ADB ရဲ့ အကြံပြုချက်အရ ရန်ကုန်မှာ တက္ကစီများပိုလျှံ နေတာကြောင့် စည်းကမ်းနဲ့ ညီအောင် ကြပ်မတ်နေရ

ADB ရဲ့ အကြံပြုချက်အရ ရန်ကုန်မှာ တက္ကစီများပိုလျှံ နေတာကြောင့် စည်းကမ်းနဲ့ ညီအောင် ကြပ်မတ်နေရ

ရန်ကုန်မြို့မှာ လက်ရှိအသုံးပြုနေတဲ့ တက္ကစီယာဉ်တွေဟာ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ရဲ့ အကြံပြုချက်အရ ပိုလျှံနေတဲ့အနေအထားမျိုး ရှိတာကြောင့် စည်းကမ်းတကျဖြစ်အောင် ကြပ်မတ်လုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

“ADB ရဲ့ အကြံပြုချက်ထက် များနေပေမယ့် လုပ်ကိုင်သူတွေရဲ့ စားဝတ်နေရေးအရလည်း ခွင့်ပြုတာတွေ ရှိခဲ့ပါတယ်၊ ပြည်သူတွေ ရဲ့ လိုအပ်ချက်ကိုလည်းဖြည့်ဆည်းပေးနိုင်အောင် စည်းကမ်းနဲ့ညီအောင် ပြေးဆွဲနိုင်ဖို့ လုပ်နေတာတွေရှိသလို ဥပဒေနဲ့အညီပြေးဆွဲဖို့ စီမံချက်တွေရေးဆွဲနေပါတယ်”လို့ ဒေါ်နီလာကျော်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တတိယ တစ်နှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့သော အခြေအနေများနဲ့ ပတ်သက်သော သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ လက်ရှိကာလတွင် တက္ကစီအစီးရေ ၆၇၀၀၀ လောက်ရှိပြီး ADB ရဲ့ အကြံပြုချက်အရ အစီးရေ ၃၀၀၀၀ မှ ၄၀၀၀၀ လောက်သာ လိုအပ်နေကြောင်း၊ မန္တလေးမြို့မှာတောင်မှ တက္ကစီအစီးရေ ၆၂၀၀ လောက် ရှိနေပြီး ရန်ကုန်မှာ များပြားနေတာကြောင့် စီးတီးတက္ကစီ မှတ်ပုံတင် တာတွေနဲ့ YRTA က တာဝန်ယူလုပ်ဆောင်ကာ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။

ထိုကဲ့သို့ မှတ်ပုံတင်လုပ်ဆောင်တာကြောင့် အချက်အလက်တွေထားရှိနိုင်တဲ့အပြင် အမှုအခင်းကိစ္စတွေမှာလည်း ဖော်ထုတ်နိုင်စေဖို့ အချက် အလက်တွေပေးကာ လုပ်ဆောင်ခဲ့သလို မှုခင်းပေါင်း ၆၂၁ မှု အတွက်ကိုလည်း ဖော်ထုတ်နိုင်ဖို့ အကူအညီတွေဖြစ်စေခဲ့တယ်လို့ YRTA က သိရပါတယ်။ “ကျွန်တော်တို့ ကြုံခဲ့တဲ့အတွေ့အကြုံတစ်ခုကို ပြောပြမယ်ဆိုရင် အင်မတန်မှလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်၊ ခရီးသည် တစ်ဦးက တက္ကစီငှားစီးပြီးသွားတယ်၊ သူက ပြည်ပကိုရောက်တော့မှ သူ့ရဲ့လော်ကတ်သီးပျောက်တာ သိတော့ တက္ကစီပေါ်မှာ ပျောက်တာဆိုပြီး ဟိုကနေ ကားနံပါတ်ဘယ်လောက် ဘယ်လောက်ဆိုပြီးတော့ အကြောင်းကြားပါတယ်၊ ဒီကလည်း အဲ့ဒီတက္ကစီကို ခေါ်မေးတော့ သူလည်း မသိဘူးပေါ့၊ ဒီမှာက ဖြစ်တတ်တာက ခရီးသည်တစ်ဦးက ကျန်တာမျိုးကို နောက်ခရီးသည် တစ်ဦး ထပ်တင်တော့ ယူသွားတာလည်း ဖြစ်တတ်ပေမယ့် နောက်ဆုံးမှာ ကားအတွင်းခန်းကို ဆေးကြောကြည့်တော့မှ ဟိုအမျိုးသမီးပျောက်တဲ့ ပစ္စည်းကို ပြန်ရှာတွေ့ခဲ့ပါတယ်”လို့လည်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပြပါတယ်။  

 ဇွဲမာန်
ရန်ကုန်၊ ဇွန် ၆ 

(   Zawgyi  )

