【 ပြည်တွင်း 】 မန္တလေးမြို့မှာ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပြီး အိမ်စီးကားနှစ်စီး မီးလောင်ဆုံးရှုံး

【 ပြည်တွင်း 】 မန္တလေးမြို့မှာ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပြီး အိမ်စီးကားနှစ်စီး မီးလောင်ဆုံးရှုံး

မန္တလေး၊ မတ် - ၄
 
မန္တလေးမြို့မှာ ဒီကနေ့ ညနေပိုင်းက စက်သုံးဆီအရောင်းဆိုင်တစ်ခုအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ရာမှ အ်ိမ်စီးကားနှစ်စီး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
 
“ကနဦးစစ်ဆေးချက်အရ အိမ်စီးကားနှစ်စီးမီးလောင်ဆုံးရှုံးတယ်၊ နောက်ထပ်ရှိဦးမလားတော့ မသိရသေးဘူး၊ မီးလောင်တဲ့အထဲ ဆိုင်ကယ်တွေလည်းပါတယ်၊ ပေါက်ကွဲမှုတွေဖြစ် တယ်ဆိုတာ၊ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ တခြားကူးစက်မှုမရှိခဲ့ပါဘူး” လို့ မီးလောင်ပြင်ရောက်ရှိခဲ့တဲ့ မီးသတ်၀န်ထမ်းတစ်ဦးက ပြောပါတယ်။
 
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းနဲ့ ၄၈ လမ်းထောင့်က လိုတရစက်သုံးဆီအရောင်းဆိုင်မှာ ဒီကနေ့ ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့တာပါ။
 
ဒီမီးလောင်မှုကို နယ်မြေခံနဲ့ ထိစပ်နယ်မြေ မီးသတ်စခန်းတွေက မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၅ စီး၊ မီးသတ်တပ်ဖွဲ့၀င် အင်အားငါးဆယ်ခန့်နဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး၊ မီးလောင်ပြီးနောက် ၁၀ မိနစ်ခန့်အကြာ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်မှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။
 
မီးလောင်မှုဖြစ်စဉ်အတွင်း မီးသတ်၀န်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး မီးလောင်မှုအကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ တွက်ချက်နေဆဲဖြစ်တယ်လို့ ခရိုင်မီးသတ်၀န်ထမ်းတစ်ဦးက ပြောပါတယ်။
 
မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းကလည်း ချမ်းအေးသာစံမြို့နယ်ထဲက ဆုကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ အပေါ်ဆုံးထပ်အခန်းတစ်ခုအတွင်း လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ခဲ့ပါသေးတယ်။
 
အဲဒီမီးလောင်မှုဖြစ်စဉ်မှာတော့ ကျောင်းတွေပိတ်ထားတဲ့အချိန်မို့လို့ လူထိခိုက်မှုနဲ့ အခြားပျက်စီးဆုံးရှုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
 
ဖြူလုံး
Photo - Than Htay