【 ပြည်တွင်း 】 ပြည်ပအဝယ်ရှိနေခြင်းကြောင့် သကြားစျေးကွက် အရောင်းအဝယ်သွက်နေ

【 ပြည်တွင်း 】 ပြည်ပအဝယ်ရှိနေခြင်းကြောင့် သကြားစျေးကွက် အရောင်းအဝယ်သွက်နေ

ရန်ကုန်၊ မတ် - ၂၂

တရုတ်နိုင်ငံအပါအဝင် ပြည်ပဝယ်လက်ရှိနေခြင်းကြောင်း ပြည်တွင်းသကြားစျေးကွက်အတွင်းမှာ အရောင်းအဝယ်သွက်နေကြောင်း သကြားကုန်သည်များထံမှ သိရပါတယ်။

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ ထွက်ရှိသည့် သကြားများကို တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝယ်ယူမှုများပြားနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။

ယခုနှစ် ကြံရာသီတွင် ပြည်ပသို့ တန်ချိန်တစ်သိန်းအထိ တင်ပို့ရန် ခန့်မှန်းထားပြီး လက်ရှိအချိန်ထိ ၃၅ ရာခိုင်နှုန်းအထိ တင်ပို့ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

လက်ရှိမှာ ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားမြင့်တက်နေခြင်းကြောင့် စျေးကွက်အတွင်းမှာ အရောင်းအဝယ်ကောင်းနေပြီး သကြားစျေးနှုန်းကလည်း တစ်ပိသာလျှင် ကျပ် ၄၂၀၀ အထက်မှာရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာတစ်နိုင်ငံလုံးတွင် ကြံစိုက်ဧက လေးသိန်းသုံးသောင်းကျော်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းဒေသကြီးတွင် အဓိကစိုက်ပျိုးနေခြင်းဖြစ်ပြီး နိုဝင်ဘာလကုန်မှ ဧပြီလဆန်းအထိ ကြံကြိတ်ရာသီဖြစ်ကြောင်း သိရပါတယ်။

အောင်အောင်