Paradiso ၏ ရုပ်ရှင်ရုံတစ်ရာစီမံကိန်းအဖြစ် မန်းတွင် ရုံနှစ်ရုံဖွင့်လှစ်

  Paradiso ၏ ရုပ်ရှင်ရုံတစ်ရာစီမံကိန်းအဖြစ် မန်းတွင် ရုံနှစ်ရုံဖွင့်လှစ်

အနုပညာရှင်တွေနဲ့စုပေါင်းဖွဲ့စည်းတည်ထောင်ထားတဲ့ ရုပ်ရှင်ရုံနှစ်ရုံ ယမန်နေ့ကစလို့ မန္တလေးမြို့မှာဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ Paradiso လို့ အမည်ပေးထားတဲ့ ဒီရုပ်ရှင်ရုံနှစ်ရုံကို မန္တလေးမြို့  အောင်မြေသာစံမြို့နယ်နဲ့ ပြည်ကြီးတံခွန်မြို့နယ်တို့မှာ ဖွင့်လှစ်ပေးလိုက်တာ ပဲဖြစ်ပြီး Paradiso Cinemas Co.,Ltd ရဲ့ မြန်မာနိုင်ငံအတွင်းရုပ်ရှင်ရုံ ၁၀၀ စီမံကိန်းအကောင်အထည်ဖော်မှုတွေထဲက မန္တလေးမြို့ အစီအစဉ်ဖြစ် တယ်လို့သိရပါတယ်။

"ဒီနိုင်ငံမှာက ရုပ်ရှင်ရုံတွေနည်းလာသလို ရုပ်ရှင်အတွက်အခက်အခဲတွေလည်းရှိလာတယ်၊ ကျွန်တော်တို့က ဒီအတွက်အရင်လို ရုပ်ရှင်ရုံတွေပေါလာစေချင်လို့ အခုရုပ်ရှင်ရုံတစ်ရာစီမံကိန်းလုပ်တာပါ၊ အနုပညာရှင်တွေစုပြီးတော့ ဘဏ်ချေးငွေနဲ့ရုံတွေလိုက်လုပ်ပေးနေတာပါ" လို့ Paradiso ရဲ့အမှုဆောင်ဒါရိုက်တာဦးဇာဂနာကပြောပါတယ်။

မန္တလေးမြို့ကဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကိုယ်တိုင်တင်ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး အခမ်းအနားမှာ ဝန်ကြီးချုပ်က ဒီစီမံကိန်းနဲ့ပတ်သက်လို့ အနုပညာလောကသားတွေစုပေါင်းတည်ထောင်တဲ့ဒီရုပ်ရှင်ရုံတွေဟာ အနုပညာ သည်တွေ ကိုပြန်လည်အကျိုးပြုစေသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွမှာလည်း ပါဝင်ဆာင်ရွင်ပေးကြဖို့ တိုက်တွန်းသွားပါတယ်။

မြန်မာ့ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အနုပညာရှင်တွေနဲ့ဖွဲ့စည်းတည်ထောင်ထားတဲ့Paradiso Cinemas Co.,Ltd. က မြန်မာနိုင်ငံမှာ ရုပ်ရှင်ရုံပေါင်း ၁၀၀ ကျော်ဖွင့်လှစ်သွားနိုင်ဖို့ဆောင်ရွက်နေတာမှာ အခုဆိုရင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၁၉ ရုံဖွင့်လှစ်ပေးနိုင်ခဲ့ပြီလို့သိရပါတယ်။

'အခုထိ ရခိုင် ကယားနဲ့ ချင်းပြည်နယ်မှာ ရုပ်ရှင်ရုံလုံးဝမရှိသေးဘူး အဲဒီမှာလည်းဆောက်ပေးသွားမှာပါ" လို့လည်းဦးဇာဂနာကဆိုပါတယ်။ Paradiso Cinemas Co.,Ltd အနေနဲ့အခုအချိန်အထိ တိုင်းနဲ့ပြည်နယ် ၇ ခုမှာ မှော်ဘီ၊ ပဲခူး၊ ဒိုက်ဦး၊ ပျဉ်းမနား၊ ဘိုကလေး၊ ဖျာပုံ၊ မအူပင်၊ ဟင်္သာတ၊ အောင်ပန်း၊ အေးသာယာ၊ ရွှေဘို၊ မုံရွာ၊ ကျောက်ပန်းတောင်း၊ ရမည်းသင်း၊ သထုံနဲ့မော်လမြိုင်တို့မှာ ဖွင့်လှစ်ပေးခဲ့ပြီး ယမန်နေ့ကတော့ မန္တလေး အောင်မြေသာစံမြို့နယ်နဲ့ပြည်ကြီးတံခွန်မြို့နယ်တို့မှာ ဖွင့်လှစ်ပေးခဲ့တာပါ။

KT
မန္တလေး ၊ ဇွန် ၂၀

(  Zawgyi  )

