【 ပြည်တွင်း 】 ကော့ကရိတ်၊ မြဝတီနှင့် သင်္ဃန်းညီနောင်တို့တွင် တိုက်ပွဲပြင်းထန်နေ

【 ပြည်တွင်း 】 ကော့ကရိတ်၊ မြဝတီနှင့် သင်္ဃန်းညီနောင်တို့တွင် တိုက်ပွဲပြင်းထန်နေ

ရန်ကုန်၊ ဧပြီ - ၅

ကရင်ပြည်နယ်အတွင်းက ကော့ကရိတ်၊ မြဝတီနှင့် သင်္ဃန်းညီနောင်မြို့တို့တွင် ယနေ့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။

ဧပြီလ ၅ ရက် နံနက်ပိုင်းကစ၍ ကော့ကရိတ်မြို့၌ တိုက်ပွဲဖြစ်နေပြီး မြို့လယ်ရှိ အမှတ် (၉၇) ခြေလျင်တပ်ရင်းဌာနချုပ် ဗျူဟာကုန်းနှင့် ရဲစခန်းတို့အနီးမှာ တိုက်ပွဲပြင်းထန်နေကာ လေကြောင်းပစ်ခတ်မှုများနှင့်အတူ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းများအသုံးပြု တိုက်ခိုက်မှုများပါရှိနေတယ်လို့ ဆိုပါတယ်။
 
ထို့အတူ မြဝတီနှင့် သင်္ဃန်းညီနောင်တို့တွင်လည်း တိုက်ပွဲများပြင်းထန်နေပြီး လေကြောင်းပစ်ခတ်မှုများပါရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ်မြို့တွင် ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာ ၁ ရက်က စတင်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး လေးလတာ တိုက်ပွဲအတွင်းမှာ လူနေအိမ် မီးလောင်ပျက်စီးမှုများလည်းရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါတိုက်ပွဲဖြစ်ပွားနေသည့် နေရာအနီးတစ်ဝိုက်မှ ဒေသခံများဟာလည်း ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ဒေသခံတွေထံမှ သိရပါတယ်။

အောင်အောင်
Photo - CJ