၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇၃၀ ကျော်ရှိလာ

၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇၃၀ ကျော်ရှိလာ

ရန်ကုန်တိုင်းဒေသကြီးထဲမှာ ယခု ၂၀၁၉ ခုနှစ်ထဲ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ယခုအထိ ၇၃၄ ဦး ရှိလာပြီး သေဆုံးသူ ရှစ်ဦးရှိခဲ့သလို ရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်မယ့် အခြေအနေမျိုးရှိတယ်လို့ ခန့်မှန်းထား ကြတာကြောင့် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင်ကာ လုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။

“အရင်နှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ သိပ်မကွာဘူး၊ ဒါပေမဲ့ အခုကလည်း မိုးရာသီအစပဲရှိသေးတာ ကြောင့်လည်း ဖြစ်တဲ့အခါကျတော့ ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျအောင်တော့ မြို့နယ်အလိုက် ကွင်းဆင်းပြီး စီမံချက်ချကာ ဆောင်ရွက်နေပါတယ်”လို့  သွေးလွန်တုပ်ကွေးရောဂါ စီမံချက်ဆိုင်ရာ ဆရာဝန်ကြီးဖြစ်တဲ့ ဒေါက်တာ အေးမွန်မွန်ကျော်က ပြောပါတယ်။

သွေးလွန်တုပ်ကွေး ခြင်ကျားအမတစ်ကောင်ဟာ တစ်ပတ် ဆယ်ရက်လောက် ကာလအတွင်းမှာ လူပေါင်း ၁၀၀၀၀ လောက်အထိ ရောဂါပိုး ပြန့်ပွားစေတတ်တဲ့အတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းတွေကို ယခုလို အရှိန်အဟုန်တွေမြှင့်တင်ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။ “ရောဂါဖြစ်ရင် ဖြစ်တဲ့နေရာ တစ်ဝိုင်းကို ဆေးမှုတ်တာတွေ လုပ်ဆောင်ကြပါတယ်၊ ဒါဟာလည်း အဓိကကတော့ ရောဂါ ပိုး သယ်ဆောင်တဲ့ သက်ကြီးခြင်ကျားကောင်တွေကို သေအောင်လုပ်ဆောင်တာ ဖြစ်ပါတယ်၊ ရောဂါကာကွယ်ရေးအတွက် အဓိက ကျတာက ပိုးလောက်လန်းတွေ ပေါက်ပွားမှုမရှိအောင် လုပ်ဆောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်”လို့ သူက ဆက်လက် ရှင်းပြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲမှာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၄၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၆၀ ဦးရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်မှာတော့ ရောဂါဖြစ်ပွားသူ ၃၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၂၅ ဦးရှိခဲ့ကာ လျော့ကျခဲ့ကြောင်း၊ ယခု ၂၀၁၉ ခုနှစ် ထဲမှာတော့ ဇွန်လထဲအထိ ရောဂါဖြစ်ပွားသူ ၇၃၀ ကျော်ရှိခဲ့ပြီး  သေဆုံးသူ ရှစ်ဦး ရှိခဲ့ကာ ရောဂါဖြစ်ပွားမှုအခြေအနေ မြင့်တက်နိုင်တယ်လို့ ပညာရှင်တွေရဲ့ ခန့်မှန်းမှု တွေကြောင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကို အများပြည်သူတွေအနေနဲ့ ထိထိရောက်ရောက် ပူးပေါင်းပါဝင် ကာဆောင်ရွက် ကြဖို့ လိုအပ်တယ်လို့လည်း သိရပါတယ်။

 ဇွဲမာန်
 ရန်ကုန်၊ ဇွန် ၂၄

(  Zawgyi  )

 ရန္ကုန္တိုင္းေဒသႀကီးထဲမွာ ယခု ၂၀၁၉ ခုႏွစ္ထဲ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသူ ယခုအထိ ၇၃၄ ဦး ရွိလာၿပီး ေသဆုံးသူ ရွစ္ဦးရွိခဲ့သလို ေရာဂါျဖစ္ပြားမႈႏႈန္းျမင့္တက္မယ့္ အေျခအေနမ်ိဳးရွိတယ္လို႔ ခန႔္မွန္းထား ၾကတာေၾကာင့္ ေရာဂါကာကြယ္တားဆီးေရး လုပ္ငန္းေတြကို အရွိန္အဟုန္ျမႇင့္တင္ကာ လုပ္ေဆာင္ေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရပါတယ္။

