【 ပြည်တွင်း 】 ရွှေပိတောက်ငါးဈေးသို့ နေ့စဉ် ရေထွက်ကုန်တန်ချိန် လေးသိန်းကျော် ဝင်ရောက်လျက်ရှိ

【 ပြည်တွင်း 】 ရွှေပိတောက်ငါးဈေးသို့ နေ့စဉ် ရေထွက်ကုန်တန်ချိန် လေးသိန်းကျော် ဝင်ရောက်လျက်ရှိ

ရန်ကုန်၊ မတ် - ၅

ရန်ကုန်မြို့၊ လှိုင်မြို့နယ်အတွင်းရှိ ရွှေပိတောက်ငါးဈေးကြီးသို့ တစ်ရက်လျှင် ရေထွက်ကုန် တန်ချိန် လေးသိန်းကျော် ဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။

ရွှေပိတောက်ငါးဈေးသို့ ရန်ကုန်၊ ဧရာဝတီနှင့်ပဲခူးတိုင်းဒေသကြီးတို့မှ ရေချိုငါး/ပုစွန်များ ဝင်ရောက်သည့်နည်းတူ ပင်လယ်ပြင်မှ ရေငန်ထွက်ကုန်များလည်း ဝင်ရောက်လျက်ရှိရာ ဇန်နဝါရီမှ ဧပြီလအထိ မွေးမြူရေးကန်အများစု ကန်ဖော်ချိန်ဖြစ်၍ ငါးဈေးသို့ ရေချိုထွက်ကုန် အများဆုံးဝင်ရောက်သောကာလဖြစ်ကြောင်း သိရပါတယ်။

ရေချိုထွက်ကုန်များဖြစ်သော ငါးမြစ်ချင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးကြင်း၊ ငါးမုတ်၊ ငါးကျည်း၊ ငါးမွေ ထိုး၊ ငါးပြေမ၊ ငါးခူ၊ ငါးပနော် အပါအဝင် မွေးမြူရေးနှင့် သဘာဝရေထွက်ကုန် အမျိုးအစား ၃၀ ကျော်နှင့် ရေငန်ထွက်ကုန်ဖြစ် သော ရွှေငါး၊ ငါးကျီးကန်း၊ မျက်ကျယ်၊ ပြည်ကြီးငါး၊ ကင်းမွန်၊ ပုစွန်အပါအဝင် ရေငန် အမျိုးအစား ၁၀၀ ခန့် ဝင်ရောက်လျက်ရှိရာ အချို့ ရေချို/ရေငန်ထွက်ကုန်များအား စက်ရုံများနှင့် အအေးခန်းများသို့လည်း တိုက်ရိုက် တင်ပို့လျက်ရှိကြောင်း သိရပါတယ်။

ရွှေပိတောက်ငါးဈေးကြီးတွင် ဈေးရုံရှစ်ရုံ၊ ဆိုင်ခန်းပေါင်း ၄၄၄ ခန်း၊ ပျံကျဆိုင်ခန်း‌ ၁၈၀ ကျော်ရှိပြီး ဈေးရုံအတွင်း ငါးခြစ်လုပ်ငန်း၊ ငါးသယ်၊ ငါးပို့၊ ရေခဲပို့နှင့် အထွေထွေအလုပ်သမား ၂၀၀၀ ခန့် နေ့စဉ် အလုပ်-လုပ်ကိုင်လျက်ရှိကြောင်း သိရပါတယ်။

အောင်အောင်