၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် ငါးလတာ ထိုင်း-မြန်မာကုန်သွယ်မှု ကန်ဒေါ်လာ နှစ်ဘီလျံကျော်ထိရှိ

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် ငါးလတာ ထိုင်း-မြန်မာကုန်သွယ်မှု ကန်ဒေါ်လာ နှစ်ဘီလျံကျော်ထိရှိ

ကုန်သွယ်ရေးဦးစီးဌာနကဧပြီလတတိယအပတ်အတွင်းထုတ်ပြန်သည့် စာရင်းအချက်အလက်များ အရ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သစ် ဖေဖေါ်ဝါရီ လကုန်အထိ ထိုင်းနှင့်မြန်မာကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာနှစ်ဘီလျံကျော်အထိရှိလာပြီး ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာသန်း ၄၀၀ နီးပါးဖြစ်ပေါ်ခဲ့ပါတယ်။

ဖေဖေါ်ဝါရီလအတွင်း ထိုင်းဘက်သို့ ပို့ကုန် ကန်ဒေါ်လာ ၂၄၈ ဒသမ ၁၅၈ သန်းနှင့် ထိုင်းဘက်မှ သွင်းကုန်ကန်ဒေါ်လာ ၁၅၆ ဒသမ ၂၅၅ သန်းဖိုးတင်သွင်းခဲ့ကြောင်းသိရပါတယ်။

“ ဒီဘက်နှစ်တွေမှာ ထိုင်းဘက်က ပြန်သွက်လာတယ်။ သတိထားမိတာ ၂၀၁၆ လောက်ကတည်း ကစတာ။ ဟိုဘက်မှာ ရှိတဲ့ စက်ရုံတွေက သူတို့မှာ ရှိတဲ့ ထုတ်လုပ်နိုင်တဲ့ ကုန်ကြမ်းအရေအတွက်ထက် ပိုနေတယ်။ သားငါးကအစပေါ့။ ပြီးတော့ ရာဘာ။ ပြောင်း။စတဲ့ သီးနှံတွေ ရာသီကုန်တွေ။ သစ်တော ထွက်ပစ္စည်းတွေ။ ဟိုဘက်မှာက မြန်မာလုပ်သားသန်းချီရှိတော့ ဒီဘက်က ရိုးရာအစားအစာတွေက အစ ပို့ရတယ်။ ဟိုဘက်က ပြန်ဝင်တာ ဆိုင်ကယ်တွေ၊ စက်ဆီချောဆီတွေ။ပြီးတော့ လူသုံးကုန်တွေပေါ့”လို့ တာချီလိတ်ဒေသခံ အရောင်းအဝယ်သမား ကို ဇော်လင်းထွန်းက ဆိုပါတယ်။

ထိုင်းနှင့်မြန်မာကြားပုံမှန်ကုန်သွယ်မှု ပမာဏမှာဖေဖေါ်ဝါရီလကုန်အထိ ထိုင်းဘက်သို့ ပို့ကုန် ကန်ဒေါ်လာ ၁၂၇၆ ဒသမ ၂၇၂ သန်းနှင့် ထိုင်းဘက်မှ သွင်းကုန်ကန်ဒေါ်လာ ၈၉၀ဒသမ ၁၂၃ သန်းဖိုးတင်သွင်းခဲ့ရာမှာ ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၃၈၆ ဒသမ ၁၄၉ သန်းဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။     

ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်းထိုင်း-မြန်မာကုန်သွယ်မှုမှာ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၆၆၆ ဒသမ ၄၈၄ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၅၇၁၁ ဒသမ ၁၉၀ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၄၈၆၆ဒသမ ၀၆၆ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၄၂၈၈ ဒသမ ၁၇၂ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၅၀၇၄ ဒသမ၇၀၇ သန်းထိကုန်သွယ် ခဲ့ကြောင်းသိရပါတယ်။

PWA
ရန်ကုန်၊ ဧပြီ ၂၃

(  Zawgyi  )

