AA အဖွဲ့က ဖမ်းဆီးထားသော ချင်းတိုင်းရင်းသားများအား အမြန်ဆုံးပြန်လွှတ်ပေးရန် ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖော်

AA အဖွဲ့က ဖမ်းဆီးထားသော ချင်းတိုင်းရင်းသားများအား အမြန်ဆုံးပြန်လွှတ်ပေးရန် ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖော်

 နိုင်ငံတစ်ဝှမ်း၌တိုက်ပွဲများရပ်ဆိုင်းကာ နိုင်ငံရေးစကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဖို့နှင့် ရခိုင်တပ်မတော် AA အဖွဲ့က ဖမ်းဆီးထားသော ချင်းတိုင်းရင်းသားများအား အမြန်ဆုံးပြန်လွှတ်ပေးရန် ဆန္ဒ ထုတ်ဖော် မှု တစ်ရပ်ကို ဒီကနေ့ ဇူလိုင် ၁၃ ရက်တွင်ရန်ကုန်မြို့ရှိ ချင်းတိုင်းရင်းသား များက စုပေါင်းပြုလုပ် ခဲ့ကြပါတယ်။

ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ချင်းတိုင်းရင်းသားများက ရန်ကုန်ဘူတာကြီးရှေ့မှ ဆူးလေဘုရားအနီးရှိ မဟာဗန္ဓုလပန်းခြံရှေ့သို့ ငြိမ်းချမ်းစွာစုဝေး၍ စီတန်းလမ်းလျှောက်ကာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းတည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရန်၊AA အဖွဲ့ကခေါ်ဆောင်သွားသည့် ချင်းတိုင်းရင်းသား များ အားပြန်လွှတ်ပေးရန်၊တိုက်ပွဲများရပ်၍နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ကြရန်နှင့် စစ်ဘေးရှောင်ပြည်သူလူထုအတွက် လူသားချင်းစာနာထောက်ထားခြင်း အကူအညီများပေးရန် စသည့် ကိစ္စရပ် များကို ကြွေးကြော် တောင်းဆိုခဲ့ကြပါတယ်။

 "ပလတ်ဝမြို့ဟာ ကျွန်တော်တို့ ချင်းပြည်နယ်က ဖြစ်ပါတယ်။အခုလိုဆန္ဒပြရတာက ရခိုင် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းနဲ့ တပ်မတော်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ပေး ဖို့ဖြစ်ပါ တယ်။ အဲဒီလိုပဲ မြန်မာတစ်နိုင်လုံးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲရပ်တန့်ပြီး ငြိမ်းချမ်းစေဖို့လည်း ရည်ရွယ် ပါတယ်"လို့ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူတစ်ဦးဖြစ်သူ ဆလိုင်းမာန်ဟုန်ကပြောကြားခဲ့ပါတယ်။

 AA အဖွဲ့က ချင်းတိုင်းရင်းသား(၅၄) ဦးကိုဖမ်းဆီးခဲ့ကာ(၂)ဦးကို ပြန်လွှတ်ပေးခဲ့ပြီး (၁၂)ဦးမှာ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်းနှင့် လက်ရှိမှာ ချင်းတိုင်းရင်းသား(၄၀)ခန့် ဖမ်းဆီးခံထား ရခြင်းဖြစ် တယ်လို့လည်း သိရပါတယ်။ ဒီကနေ့ ဆန္ဒထုတ်ဖော်ပွဲကိုတော့ ရန်ကုန်မြို့ရှိ ချင်းအဖွဲ့အစည်းများက စုပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ချင်းတိုင်းရင်းသားလူဦးရေ ၂၀၀ ကျော်ခန့်ပါဝင်ခဲ့ကြတာပါ။

ပြေသိမ်း
ရန်ကုန်၊ဇူလိုင် ၁၃

(  Zawgyi  )

