၁၉၉၉ မော်ဒယ်အထက် ဘတ်စ်များအပ်နှံခွင့်မပြုသေး လတ်တလော တင်ပြထားဆဲသာဖြစ်ဟုဆို

ခရီးသည်တင်ယာဉ်တွေထဲမှာ ၁၉၉၉ ခုနှစ်မော်ဒယ်အထက် ယာဉ်တွေကို အပ်နှံခွင့်မပြုသေးဘဲ လတ်တလော အခြေအနေမှာ တင်ပြထား ဆဲသာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရပါတယ်။

ပြည်တွင်းမှာ ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုစနစ်အရ နှစ် ၂၀ သက်တမ်းရှိတဲ့ ယာဉ်တွေကို အပ်နှံလက်ခံရာတွင် ယခု ၂၀၁၉ ခုနှစ်မှာတော့ ၁၉၉၉ ခုနှစ် သက်တမ်းရှိတဲ့ ယာဉ်တွေကိုအပ်နှံတာတွေ လက်ခံနေပေမယ့် သတ်မှတ်နှစ်ထက် အရှေ့တိုးကာလက်ခံတော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ “လောလောဆယ်တော့ တင်ပြထားတဲ့အဆင့်ပဲရှိနေပါတယ်၊ သတ်မှတ်နှစ်ထက် အရှေ့တိုးပြီး ခွင့်ပြုပေးဖို့အတွက် တင်ပြထားတုန်းပါ”လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရဲ့ တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က ရှင်းပြပါတယ်။

ပြည်တွင်းက ရန်ကုန်တိုင်းဒေသကြီးမှလွဲကာ အခြားသော ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ယာဉ်အို ယာဉ်ဟောင်း အစားထိုးအပ်နှံမှုကို လုပ်ဆောင်တဲ့အခါ အပ်နှံသောယာဉ်အမျိုးအစားပေါ်မူတည်ပြီး အမျိုးအစား တူ ယာဉ်ကိုသာ ပြန်လည်တင်သွင်းခွင့်ပေးပေမယ့် ရန်ကုန်တိုင်းဒေသကြီးထဲမှာတော့ ဘတ်စ်ယာဉ်ကြီးများ အပ်နှံပါက YRTA ရဲ့ ထောက်ခံမှုများဖြင့် လူစီးစလစ်ထုတ်ပေးတာကြောင့် အခြားသော ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေထက် ယာဉ်ပိုင်ရှင်တွေကို အခွင့်အရေးပေးထားတာ ဖြစ်ပါတယ်။ “ကျွန်တော် ကိုယ်တိုင်လည်း ယာဉ်ပိုင်ရှင် တစ်ယောက် ပါပဲ၊ တစ်ချို့ဆိုရင် အရင်က ၁၉၆၂ ကတည်းက မထသနဲ့အတူ ခရီးသည် သယ်ယူပို့ဆောင်ရေးမှာ ပါလာခဲ့တဲ့သူတွေပါ၊ ဒီလိုယာဉ်ပိုင်ရှင်တွေကို အခုခေတ်ကာလ ပြောင်းပြီး YBS စနစ်ပြောင်းတဲ့အခါ သူတို့ကိုလည်း အခွင့်အရေးပေးရပါတယ်၊ ဒါကြောင့်လည်း ဘတ်စ်ကား အပ်ပြီး တော့ လူစီးစလစ်ထုတ်ချင်တဲ့သူတွေ အတွက် ထုတ်နိုင်ဖို့ပါ၊ တစ်ချို့ကျတော့လည်း ဆက်မလုပ်ချင်တော့ဘူး ဆိုတဲ့ အခါကျတော့ အဲ့ဒီယာဉ်အို ယာဉ်ဟောင်းအပ်တဲ့ စလစ်ကလည်း ဈေးကွက်တစ်ရပ်ဖြစ်နေတဲ့အခါ ဒီအပေါ်မှာ အရင်းအနှီး တစ်စုံတစ်ရာ လုပ်ပြီးတော့ လုပ်ကိုင်နိုင်ဖို့ ဖန်တီးပေးတာမျိုးလည်း ဖြစ်ပါတယ်”လို့ သူက ရှင်းပြပါတယ်။

ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS ခရီးသည်တင်ယာဉ်လိုင်းတွေမှာ ယာဉ်အသစ်တွေကို အစားထိုးပေမယ့် တစ်ချို့သော ၂၀၀၃၊ ၂၀၀၄ ခုနှစ်ထုတ် မော်ဒယ် ယာဉ်တွေမှာ ယိုယွင်းပျက်စီးနေတာတွေရှိသလို အဲယားကွန်း မနိုင်တာတွေ၊ အဲယားကွန်းပျက်တာတွေလည်း ရှိနေ တာကြောင့် ကောင်းမွန်တဲ့ဝန်ဆောင်မှုရရှိစေရန် အဆိုပါ ယိုယွင်းပျက်စီးနေတဲ့ ယာဉ်တွေကို လက်ရှိအပ်နှံနေတဲ့ နှစ်ကာလထက် ရှေ့တိုးပြီး အပ်နှံလက်ခံကာ ယာဉ်အသစ်တွေနဲ့ အစားထိုးနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ယာဉ်အသစ်တွေကို အားဖြည့်သွား ဖို့ရှိနေသလို ယာဉ်အသစ်တွေရဲ့ ပြုပြင်ထိန်းသိမ်းမှုတွေအတွက်လည်း စနစ်တကျလုပ်ဆောင်နိုင်ဖို့ ညှိနှိုင်းဆွေးနွေးတာတွေကိုလည်း လုပ်ဆောင်နေလျက်ရှိပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဇူလိုင် ၁ 

(   Zawgyi   )