【 ပြည်တွင်း 】CNG အခက်အခဲကြောင့် ပြေးဆွဲနေသည့် YBSယာဉ်လိုင်းအချို့ ယာဉ်စီးရေလျှော့ချပြေးဆွဲမည်ဟုထုတ်ပြန်

【 ပြည်တွင်း 】CNG အခက်အခဲကြောင့် ပြေးဆွဲနေသည့် YBSယာဉ်လိုင်းအချို့ ယာဉ်စီးရေလျှော့ချပြေးဆွဲမည်ဟုထုတ်ပြန်

မနေ့က ဖြစ်ခဲ့သည့် CNGအခက်အခဲကြောင့် ယနေ့ ဇူလိုင် ၂၃ ရက်(စနေနေ့)တွင် ပြေးဆွဲမည့် YBS ဘတ်စ်ကားလိုင်းအချို့မှာ ယာဉ်စီးရေလျှော့ချပြေးဆွဲမည်ဖြစ်ကြောင်း ဇူလိုင် ၂၂ ရက် ညပိုင်းက လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြခဲ့သည်ကို တွေ့ရပါတယ်။

အဆိုပါဖော်ပြချက်ထဲမှ တစ်ခုဖြစ်သည့် YBS ကုမ္ပဏီတစ်ခုဖြစ်သည့် GYCTကုမ္ပဏီ၏ ဖော်ပြချက်တွင် ၎င်းတို့ပြေးဆွဲနေသည့် YBS ၁/၉/ ၁၆/ ၁၉/၂၃/၆၀/၉၉/၁၀၀/၁၀၃/၁၁၉ ယာဉ်လိုင်းများကို ပုံမှန်အတိုင်းပြေးဆွဲမည်ဟု ဆိုသော်လည်း လက်ရှိဂတ်စ်ပြဿနာကြောင့် ယာဉ်စီးရေ အနည်းငယ်ဖြင့်သာ ပြေးဆွဲနိုင်မည်ဟု ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

လူမှုကွန်ရက်သတင်းများတွင် Gas( CNG) ဇောတိက ပိုက်လိုင်းက ပျက်နေတာကြောင့် ဂတ်စ် မရရှိပဲ CNG taxiကားများလည်း ပြေးဆွဲရန်ခက်ခဲနေပြီး ရန်ကုန်မြို့အနှံ့ ဂတ်စ်ဆိုင်များတွင် ဂတ်စ်ဖြည့်ရန် တန်းစီနေမှု ဇူလိုင် ၂၂ ရက် ညပိုင်းထိ စောင့်ဆိုင်းနေမှုများ ရှိနေတယ်လို့ သိရပါတယ်။

Photo Credit:CJ

ရန်ကုန်၊ ဇူလိုင် ၂၃