 ကုန္သြယ္ေရးဦးစီးဌာနကဧၿပီလတတိယအပတ္အတြင္းထုတ္ျပန္သည့္ စာရင္းအခ်က္အလက္မ်ား အရ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္သစ္ ေဖေဖၚဝါရီ လကုန္အထိ ထိုင္းႏွင့္ျမန္မာကုန္သြယ္မႈပမာဏမွာ အေမရိကန္ ေဒၚလာႏွစ္ဘီလ်ံေက်ာ္အထိရွိလာၿပီး ကုန္သြယ္ေရးပိုေငြ ကန္ေဒၚလာသန္း ၄၀၀ နီးပါးျဖစ္ေပၚခဲ့ပါတယ္။

ေဖေဖၚဝါရီလအတြင္း ထိုင္းဘက္သို႔ ပို႔ကုန္ ကန္ေဒၚလာ ၂၄၈ ဒသမ ၁၅၈ သန္းႏွင့္ ထိုင္းဘက္မွ သြင္းကုန္ကန္ေဒၚလာ ၁၅၆ ဒသမ ၂၅၅ သန္းဖိုးတင္သြင္းခဲ့ေၾကာင္းသိရပါတယ္။

“ ဒီဘက္ႏွစ္ေတြမွာ ထိုင္းဘက္က ျပန္သြက္လာတယ္။ သတိထားမိတာ ၂၀၁၆ ေလာက္ကတည္း ကစတာ။ ဟိုဘက္မွာ ရွိတဲ့ စက္႐ုံေတြက သူတို႔မွာ ရွိတဲ့ ထုတ္လုပ္ႏိုင္တဲ့ ကုန္ၾကမ္းအေရအတြက္ထက္ ပိုေနတယ္။ သားငါးကအစေပါ့။ ၿပီးေတာ့ ရာဘာ။ ေျပာင္း။စတဲ့ သီးႏွံေတြ ရာသီကုန္ေတြ။ သစ္ေတာ ထြက္ပစၥည္းေတြ။ ဟိုဘက္မွာက ျမန္မာလုပ္သားသန္းခ်ီရွိေတာ့ ဒီဘက္က ႐ိုးရာအစားအစာေတြက အစ ပို႔ရတယ္။ ဟိုဘက္က ျပန္ဝင္တာ ဆိုင္ကယ္ေတြ၊ စက္ဆီေခ်ာဆီေတြ။ၿပီးေတာ့ လူသုံးကုန္ေတြေပါ့”လို႔ တာခ်ီလိတ္ေဒသခံ အေရာင္းအဝယ္သမား ကို ေဇာ္လင္းထြန္းက ဆိုပါတယ္။

ထိုင္းႏွင့္ျမန္မာၾကားပုံမွန္ကုန္သြယ္မႈ ပမာဏမွာေဖေဖၚဝါရီလကုန္အထိ ထိုင္းဘက္သို႔ ပို႔ကုန္ ကန္ေဒၚလာ ၁၂၇၆ ဒသမ ၂၇၂ သန္းႏွင့္ ထိုင္းဘက္မွ သြင္းကုန္ကန္ေဒၚလာ ၈၉၀ဒသမ ၁၂၃ သန္းဖိုးတင္သြင္းခဲ့ရာမွာ ကုန္သြယ္ေရးပိုေငြ အေမရိကန္ေဒၚလာ ၃၈၆ ဒသမ ၁၄၉ သန္းျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။     

ၿပီးခဲ့သည့္ ၅ ႏွစ္တာကာလအတြင္းထိုင္း-ျမန္မာကုန္သြယ္မႈမွာ ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၅၆၆၆ ဒသမ ၄၈၄ သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ၅၇၁၁ ဒသမ ၁၉၀ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၄၈၆၆ဒသမ ၀၆၆ သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၄၂၈၈ ဒသမ ၁၇၂ သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၅၀၇၄ ဒသမ၇၀၇ သန္းထိကုန္သြယ္ ခဲ့ေၾကာင္းသိရပါတယ္။

PWA
ရန္ကုန္၊ ဧၿပီ ၂၃