【 ပြည်တွင်း 】 မြောင်းမြမှာ ဂက်စ်အိုးပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွား

【 ပြည်တွင်း 】 မြောင်းမြမှာ ဂက်စ်အိုးပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွား

ရန်ကုန်၊ မတ် - ၂၁
 
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ဂက်စ်အိုးပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 
ဖြစ်စဉ်မှာ မြောင်းမြမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဦးဘချိုလမ်းတွင် ယနေ့နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က စားသောက်ဆိုင်ရှိ ဂက်စ်အိုးပေါက်ကွဲကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ် (၁) စီး၊ မြောင်းမြမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၄) စီး၊ ရေသယ်ယာဉ် (၁) စီး၊ ကွယ်လွယ်နယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ် (၁) စီး၊ မြောင်းမြခရိုင်မီးသတ်စခန်းမှ ရေသယ်ယာဉ် (၁) စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီး၊ မြောင်းမြမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ် (၁) စီး၊ အိမ်မဲမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့တယ်လို့ MFSD က ထုတ်ပြန်ထားပါတယ်။
 
အဆိုပါမီးလောင်မှုကြောင့် အခန်းတွဲပါ အဆောက်အဦတစ်ခု မီးလောင်ဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ သက်ဆိုင်ရာမှ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
 
ဇိုင်းဇိုင်း
Photo - CJ