【 ပြည်တွင်း 】 တရုတ်နိုင်ငံသို့ မိချောင်းကွမ်းဖတ်များ တင်ပို့နေရ

【 ပြည်တွင်း 】 တရုတ်နိုင်ငံသို့ မိချောင်းကွမ်းဖတ်များ တင်ပို့နေရ

ရန်ကုန်၊ ဧပြီ - ၈

မြန်မာနိုင်ငံအတွင်းမှာ သဘာဝအလျောက် ပေါက်ရောက်လေ့ရှိတဲ့ မိချောင်းကွမ်းဖတ်များကို ပြည်တွင်းစျေးကွက်သာမက အိမ်နီးချင်း တရုတ်နိုင်ငံသို့ပါ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။

လက်ရှိစျေးကွက်အတွင်းမှာ မိချောင်းကွမ်းဖတ် တစ်ပိဿာလျှင် ကျပ် ၄၀၀၀ ကျော်ရှိပြီး ယခင်နှစ်ကထက် စျေးပိုရနေသလို ပြည်ပစျေးကွက်အဖြစ် တရုတ်နိုင်ငံသို့ပါ တင်ပို့နေရခြင်းဖြစ်တယ်လို့ စျေးကွက်အတွင်းမှ သိရပါတယ်။
 
မိချောင်းကွမ်းဖတ်မှာ ရာသီပေါ် သီးနှံတစ်ခုဖြစ်ကာ နှစ်စဉ် မတ်လမှ မေလအတွင်းသာ အရောင်းအဝယ်ဖြစ်ပြီး မိုးကျလျှင် မိချောင်းကွမ်းဖတ်ရာသီ ကုန်ဆုံးသွားကြောင်း သိရပါတယ်။

မိချောင်းကွမ်းဖတ်မှာ omega-3 ဓာတ်များ ပါဝင်သည့်အတွက် အလှကုန်လုပ်ငန်းနှင့် ဆေးဖော်စပ်ရာတွင် အသုံးပြုကြတယ်လို့ သိရပါတယ်။

မိချောင်းကွင်းဖတ်မှာ တစ်နှစ်ခံ ပင်ပျော့ငယ်တစ်မျိုးဖြစ်၍ မြန်မာနိုင်ငံအနှံ့ အပူပိုင်းဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းတို့တွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိပြီး ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ငပုတောမြို့နယ် အောက်ဖက်ရှိ ဟိုင်းကြီးကျွန်းနှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ငရုတ်ကောင်းမြို့နယ်ခွဲဝန်းကျင် ကျေးရွာများ၊ ပန်းတနော်၊ ကျောင်းကုန်းမြို့နယ်များရှိ ရေနက်ကွင်းများတွင် အလေ့ကျ ပေါက်ရောက်လျက်ရှိရာ ယခင်က အချို့မြို့နယ်များတွင် စီးပွားဖြစ် စိုက်ပျိုးရောင်းချသူများလည်းရှိကြောင်း သိရပါတယ်။

အောင်အောင်