【 ပြည်တွင်း 】 ရွှေပြည်သာ ဝါးတရာစက်မှုဇုန်အတွင်း မီးလောင်မှုဖြစ်ပွား

【 ပြည်တွင်း 】 ရွှေပြည်သာ ဝါးတရာစက်မှုဇုန်အတွင်း မီးလောင်မှုဖြစ်ပွား

ရန်ကုန်၊ မတ် - ၅

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်အတွင်းမှာ မတ်လ ၅ ရက် မွန်းလွဲ ၁၂ ခွဲအချိန်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖြစ်စဉ်မှာ မတ်လ ၅ ရက် မွန်းလွဲ ၁၂ ခွဲခန့်က ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်အတွင်းရှိ ရာစုသစ်စက္ကူစက်ရုံဝန်းအတွင်း စုပုံထားတဲ့  ကတ်ထူစက္ကူပုံးအဟောင်းတွေကတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။

“ရာစုသစ်စက္ကူစက်ရုံဝန်းအတွင်း စုပုံထားတဲ့ ကတ်ထူစက္ကူပုံးအဟောင်းတွေကနေ မီးစတင်လောင်ကျွမ်းမှုဖြစ်တာလို့ ပြောကြတယ်။ရှို့မီးလား ဘာလားတော့ မသိရသေးဘူး” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီမီးလောင်ကျွမ်းရာနေရာကို ပြည်သာမြို့နယ်မီးသတ်စခန်းက  မီးသတ်ယာဉ် (၈) စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ် (၁) စီးနဲ့  လှိုင်သာယာမြို့နယ်မီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ် (၁) စီးတို့နဲ့  ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်အချိန်မှာ မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၂၈ အချိန်မှာ မီးငြှိမ်းနိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

နောင်နောင်