ဦးဝီရသူအမှု အနောက်ပိုင်းခရိုင် တရားရုံးတွင်စ တင်စစ်ဆေး၊ သက်သေ ၃ ဦး လာရောက်ထွက်ဆို

ဦးဝီရသူအမှု အနောက်ပိုင်းခရိုင် တရားရုံးတွင်စ တင်စစ်ဆေး၊ သက်သေ ၃ ဦး လာရောက်ထွက်ဆို

နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရတဲ့ ဦးဝီရသူ အမှုကို ယနေ့ ဇွန်လ ၂၅ ရက်နေ့က အနောက်ပိုင်းခရိုင်တရားရုံးမှာ စတင်စစ်ဆေးခဲ့ပြီး၊ သက်သေ ၃ ဦး လာရောက်ထွက်ဆိုခဲ့တယ်လို့ သိရှိရပါတယ်။

အနောက်ပိုင်းခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးမင်းသန်းဦး က "ဒီနေ့ရုံးချိန်းမှာ သက်သေ ၃ ယောက် စစ်ပါတယ်။ဒုရဲအုပ်သီဟလှိုင် ကျောက်တံတားရုံးက နယ်ထိန်းအရာရှိပေါ့။ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အထက်တန်းစာရေး ဦးဝေမင်းဖြိုး၊ စည်ပင်သာယာရဲတပ်ဖွဲ့ ရဲအုပ်ဇော်နိုင်အောင် အဲ့ ၃ ဦးကို ကျွန်တော်တို့ စစ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

လာရောက်ထွက်ဆိုသူများက အသံမပါသော CCTV ဗီဒီယိုဖိုင်နဲ့ ဓာတ်ပုံ ၆ ပုံ သက်သေခံတင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါအမှုကို ဇူလိုင်လ ၂ ရက်နေ့တွင် ထပ်မံစစ်ဆေးမည်ဖြစ်ပြီး သက်သေ ၃ ဦး လာရောက်ထွက်ဆိုရန် ချိန်းဆိုထားတယ်လို့ သိရှိရပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇွန် - ၂၅

( Zawgyi )

ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈျဖင့္ တရားစြဲဆိုခံထားရတဲ့ ဦးဝီရသူ အမႈကို ယေန႔ ဇြန္လ ၂၅ ရက္ေန႔က အေနာက္ပိုင္းခ႐ိုင္တရား႐ုံးမွာ စတင္စစ္ေဆးခဲ့ၿပီး၊ သက္ေသ ၃ ဦး လာေရာက္ထြက္ဆိုခဲ့တယ္လို႔ သိရွိရပါတယ္။

အေနာက္ပိုင္းခ႐ိုင္တရား႐ုံး ျပန္ၾကားေရးအရာရွိ ဒုတိယခ႐ိုင္တရားသူႀကီး ဦးမင္းသန္းဦး က "ဒီေန႔႐ုံးခ်ိန္းမွာ သက္ေသ ၃ ေယာက္ စစ္ပါတယ္။ဒုရဲအုပ္သီဟလႈိင္ ေက်ာက္တံတား႐ုံးက နယ္ထိန္းအရာရွိေပါ့။ေက်ာက္တံတားၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက အထက္တန္းစာေရး ဦးေဝမင္းၿဖိဳး၊ စည္ပင္သာယာရဲတပ္ဖြဲ႕ ရဲအုပ္ေဇာ္ႏိုင္ေအာင္ အဲ့ ၃ ဦးကို ကြၽန္ေတာ္တို႔ စစ္ခဲ့ပါတယ္" လို႔ ဆိုပါတယ္။

လာေရာက္ထြက္ဆိုသူမ်ားက အသံမပါေသာ CCTV ဗီဒီယိုဖိုင္နဲ႔ ဓာတ္ပုံ ၆ ပုံ သက္ေသခံတင္ခဲ့တယ္လို႔ ဆိုပါတယ္။

အဆိုပါအမႈကို ဇူလိုင္လ ၂ ရက္ေန႔တြင္ ထပ္မံစစ္ေဆးမည္ျဖစ္ၿပီး သက္ေသ ၃ ဦး လာေရာက္ထြက္ဆိုရန္ ခ်ိန္းဆိုထားတယ္လို႔ သိရွိရပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဇြန္ - ၂၅