 ရန္ကုန္ၿမိဳ႕မွာ လက္ရွိအသုံးျပဳေနတဲ့ တကၠစီယာဥ္ေတြဟာ အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB)ရဲ႕ အႀကံျပဳခ်က္အရ ပိုလွ်ံေနတဲ့အေနအထားမ်ိဳး ရွိတာေၾကာင့္ စည္းကမ္းတက်ျဖစ္ေအာင္ ၾကပ္မတ္လုပ္ေဆာင္ေနတယ္လို႔ ရန္ကုန္တိုင္း ေဒသႀကီး လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္း ဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာပါတယ္။

“ADB ရဲ႕ အႀကံျပဳခ်က္ထက္ မ်ားေနေပမယ့္ လုပ္ကိုင္သူေတြရဲ႕ စားဝတ္ေနေရးအရလည္း ခြင့္ျပဳတာေတြ ရွိခဲ့ပါတယ္၊ ျပည္သူေတြ ရဲ႕ လိုအပ္ခ်က္ကိုလည္းျဖည့္ဆည္းေပးႏိုင္ေအာင္ စည္းကမ္းနဲ႔ညီေအာင္ ေျပးဆြဲႏိုင္ဖို႔ လုပ္ေနတာေတြရွိသလို ဥပေဒနဲ႔အညီေျပးဆြဲဖို႔ စီမံခ်က္ေတြေရးဆြဲေနပါတယ္”လို႔ ေဒၚနီလာေက်ာ္က တိုင္းေဒသႀကီး အစိုးရအဖြဲ႕ရဲ႕ တတိယ တစ္ႏွစ္တာကာလအတြင္း လုပ္ေဆာင္ခဲ့ေသာ အေျခအေနမ်ားနဲ႔ ပတ္သက္ေသာ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕မွာ လက္ရွိကာလတြင္ တကၠစီအစီးေရ ၆၇၀၀၀ ေလာက္ရွိၿပီး ADB ရဲ႕ အႀကံျပဳခ်က္အရ အစီးေရ ၃၀၀၀၀ မွ ၄၀၀၀၀ ေလာက္သာ လိုအပ္ေနေၾကာင္း၊ မႏၲေလးၿမိဳ႕မွာေတာင္မွ တကၠစီအစီးေရ ၆၂၀၀ ေလာက္ ရွိေနၿပီး ရန္ကုန္မွာ မ်ားျပားေနတာေၾကာင့္ စီးတီးတကၠစီ မွတ္ပုံတင္ တာေတြနဲ႔ YRTA က တာဝန္ယူလုပ္ေဆာင္ကာ ၾကပ္မတ္ေဆာင္႐ြက္လ်က္ရွိပါတယ္။

ထိုကဲ့သို႔ မွတ္ပုံတင္လုပ္ေဆာင္တာေၾကာင့္ အခ်က္အလက္ေတြထားရွိႏိုင္တဲ့အျပင္ အမႈအခင္းကိစၥေတြမွာလည္း ေဖာ္ထုတ္ႏိုင္ေစဖို႔ အခ်က္ အလက္ေတြေပးကာ လုပ္ေဆာင္ခဲ့သလို မႈခင္းေပါင္း ၆၂၁ မႈ အတြက္ကိုလည္း ေဖာ္ထုတ္ႏိုင္ဖို႔ အကူအညီေတြျဖစ္ေစခဲ့တယ္လို႔ YRTA က သိရပါတယ္။ “ကြၽန္ေတာ္တို႔ ႀကဳံခဲ့တဲ့အေတြ႕အႀကဳံတစ္ခုကို ေျပာျပမယ္ဆိုရင္ အင္မတန္မွလည္း စိတ္ဝင္စားစရာ ေကာင္းပါတယ္၊ ခရီးသည္ တစ္ဦးက တကၠစီငွားစီးၿပီးသြားတယ္၊ သူက ျပည္ပကိုေရာက္ေတာ့မွ သူ႔ရဲ႕ေလာ္ကတ္သီးေပ်ာက္တာ သိေတာ့ တကၠစီေပၚမွာ ေပ်ာက္တာဆိုၿပီး ဟိုကေန ကားနံပါတ္ဘယ္ေလာက္ ဘယ္ေလာက္ဆိုၿပီးေတာ့ အေၾကာင္းၾကားပါတယ္၊ ဒီကလည္း အဲ့ဒီတကၠစီကို ေခၚေမးေတာ့ သူလည္း မသိဘူးေပါ့၊ ဒီမွာက ျဖစ္တတ္တာက ခရီးသည္တစ္ဦးက က်န္တာမ်ိဳးကို ေနာက္ခရီးသည္ တစ္ဦး ထပ္တင္ေတာ့ ယူသြားတာလည္း ျဖစ္တတ္ေပမယ့္ ေနာက္ဆုံးမွာ ကားအတြင္းခန္းကို ေဆးေၾကာၾကည့္ေတာ့မွ ဟိုအမ်ိဳးသမီးေပ်ာက္တဲ့ ပစၥည္းကို ျပန္ရွာေတြ႕ခဲ့ပါတယ္”လို႔လည္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ရဲ႕ တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က ေျပာျပပါတယ္။  

 ဇြဲမာန္
ရန္ကုန္၊ ဇြန္ ၆