖစ္စဥ္ဟာ ဧၿပီ ၁၇ ရက္ျဖစ္ခဲ့ၿပီး ျမန္မာႏိုင္ငံကေန သေဘၤာနဲ႔ တင္ေဆာင္လာတဲ့ ဆန္တန္ခ်ိန္ ၁၈၀၀၀ ေက်ာ္ဟာ က်န္းမာေရးနဲ႔မညီလို႔ စားသုံးဖို႔မသင့္ေလ်ာ္ဘူးဆိုကာ အိုင္ဗရီကို႔စ္ႏိုင္ငံက တာဝန္ရွိသူေတြက ဖ်က္ဆီးပစ္လိုက္တာ ျဖစ္ပါတယ္။ ထိုျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အေျခအေနကို သတင္းထုတ္ျပန္ေပးႏိုင္ဖို႔အတြက္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္က စုံစမ္းေနလ်က္ရွိတယ္လို႔လည္း အေထြေထြအတြင္းေရးမႉး ဦးရဲမင္းေအာင္က ဆိုပါတယ္။ “ေလာေလာဆယ္ ေတာ့ စုံစမ္းေဆာင္႐ြက္ေနတယ္လို႔ပဲ ေျပာလို႔ရပါေသးတယ္၊ စုံစမ္းေနၾကဆဲ အေျခအေန ျဖစ္တာေၾကာင့္ ဘာမွေတာ့မွတ္ခ်က္ေပးၿပီး ေျပာလို႔မရေသးပါဘူး”လို႔ သူက ေျပာပါတယ္။

ယခုကိစၥမွာ ေယဘုယ်အားျဖင့္ အာဖရိကႏိုင္ငံ ေလးႏိုင္ငံ အထိ ကုန္မခ်ႏိုင္ဘဲ လွည့္ပတ္ေနရတဲ့အတြက္ ၾကာျမင့္စြာသိုေလွာင္မႈ long Storage ျပသနာပင္ ျဖစ္ႏိုင္ေၾကာင္း၊ ဆန္ဝယ္တဲ့ Buyer ေတြ အေနနဲ႔ အဓိက တာဝန္ရွိတယ္လို႔ ေယဘုယ် အားျဖင့္ ယူဆထားေၾကာင္း၊ ဆန္ဝယ္သူ (buyer) ေတြဟာ အဓိက ဝယ္ယူစားသုံးသူ (End buyer consumer) မ်ား မဟုတ္ဘဲ ၾကားခံ ကုန္သည္ (Trader) မ်ားသာ ျဖစ္ၿပီး ႏိုင္ငံတစ္ႏိုင္ငံ ေဈးကြက္ တစ္ခုအတြက္ ဝယ္ယူသြားကာ ကုန္ခ်မယ္ဆိုပါက ယခုလို ျပသနာမ်ိဳးကို ေရွာင္လြဲႏိုင္မယ္လို႔လည္း ၎ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ သုံးသပ္ေဖာ္ျပထားပါတယ္။ ထိုအာဖရိကေဈးကြက္ဟာ ပါကစၥတန္၊ အိႏၵိယ၊ ဗီယက္နမ္ စတဲ့ ႏိုင္ငံေတြက ဆန္တင္သြင္းတဲ့ ကုမၸဏီေတြနဲ႔အၿပိဳင္ ျမန္မာႏိုင္ငံကလည္း ယွဥ္ၿပိဳင္တင္သြင္းေနရတာျဖစ္သလို ေဈးကြက္ယွဥ္ၿပိဳင္မႈ အလြန္ျပင္းထန္တဲ့ ေဒသလည္းျဖစ္ၿပီး ယခုဆန္ေတြဟာ အေနာက္အာဖရိက ဆိပ္ကမ္းေတာ္ေတာ္မ်ားမ်ားက ျငင္းပယ္ထားတယ္လို႔ ဆိုထားၾကသလို ဂါနာ၊ ဂြီနီယာနဲ႔ တြန္ဂို တို႔က ျငင္းပယ္ထားတယ္လို႔ သေဘၤာမွတ္တမ္းမွာေတြ႕ရတဲ့အျပင္ ေနာက္ဆုံး အိုင္ဗရီကို႔စ္ ဆိပ္ကမ္းမွာ ကုန္ခ်ဖို႔ လုပ္ေဆာင္တဲ့အခါ အရည္အေသြးကို စစ္ေဆးရာမွာေတာ့ ကုန္ပစၥည္းအရည္အေသြးမျပည့္မီ (Unfit Nature of the goods)ဆိုတဲ့ အေျဖထြက္ လာခဲ့တာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ျမန္မာ့ဆန္ အရည္အေသြးစံခ်ိန္စံၫႊန္းကိစၥ ကို ႏိုင္ငံတကာ အဆင့္မီေစရန္ ႀကိဳးပမ္းေဆာင္႐ြက္ေန သလို ျပည္ပတင္ပို႔သူ (Exporter)ေတြနဲ႔ သေဘၤာမတင္မီ ကာလနဲ႔ တင္ေနစဥ္မွာ စစ္ေဆးရတဲ့ Third Party Inspection Agency မ်ား အေနျဖင့္လည္း အရည္အေသြးပိုင္းကို ထိထိေရာက္ေရာက္နဲ႔ တိတိက်က် ျဖစ္ေအာင္ နည္းလမ္းမ်ားရွာေဖြကာ စီမံေဆာင္႐ြက္သြားဖို႔လည္း ရွိေနတယ္လို႔ သိရပါတယ္။ အာဖရိကမွာ ဆန္ဟာ အဓိကအစာျဖစ္တဲ့အတြက္ တင္ပို႔သူႏိုင္ငံေတြအေနနဲ႔ အာဖရိကေဈးကြက္ကို အရ ခ်ိတ္ဆက္ဖို႔ လိုအပ္ေနၿပီး ျမန္မာဆန္တင္ပို႔မႈမွာ အဝယ္ဘက္က ခ်ိတ္ဆက္မွသာ တင္ပို႔သူေတြက ဆန္နမူနာနဲ႔ အရည္အေသြးစစ္ခ်က္ေတြ ေပးပို႔ရတာျဖစ္ေၾကာင္း၊ ေပးပို႔တဲ့နမူနာကိုႀကိဳက္လို႔ အမွာစာပို႔မွ တင္ပို႔ေရး လုပ္ၾကတာျဖစ္ေၾကာင္း၊ ယခုျဖစ္စဥ္ဟာ ေသြး႐ိုးသား႐ိုးမဟုတ္ႏိုင္ဘဲ အၿပိဳင္အဆိုင္ ေဈးကြက္ခ်ဲ႕ထြင္ေရး လိုအပ္ေနတဲ့ ဆန္တင္ပို႔သူႏိုင္ငံေတြနဲ႔ ဆန္ကုန္သြဝ္ေရး လက္တံရွည္တဲ့ ႏိုင္ငံေတြ ကုန္သည္အသင္းေတြ ရဲ႕ လက္ခ်က္ျဖစ္ႏိုင္တယ္လို႔လည္း ဆန္ကုန္သည္ေတြက သုံးသပ္ထားၾကပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဧၿပီ ၁၈