Myanmar Now အယ်ဒီတာချုပ် တရားစွဲခံရမှု တရားရုံးက ပယ်ဖျက်ပိတ်သိမ်း

Myanmar Now အယ်ဒီတာချုပ် တရားစွဲခံရမှု တရားရုံးက ပယ်ဖျက်ပိတ်သိမ်း

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအပေါ် မန္တလေးမြို့က မဘသအဖွဲ့ဝင်ဟောင်း ဦးကျော်မျိုးရွှေ က ၆၆ (ဃ) နဲ့ တရားစွဲဆိုထားတဲ့ အမှုကို ဒီနေ့မှာပဲ ပိတ်သိမ်းပယ်ဖျက်လိုက်ပြီ ဖြစ်တယ်လို့ မန္တလေး မဟာအောင်မြေမြို့နယ် တရားရုံးမှာ ဒီနေ့ပြုလုပ်တဲ့ ရုံးချိန်းအရ သိရပါတယ်။

"ဒီအမှုက စွဲဆိုထားတဲ့ ပုဒ်မနဲ့လည်း ငြိစွန်းမှုမရှိဘူး ငြိစွန်းအောင်လည်း သက်သေမပြနိုင်ဘူး သက်သေတွေလာဖို့လည်း ပျက်ကွက်တာတွေရှိတယ် တရားလိုဘက်က ဆောင်ရွက်ရမှာတွေလည်း ပျက်ကွက်ခဲ့တယ် ဒီအတွက် ကိုဆွေဝင်း ကို စွဲချက်တင်တာကို တရားရုံးက ပယ်ဖျက်လိုက်ပါတယ်" ကိုဆွေဝင်း ရဲ့ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် က ပြောပါတယ်။

အယ်ဒီတာချုပ် ကိုဆွေဝင်းအပေါ် ဦးကျော်မျိုးရွှေ က တရားလိုလုပ်ပြီး မဟာအောင်မြေတရားရုံးမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲထားတာဟာ ၂ နှစ်ကျော်ကြာခဲ့ပြီလို့ သိရပြီး တရားလိုဘက်က ဆောင်ရွက်ရမှာတွေ ပျက်ကွက်မှုတွေကြောင့်လည်း ဒီအမှု ပိတ်သိမ်းပေးဖို့ ကိုဆွေဝင်း ရဲ့ ရှေ့နေက ပြီးခဲ့တဲ့ ရုံးချိန်းမှာ တင်ပြခဲ့တာပါ။

"ပယ်ဖျက်တယ်ဆိုတာက ကိုဆွေဝင်း ကို စွဲချက်မတင်မီ လွှတ်လိုက်တာပါ ကိုဆွေဝင်းဘက်က နစ်နာမှုအတွက် ဘယ်လိုလုပ်သွားမယ်ဆိုတာတော့ ကိုဆွဝင်းဘက်က ပြောမလာသေးပါဘူး တစ်ဖက်ကလည်း ဒီကိစ္စအပေါ် အဆင့်ဆင့်ထပ်တက်သွားခွင့် ရှိပါတယ်" လို့လည်း ဒေါ်ရွက်နုအောင် က ဆိုပါတယ်။

တရားလို ဦးကျော်မျိုးရွှေ ကတော့ ဒီကိစ္စဒီလောက်နဲ့မပြီးဘူး အထက်ရုံးအဆင့်ဆင့် တက်သွားမှာလို့ ရုံးချိန်းအပြီး ပြောဆိုသွားပါတယ်။ကိုဆွေဝင်း က ဒီအမှုအတွက် မန္တလေးမြို့မှာ တရားလာရောက်ရင်ဆိုင်ရတာ ငွေကုန်ကြေးကျတွေရှိသလို လူပင်ပန်းမှုတွေလည်းရှိတယ် နစ်နာမှုတွေအတွက်တော့ ရှေ့နေနဲ့ တိုင်ပင်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ကိုဆွေဝင်း က အမျိုးသားရေး ဆရာတော် ဦးဝီရသူ (အခု ဝရမ်းထုတ်ခံထားရသူ) အပေါ် အင်တာနက် စာမျက်နှာပေါ် ဝေဖန်ရေးသားမှုနဲ့ ဦးကျော်မျိုးရွှေ ရဲ့ တရားစွဲဆိုမှု ခံခဲ့ရတာဖြစ်ပြီး ၂ နှစ်နဲ့ တစ်လကျော်ကြာ အမှုရင်ဆိုင်ပြီးနောက် ဒီနေ့လွတ်မြောက်ခဲ့တာပါ။

KT
မန္တလေး၊ ဇူလိုင် - ၂

( Zawgyi )

