【ပြည်တွင်း】“တိမ်လွှာထဲကစာပေ - ကျွန်ုပ်နဲ့ တရုတ်နိုင်ငံအကြောင်း” ကမ္ဘာလုံးဆိုင်ရာ စုဆောင်းမှုအစီအစဉ်မှာ ဝင်ရောက်ဆင်နွှဲဖို့ ဖိတ်ခေါ်

【ပြည်တွင်း】“တိမ်လွှာထဲကစာပေ - ကျွန်ုပ်နဲ့ တရုတ်နိုင်ငံအကြောင်း” ကမ္ဘာလုံးဆိုင်ရာ စုဆောင်းမှုအစီအစဉ်မှာ ဝင်ရောက်ဆင်နွှဲဖို့ ဖိတ်ခေါ် 

ကမ္ဘာလုံးဆိုင်ရာ စုဆောင်းမှုအစီအစဉ်တစ်ခုအဖြစ် တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ သင့်ရဲ့ လှပတဲ့မျှော်လင့်ချက်ကို ဖော်ပြနိုင်တဲ့  ‘ တိမ်လွှာထဲကစာပေ - ကျွန်ုပ်နဲ့ တရုတ်နိုင်ငံအကြောင်း’ ကမ္ဘာလုံး ဆိုင်ရာ စုဆောင်းမှု အစီအစဉ်မှာ ဝင်ရောက်ဆင်နွှဲဖို့  ဖိတ်ခေါ်တဲ့ အစီအစဉ်တစ်ခုကို China Media Group က ဖော်ပြခဲ့ပါတယ်။ 
အဆိုပါအစီအစဉ်မှာ တရုတ်နိုင်ငံသို့သွားရောက်ပြီး ခရီးထွက်ဖူးသူတွေ၊ တရုတ်မှာပညာသင်ယူဖူးသူတွေ၊ အလုပ်လုပ်ဖူးသူတွေ၊ နေထိုင်ဖူးသူတွေ တရုတ်ယဉ်ကျေးမှုအကြောင်း နက်နက်နဲနဲ လေ့လာသုတေသန ပြုဖူးသူတွေ ၊ ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတွေနဲ့ တရုတ်နိုင်ငံအကြား နက်ရှိုင်းတဲ့ဆက်သွယ်မှုရှိသူတွေအဖို့ ဆောင်းပါး၊ ဓာတ်ပုံ၊ ဗီဒီယိုတို၊ ပိုစတာဖန်တီးမှု ပုံစံတွေနဲ့ တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ လှပတဲ့မျှော်လင့်ချက်တွေ၊ အမှတ်တရတွေကို ပေးပို့နိုင်ကြောင်း သိရပါတယ်။ 
ဒီပေးပို့မှုမှာ တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေ စိတ်နှလုံးနွေးထွေးမှုဖြစ်စေခဲ့တဲ့၊ ပျော်ရွှင်စရာ ကောင်းတဲ့၊ စိတ်ခွန်အားတွေပေးစွမ်းတဲ့ အခိုက်အတန့်လေးတွေကို မှတ်တမ်းတင်ထားတဲ့ အနေနဲ့ ပေးပို့ဖော်ပြနိုင်ကြောင်းဆိုပါတယ်။ 
အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိတဲ့ တရုတ်နိုင်ငံက ကမ္ဘာကြီးအတွက် အခွင့်အလမ်းတွေ ယူဆောင်ပေးလာပြီး နိုင်ငံအသီးသီးမှပြည်သူတွေနဲ့အတူ ချစ်ကြည်ရေးပေါင်းကူးတံတားတွေ အဆက်မပြတ် တည်ဆောက်နေရာမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးများလာတဲ့ စီးပွားရေးကူးလူးဆက်ဆံမှုတွေနဲ့ ပြည်သူချင်း ကူးလူးဖလှယ်မှုတွေက တရုတ်နိုင်ငံနဲ့ ကမ္ဘာကြီး နီးကပ်စွာချိတ်ဆက်မှုရှိနေတဲ့ စိတ်လှုပ်ရှားဖွယ်အကြောင်းအရာတွေ အများအပြားကို ချန်ထားတဲ့ အစီအစဉ်အဖြစ် ဒါကို လုပ်ဆောင်တာလို့ သိရပါတယ်။
ဒီလိုပေးပို့တဲ့ စိတ်ဝင်စားဖွယ်ဇာတ်လမ်းတွေကို China Media Group ရဲ့ CCTV4 “China's Public Opinion Field” အစီအစဉ်မှာ ပြသခွင့်ရနိုင်မှာဖြစ်ပြီး ပေးပို့သူနဲ့ တရုတ်နိုင်ငံအကြား ဆုံဆည်းမှုရေစက်ကို အများပြည်သူရှေ့  ချပြနိုင်မှာဖြစ်ပါတယ်။ဒီအစီအစဉ်က ယခုချိန်ကစကာ ဩဂုတ်လကုန်အထိ ပေးပို့နိုင်မှာ ဖြစ်ပြီး အောက်ပါနည်းလမ်းနဲ့ ပေးပို့ရမှာဖြစ်တယ်လို့ သိရပါတယ်။
 
ပါဝင်ဆင်နွှဲနိုင်မည့်နည်းလမ်းများ 
 
၁။ အောက်ပါ QR ကုဒ်ကို စကမ်ဖတ်ပြီး “China's Public Opinion Field” ရဲ့ WeChat တရားဝင် အကောင့်ကို follow လုပ်ကာ  မက်ဆေ့ချ်ပို့ပေးရမှာဖြစ်ပါတယ်။ 
 
၂။ 【云中锦书】ကိုနှိပ်ပြီး စုဆောင်းမှုစာမျက်နှာထဲဝင်ရောက်ကာ မက်ဆေ့ချ်ကို ပို့ပေးနိုင်ပါတယ်၊
 
ဗီဒီယိုကျွမ်းကျင်သူဆိုပါက  ဗီဒီယိုကနေတစ်ဆင့် သင့်ရဲ့ စိတ်ဝင်စားဖွယ်ဇာတ်လမ်းတွေကို ကြည့်ရှုခံစားနိုင်စေဖို့ WeChat ရဲ့ Channels ဒါမှမဟုတ် TikTok (Douyin) အကောင့်ကနေ #我与中国的故事# tag တွဲပြီး ဗီဒီယိုလွှင့်တင်နိုင်ပါတယ်။ ဒါမှမဟုတ် ဗီဒီယိုကို [email protected] ဆီကိုလည်း ပို့ပေးနိုင်ကြောင်း သိရ ပါတယ်။