 အႏုပညာရွင္ေတြနဲ႔စုေပါင္းဖြဲ႕စည္းတည္ေထာင္ထားတဲ့ ႐ုပ္ရွင္႐ုံႏွစ္႐ုံ ယမန္ေန႔ကစလို႔ မႏၲေလးၿမိဳ႕မွာဖြင့္လွစ္လိုက္ၿပီျဖစ္ပါတယ္။ Paradiso လို႔ အမည္ေပးထားတဲ့ ဒီ႐ုပ္ရွင္႐ုံႏွစ္႐ုံကို မႏၲေလးၿမိဳ႕  ေအာင္ေျမသာစံၿမိဳ႕နယ္နဲ႔ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တို႔မွာ ဖြင့္လွစ္ေပးလိုက္တာ ပဲျဖစ္ၿပီး Paradiso Cinemas Co.,Ltd ရဲ႕ ျမန္မာႏိုင္ငံအတြင္း႐ုပ္ရွင္႐ုံ ၁၀၀ စီမံကိန္းအေကာင္အထည္ေဖာ္မႈေတြထဲက မႏၲေလးၿမိဳ႕ အစီအစဥ္ျဖစ္ တယ္လို႔သိရပါတယ္။

"ဒီႏိုင္ငံမွာက ႐ုပ္ရွင္႐ုံေတြနည္းလာသလို ႐ုပ္ရွင္အတြက္အခက္အခဲေတြလည္းရွိလာတယ္၊ ကြၽန္ေတာ္တို႔က ဒီအတြက္အရင္လို ႐ုပ္ရွင္႐ုံေတြေပါလာေစခ်င္လို႔ အခု႐ုပ္ရွင္႐ုံတစ္ရာစီမံကိန္းလုပ္တာပါ၊ အႏုပညာရွင္ေတြစုၿပီးေတာ့ ဘဏ္ေခ်းေငြနဲ႔႐ုံေတြလိုက္လုပ္ေပးေနတာပါ" လို႔ Paradiso ရဲ႕အမႈေဆာင္ဒါ႐ိုက္တာဦးဇာဂနာကေျပာပါတယ္။

မႏၲေလးၿမိဳ႕ကဖြင့္ပြဲကို မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ကိုယ္တိုင္တင္ေရာက္ဖြင့္လွစ္ေပးခဲ့တာျဖစ္ၿပီး အခမ္းအနားမွာ ဝန္ႀကီးခ်ဳပ္က ဒီစီမံကိန္းနဲ႔ပတ္သက္လို႔ အႏုပညာေလာကသားေတြစုေပါင္းတည္ေထာင္တဲ့ဒီ႐ုပ္ရွင္႐ုံေတြဟာ အႏုပညာ သည္ေတြ ကိုျပန္လည္အက်ိဳးျပဳေစသလို ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြမွာလည္း ပါဝင္ဆာင္႐ြင္ေပးၾကဖို႔ တိုက္တြန္းသြားပါတယ္။

ျမန္မာ့႐ုပ္ရွင္လုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေစဖို႔အတြက္ အႏုပညာရွင္ေတြနဲ႔ဖြဲ႕စည္းတည္ေထာင္ထားတဲ့Paradiso Cinemas Co.,Ltd. က ျမန္မာႏိုင္ငံမွာ ႐ုပ္ရွင္႐ုံေပါင္း ၁၀၀ ေက်ာ္ဖြင့္လွစ္သြားႏိုင္ဖို႔ေဆာင္႐ြက္ေနတာမွာ အခုဆိုရင္ ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔မွာ ၁၉ ႐ုံဖြင့္လွစ္ေပးႏိုင္ခဲ့ၿပီလို႔သိရပါတယ္။

'အခုထိ ရခိုင္ ကယားနဲ႔ ခ်င္းျပည္နယ္မွာ ႐ုပ္ရွင္႐ုံလုံးဝမရွိေသးဘူး အဲဒီမွာလည္းေဆာက္ေပးသြားမွာပါ" လို႔လည္းဦးဇာဂနာကဆိုပါတယ္။ Paradiso Cinemas Co.,Ltd အေနနဲ႔အခုအခ်ိန္အထိ တိုင္းနဲ႔ျပည္နယ္ ၇ ခုမွာ ေမွာ္ဘီ၊ ပဲခူး၊ ဒိုက္ဦး၊ ပ်ဥ္းမနား၊ ဘိုကေလး၊ ဖ်ာပုံ၊ မအူပင္၊ ဟသၤာတ၊ ေအာင္ပန္း၊ ေအးသာယာ၊ ေ႐ႊဘို၊ မုံ႐ြာ၊ ေက်ာက္ပန္းေတာင္း၊ ရမည္းသင္း၊ သထုံနဲ႔ေမာ္လၿမိဳင္တို႔မွာ ဖြင့္လွစ္ေပးခဲ့ၿပီး ယမန္ေန႔ကေတာ့ မႏၲေလး ေအာင္ေျမသာစံၿမိဳ႕နယ္နဲ႔ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တို႔မွာ ဖြင့္လွစ္ေပးခဲ့တာပါ။

KT
မႏၲေလး ၊ ဇြန္ ၂၀