  ႏိုင္ငံတစ္ဝွမ္း၌တိုက္ပြဲမ်ားရပ္ဆိုင္းကာ ႏိုင္ငံေရးစကားဝိုင္းေဆြးေႏြးပြဲ ျပဳလုပ္ဖို႔ႏွင့္ ရခိုင္တပ္မေတာ္ AA အဖြဲ႕က ဖမ္းဆီးထားေသာ ခ်င္းတိုင္းရင္းသားမ်ားအား အျမန္ဆုံးျပန္လႊတ္ေပးရန္ ဆႏၵ ထုတ္ေဖာ္ မႈ တစ္ရပ္ကို ဒီကေန႔ ဇူလိုင္ ၁၃ ရက္တြင္ရန္ကုန္ၿမိဳ႕ရွိ ခ်င္းတိုင္းရင္းသား မ်ားက စုေပါင္းျပဳလုပ္ ခဲ့ၾကပါတယ္။

ယင္းဆႏၵထုတ္ေဖာ္ပြဲတြင္ ခ်င္းတိုင္းရင္းသားမ်ားက ရန္ကုန္ဘူတာႀကီးေရွ႕မွ ဆူးေလဘုရားအနီးရွိ မဟာဗႏၶဳလပန္းၿခံေရွ႕သို႔ ၿငိမ္းခ်မ္းစြာစုေဝး၍ စီတန္းလမ္းေလွ်ာက္ကာ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ အတြင္းတည္ၿငိမ္ေအးခ်မ္းမႈ အျမန္ဆုံးရရွိရန္၊AA အဖြဲ႕ကေခၚေဆာင္သြားသည့္ ခ်င္းတိုင္းရင္းသား မ်ား အားျပန္လႊတ္ေပးရန္၊တိုက္ပြဲမ်ားရပ္၍ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားျပဳလုပ္ၾကရန္ႏွင့္ စစ္ေဘးေရွာင္ျပည္သူလူထုအတြက္ လူသားခ်င္းစာနာေထာက္ထားျခင္း အကူအညီမ်ားေပးရန္ စသည့္ ကိစၥရပ္ မ်ားကို ေႂကြးေၾကာ္ ေတာင္းဆိုခဲ့ၾကပါတယ္။

 "ပလတ္ဝၿမိဳ႕ဟာ ကြၽန္ေတာ္တို႔ ခ်င္းျပည္နယ္က ျဖစ္ပါတယ္။အခုလိုဆႏၵျပရတာက ရခိုင္ တိုင္းရင္း သား လက္နက္ကိုင္အဖြဲ႕အစည္းနဲ႔ တပ္မေတာ္တို႔ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြရပ္တန႔္ေပး ဖို႔ျဖစ္ပါ တယ္။ အဲဒီလိုပဲ ျမန္မာတစ္ႏိုင္လုံးမွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲရပ္တန႔္ၿပီး ၿငိမ္းခ်မ္းေစဖို႔လည္း ရည္႐ြယ္ ပါတယ္"လို႔ ဆႏၵထုတ္ေဖာ္ပြဲကို ဦးေဆာင္သူတစ္ဦးျဖစ္သူ ဆလိုင္းမာန္ဟုန္ကေျပာၾကားခဲ့ပါတယ္။

 AA အဖြဲ႕က ခ်င္းတိုင္းရင္းသား(၅၄) ဦးကိုဖမ္းဆီးခဲ့ကာ(၂)ဦးကို ျပန္လႊတ္ေပးခဲ့ၿပီး (၁၂)ဦးမွာ ထြက္ေျပး လြတ္ေျမာက္ခဲ့ေၾကာင္းႏွင့္ လက္ရွိမွာ ခ်င္းတိုင္းရင္းသား(၄၀)ခန႔္ ဖမ္းဆီးခံထား ရျခင္းျဖစ္ တယ္လို႔လည္း သိရပါတယ္။ ဒီကေန႔ ဆႏၵထုတ္ေဖာ္ပြဲကိုေတာ့ ရန္ကုန္ၿမိဳ႕ရွိ ခ်င္းအဖြဲ႕အစည္းမ်ားက စုေပါင္းျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး ခ်င္းတိုင္းရင္းသားလူဦးေရ ၂၀၀ ေက်ာ္ခန႔္ပါဝင္ခဲ့ၾကတာပါ။

ေျပသိမ္း
ရန္ကုန္၊ဇူလိုင္ ၁၃