【 ပြည်တွင်း 】 တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၅၂,၀၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ဟု ဆို

【 ပြည်တွင်း 】 တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၅၂,၀၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ဟု ဆို

ရန်ကုန်၊ မတ် - ၆

မြန်မာနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေသည့် တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၅၂,၀၀၀ ကျော်ကို ပြီးခဲ့တဲ့ ၅ လတာကာလအတွင်း ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သက်ဆိုင်ရာရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။

အခုနှစ် ဖေဖော်ဝါရီလ ၉ ရက်မှ မတ်လ ၅ ရက်အထိ တရုတ်နိုင်ငံသား ၁၉၆၉ ဦး၊ ဗီယက်နမ်နိုင်ငံသား ၃၈ ဦး၊ ထိုင်းနိုင်ငံသား ၉၃ ဦး ၊ အိန္ဒိယနိုင်ငံသား ၃၃ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၂၄ ဦးတို့အပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၂၂၀၁ ဦးကို ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။

ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်အထိ တရုတ်နိုင်ငံသား ၅၀,၇၇၂ ဦး အပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၅၂,၈၂၀ ဦးကို စိစစ်ဖော်ထုတ်၍ ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့  ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

အောင်အောင်
Photo - MOI