Myanmar Now အယ္ဒီတာခ်ဳပ္ ကိုေဆြဝင္းအေပၚ မႏၲေလးၿမိဳ႕က မဘသအဖြဲ႕ဝင္ေဟာင္း ဦးေက်ာ္မ်ိဳးေ႐ႊ က ၆၆ (ဃ) နဲ႔ တရားစြဲဆိုထားတဲ့ အမႈကို ဒီေန႔မွာပဲ ပိတ္သိမ္းပယ္ဖ်က္လိုက္ၿပီ ျဖစ္တယ္လို႔ မႏၲေလး မဟာေအာင္ေျမၿမိဳ႕နယ္ တရား႐ုံးမွာ ဒီေန႔ျပဳလုပ္တဲ့ ႐ုံးခ်ိန္းအရ သိရပါတယ္။

"ဒီအမႈက စြဲဆိုထားတဲ့ ပုဒ္မနဲ႔လည္း ၿငိစြန္းမႈမရွိဘူး ၿငိစြန္းေအာင္လည္း သက္ေသမျပႏိုင္ဘူး သက္ေသေတြလာဖို႔လည္း ပ်က္ကြက္တာေတြရွိတယ္ တရားလိုဘက္က ေဆာင္႐ြက္ရမွာေတြလည္း ပ်က္ကြက္ခဲ့တယ္ ဒီအတြက္ ကိုေဆြဝင္း ကို စြဲခ်က္တင္တာကို တရား႐ုံးက ပယ္ဖ်က္လိုက္ပါတယ္" ကိုေဆြဝင္း ရဲ႕ ေရွ႕ေနျဖစ္သူ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္ က ေျပာပါတယ္။

အယ္ဒီတာခ်ဳပ္ ကိုေဆြဝင္းအေပၚ ဦးေက်ာ္မ်ိဳးေ႐ႊ က တရားလိုလုပ္ၿပီး မဟာေအာင္ေျမတရား႐ုံးမွာ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ) နဲ႔ တရားစြဲထားတာဟာ ၂ ႏွစ္ေက်ာ္ၾကာခဲ့ၿပီလို႔ သိရၿပီး တရားလိုဘက္က ေဆာင္႐ြက္ရမွာေတြ ပ်က္ကြက္မႈေတြေၾကာင့္လည္း ဒီအမႈ ပိတ္သိမ္းေပးဖို႔ ကိုေဆြဝင္း ရဲ႕ ေရွ႕ေနက ၿပီးခဲ့တဲ့ ႐ုံးခ်ိန္းမွာ တင္ျပခဲ့တာပါ။

"ပယ္ဖ်က္တယ္ဆိုတာက ကိုေဆြဝင္း ကို စြဲခ်က္မတင္မီ လႊတ္လိုက္တာပါ ကိုေဆြဝင္းဘက္က နစ္နာမႈအတြက္ ဘယ္လိုလုပ္သြားမယ္ဆိုတာေတာ့ ကိုဆြဝင္းဘက္က ေျပာမလာေသးပါဘူး တစ္ဖက္ကလည္း ဒီကိစၥအေပၚ အဆင့္ဆင့္ထပ္တက္သြားခြင့္ ရွိပါတယ္" လို႔လည္း ေဒၚ႐ြက္ႏုေအာင္ က ဆိုပါတယ္။

တရားလို ဦးေက်ာ္မ်ိဳးေ႐ႊ ကေတာ့ ဒီကိစၥဒီေလာက္နဲ႔မၿပီးဘူး အထက္႐ုံးအဆင့္ဆင့္ တက္သြားမွာလို႔ ႐ုံးခ်ိန္းအၿပီး ေျပာဆိုသြားပါတယ္။ကိုေဆြဝင္း က ဒီအမႈအတြက္ မႏၲေလးၿမိဳ႕မွာ တရားလာေရာက္ရင္ဆိုင္ရတာ ေငြကုန္ေၾကးက်ေတြရွိသလို လူပင္ပန္းမႈေတြလည္းရွိတယ္ နစ္နာမႈေတြအတြက္ေတာ့ ေရွ႕ေနနဲ႔ တိုင္ပင္ေဆာင္႐ြက္သြားမယ္လို႔ ေျပာပါတယ္။

ကိုေဆြဝင္း က အမ်ိဳးသားေရး ဆရာေတာ္ ဦးဝီရသူ (အခု ဝရမ္းထုတ္ခံထားရသူ) အေပၚ အင္တာနက္ စာမ်က္ႏွာေပၚ ေဝဖန္ေရးသားမႈနဲ႔ ဦးေက်ာ္မ်ိဳးေ႐ႊ ရဲ႕ တရားစြဲဆိုမႈ ခံခဲ့ရတာျဖစ္ၿပီး ၂ ႏွစ္နဲ႔ တစ္လေက်ာ္ၾကာ အမႈရင္ဆိုင္ၿပီးေနာက္ ဒီေန႔လြတ္ေျမာက္ခဲ့တာပါ။

KT
မႏၲေလး၊ ဇူလိုင္ - ၂