【 ပြည်တွင်း 】 တစ်နှစ်အတွင်း ပုစွန်တန်ချိန် တစ်သောင်းနီးပါး တင်ပို့ခဲ့

【 ပြည်တွင်း 】 တစ်နှစ်အတွင်း ပုစွန်တန်ချိန် တစ်သောင်းနီးပါး တင်ပို့ခဲ့

ရန်ကုန်၊ ဧပြီ - ၂၅

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်အတွင်းမှာ ပြည်ပနိုင်ငံများသို့ ပုစွန်တန်ချိန် တစ်သောင်းနီးပါး တင်ပို့ခဲ့ရကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းကနေ ပုစွန် မက်ထရစ်တန်ချိန် ၉၁၀၀ ကျော် တင်ပို့ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ မက်ထရစ်တန်ချိန် ၈၄၀ ကျော် တင်ပို့ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပြည်ပသို့ ပုစွန်တန်ချိန် တစ်သောင်းနီးပါး တင်ပို့မှုကနေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈ သန်းကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံက ပုစွန်အပါအဝင် ရေထွက်ကုန်တွေကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စတဲ့ နိုင်ငံပေါင်း ၄၀ ကျော်ကို တင်ပို့နေခြင်းဖြစ်ပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ငါး၊ ပုစွန်၊ ကဏန်းအပါအဝင် ရေထွက်ကုန်အားလုံး တင်ပို့မှုကနေလည်း စုစုပေါင်း ကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိထားကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက် စာရင်းများအရ သိရပါတယ်။

မြန်မာ့ရေထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကပါ တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ထိုသို့တင်ပို့ရာတွင် တရုတ်၊ ထိုင်း၊ ဂျပန်နှင့် ဥရောပနိုင်ငံများအပါအဝင် တခြားသော ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ပါတယ်။

အောင်အောင်