【 ပြည်တွင်း 】 တရုတ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ထားတာကြောင့် နေလှည့်စေ့ ဈေးနှုန်းတွေ ကျဆင်းလာ

【 ပြည်တွင်း 】 တရုတ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ထားတာကြောင့် နေလှည့်စေ့ ဈေးနှုန်းတွေ ကျဆင်းလာ

မြစ်သား၊ မတ် - ၅

တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်နေတာကြောင့် ပြည်တွင်းမှာ နေလှည့်စေ့ ဈေး နှုန်းတွေ ကျဆင်းခဲ့ပြီး ဝယ်လိုအားလည်း သိသိသာသာကျဆင်းနေတယ်လို့ ပွဲရုံလုပ်ငန်းရှင်တွေက ပြောပါတယ်။

အင်ဂျင်ဝိုင်ထုတ်လုပ်ဖို့အတွက် တရုတ်နိုင်ငံက နေလှည့်စေ့တွေကို အဓိကထားဝယ်ယူလေ့ရှိပေမယ့် လက်ရှိအချိန်မှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်နေတာကြောင့် ဝယ်ယူမှုတွေနည်းပါးနေတာဖြစ်ပါတယ်။

“တစ်နှစ်မှ ဒီလိုဈေးကျတာမျိုးမဖြစ်ဖူးဘူး။အရင်က တွဲကားကြီးတွေနဲ့ တောက်လျှောက်ပို့နေရတာ။အခုကျ ကုန်သည်ကြီးတွေက ဝယ်လှောင်ထားတာမျိုးလောက်ပဲရှိတော့တာဆိုတော့ ဈေးကဆက်တိုက်ကျလာတာပေါ့” လို့ မြစ်သားမြို့နယ်ရှိ ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အလေ့ကျပေါက်ရောက်၍ နွေဦးရာသီကာလ၌ ထွက်ရှိလာသည့် နေလှည့်စေ့များအား ယခင်နှစ်များက တရုတ်နိုင်ငံမှ စျေးကောင်းပေး၍ ဝယ်ယူမှုများရှိခဲ့ရာ နေလှည့်စေ့များအား တရုတ်နိုင်ငံမှ စတင်ဝယ်ယူခဲ့သည်မှာ ဆယ်စုနှစ်တစ်စုအထိရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

အဆိုပါနေလှည့်ပင်များသည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကန်သင်းရိုးများပေါ် အလေ့ကျပေါက်ရောက် ရှင်သန်နေသည့်အပြင် ကုလားပဲခင်း၊ ကြက်သွန်ခင်း၊ မြေပဲခင်းများတွင် အများဆုံးရောနှောပေါက်ရောက်လေ့ရှိပြီး အထူးသဖြင့် ငရုတ်စိုက်ခင်းများအနီးတွင် ပိုမိုပေါက်ရောက်ဖြစ်ထွန်းလေ့ရှိကြောင်း သိရပါတယ်။

မန်းအောင်