【 ပြည်တွင်း 】 လန်ချန်း-မဲခေါင် စီမံကိန်းဖြင့် အကောင်ထည်ဖော်သည့် ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံများဖွင့်ပွဲ ကျင်းပ

【 ပြည်တွင်း 】 လန်ချန်း-မဲခေါင် စီမံကိန်းဖြင့် အကောင်ထည်ဖော်သည့် ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံများဖွင့်ပွဲ ကျင်းပ

ရန်ကုန်၊ မတ် - ၆

လန်ချန်း–မဲခေါင် အထူးရန်ပုံငွေ စီမံကိန်းဖြင့် တည်ဆောက်သည့် ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံများ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၃ ရက်က အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်ရောဂါကာကွယ်ဆေးထုတ်လုပ်ရေး ဓာတ်ခွဲခန်းအဆောက်အအုံရှေ့၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။

ယင်းစီမံကိန်းကို မဲခေါင်-လန်ချန်းနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း (၂၀၂၁) အရအကောင်ထည်ဖော်ခြင်းဖြစ်ကြောင်း သိရပါတယ်။

တိရစ္ဆာန်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ခြင်းနှင့် ထုတ်လုပ်ပြီး ကာကွယ်ဆေးများ၏ အရည်အသွေးနှင့် အာနိသင်အား စမ်းသပ်စစ်ဆေးနိုင်ရေးအတွက် ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံများကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိရစ္ဆာန်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရေး ဓာတ်ခွဲခန်းပညာရှင်များ၊ တိရစ္ဆာန်ရောဂါ ရှာဖွေရေး ဓာတ်ခွဲခန်းပညာရှင်များ၊ တိရစ္ဆာန်အစာနှင့် ဆေးဝါး အရည်အသွေး စစ်ဆေးရေး ဓာတ်ခွဲခန်းပညာရှင်များ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အောင်အောင်
Photo - MDN