“အရင္ႏွစ္နဲ႔ ႏႈိင္းယွဥ္ၾကည့္ရင္ေတာ့ သိပ္မကြာဘူး၊ ဒါေပမဲ့ အခုကလည္း မိုးရာသီအစပဲရွိေသးတာ ေၾကာင့္လည္း ျဖစ္တဲ့အခါက်ေတာ့ ေရာဂါျဖစ္ပြားမႈႏႈန္း ေလ်ာ့က်ေအာင္ေတာ့ ၿမိဳ႕နယ္အလိုက္ ကြင္းဆင္းၿပီး စီမံခ်က္ခ်ကာ ေဆာင္႐ြက္ေနပါတယ္”လို႔  ေသြးလြန္တုပ္ေကြးေရာဂါ စီမံခ်က္ဆိုင္ရာ ဆရာဝန္ႀကီးျဖစ္တဲ့ ေဒါက္တာ ေအးမြန္မြန္ေက်ာ္က ေျပာပါတယ္။

ေသြးလြန္တုပ္ေကြး ျခင္က်ားအမတစ္ေကာင္ဟာ တစ္ပတ္ ဆယ္ရက္ေလာက္ ကာလအတြင္းမွာ လူေပါင္း ၁၀၀၀၀ ေလာက္အထိ ေရာဂါပိုး ျပန႔္ပြားေစတတ္တဲ့အတြက္ ေရာဂါကာကြယ္တားဆီးေရး လုပ္ငန္းေတြကို ယခုလို အရွိန္အဟုန္ေတြျမႇင့္တင္ေဆာင္႐ြက္ေနတာျဖစ္တယ္လို႔ သိရပါတယ္။ “ေရာဂါျဖစ္ရင္ ျဖစ္တဲ့ေနရာ တစ္ဝိုင္းကို ေဆးမႈတ္တာေတြ လုပ္ေဆာင္ၾကပါတယ္၊ ဒါဟာလည္း အဓိကကေတာ့ ေရာဂါ ပိုး သယ္ေဆာင္တဲ့ သက္ႀကီးျခင္က်ားေကာင္ေတြကို ေသေအာင္လုပ္ေဆာင္တာ ျဖစ္ပါတယ္၊ ေရာဂါကာကြယ္ေရးအတြက္ အဓိက က်တာက ပိုးေလာက္လန္းေတြ ေပါက္ပြားမႈမရွိေအာင္ လုပ္ေဆာင္ႏိုင္ဖို႔ပဲ ျဖစ္ပါတယ္”လို႔ သူက ဆက္လက္ ရွင္းျပပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးထဲမွာ လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္က ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသူ ၇၄၀၀ ေက်ာ္ရွိခဲ့ၿပီး ေသဆုံးသူ ၆၀ ဦးရွိခဲ့ေၾကာင္း၊ ၂၀၁၈ ခုႏွစ္မွာေတာ့ ေရာဂါျဖစ္ပြားသူ ၃၀၀ ေက်ာ္ရွိခဲ့ၿပီး ေသဆုံးသူ ၂၅ ဦးရွိခဲ့ကာ ေလ်ာ့က်ခဲ့ေၾကာင္း၊ ယခု ၂၀၁၉ ခုႏွစ္ ထဲမွာေတာ့ ဇြန္လထဲအထိ ေရာဂါျဖစ္ပြားသူ ၇၃၀ ေက်ာ္ရွိခဲ့ၿပီး  ေသဆုံးသူ ရွစ္ဦး ရွိခဲ့ကာ ေရာဂါျဖစ္ပြားမႈအေျခအေန ျမင့္တက္ႏိုင္တယ္လို႔ ပညာရွင္ေတြရဲ႕ ခန႔္မွန္းမႈ ေတြေၾကာင့္ ေရာဂါကာကြယ္ႏွိမ္နင္းေရးလုပ္ငန္းေတြကို အမ်ားျပည္သူေတြအေနနဲ႔ ထိထိေရာက္ေရာက္ ပူးေပါင္းပါဝင္ ကာေဆာင္႐ြက္ ၾကဖို႔ လိုအပ္တယ္လို႔လည္း သိရပါတယ္။

 ဇြဲမာန္
 ရန္ကုန္၊ ဇြန္ ၂၄