YBS ယာဉ်မောင်းများအတွက် smart card များယခုလကုန်ပိုင်းမှစတင်ထုတ်ပေးမည်

  YBS ယာဉ်မောင်းများအတွက် smart card များယခုလကုန်ပိုင်းမှစတင်ထုတ်ပေးမည်

YBS ယာဉ်လိုင်းတွေမှာ လုပ်ကိုင်နေတဲ့ ယာဉ်မောင်းတွေ အတွက် အသိအမှတ်ပြု Smart Card တွေကို ယခု ဇွန်လ ကုန်ပိုင်းမှ စတင်ထုတ်ပေးသွားဖို့အတွက် ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောပါတယ်။

အဆိုပါ Smart Card ထဲမှာ ယာဉ်မောင်းတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ Data တွေအနေနဲ့ စီစဉ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့က ယာဉ်မောင်းတွေနဲ့ပတ်သက်တဲ့ အချက်အလက် တွေကို စနစ်တကျနဲပ စုစုစည်းစည်းဖြစ်စေဖို့ ဒါကိုစီစဉ်တာ ဖြစ်ပါတယ်၊ မထသတုန်းကလည်း ကတ်တွေ ထုတ်ပေးခဲ့ဖူးပါတယ်၊ အခု ပေးမှာက smart card တွေပါ၊ ကတ်ထဲမှာ ယာဉ်မောင်းနဲ့ ပတ်သက်တဲ့ အချက် အလက်အသေးစိတ်တွေ၊ ဘယ်ကုမ္ပဏီမှာ မောင်းခဲ့တယ် ဆိုတဲ့ Data တွေ ပါဝင်မှာ ဖြစ်ပါတယ်"လို့ သူက ပြောကြားပါတယ်။

အဲ့ဒီလိုထုတ်ပေးတဲ့အခါ အများပိုင်ယာဉ်လိုင်း ကုမ္ပဏီကြီး တွေကို ဦးစားပေးအနေနဲ့ အရင်ဆုံးထုတ်ပေး သွားမှာ ဖြစ်သလို ဒုတိယ ဦးစားပေး အနေဖြင့် ယာဉ်လိုင်း ကုမ္ပဏီငယ်များကို လည်းကောင်း၊ တတိယ အနေဖြင့် တစ်ဦးချင်းယာဉ်ပိုင်ရှင်များမှ စုဖွဲ့ထားသည့် ယာဉ်လိုင်းများကို ထုတ်ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

ထို smart card အပေါ်မှာ ID နံပါတ်၊ ယာဉ်မောင်းအမည်၊ မှတ်ပုံတင်နံပါတ်၊ လိုင်စင်နံပါတ်၊ ကုမ္ပဏီအမည်၊ သက်တမ်း ကုန်ဆုံးရက် စတဲ့ အချက်အလက်တွေကို ရေးသားထားကာ ကတ်ထမှာတော့ ယာဉ်မောင်းရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကိုထည့်သွင်းထားတယ်လို့ သိရပါတယ်။

 ဇွဲမာန်                                              
ရန်ကုန်၊ ဇွန် ၂၀ 

(  Zawgyi  )

 YBS ယာဥ္လိုင္းေတြမွာ လုပ္ကိုင္ေနတဲ့ ယာဥ္ေမာင္းေတြ အတြက္ အသိအမွတ္ျပဳ Smart Card ေတြကို ယခု ဇြန္လ ကုန္ပိုင္းမွ စတင္ထုတ္ေပးသြားဖို႔အတြက္ ျပင္ဆင္ထားၿပီး ျဖစ္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA) မွ မန္ေနးဂ်င္းဒါ႐ိုက္တာ ဦးေအာင္ညီညီေမာ္က ေျပာပါတယ္။

အဆိုပါ Smart Card ထဲမွာ ယာဥ္ေမာင္းေတြနဲ႔ ပတ္သက္တဲ့ အေထာက္အထားေတြ Data ေတြအေနနဲ႔ စီစဥ္ထားတာျဖစ္တယ္လို႔ သိရပါတယ္။ “ကြၽန္ေတာ္တို႔က ယာဥ္ေမာင္းေတြနဲ႔ပတ္သက္တဲ့ အခ်က္အလက္ ေတြကို စနစ္တက်နဲပ စုစုစည္းစည္းျဖစ္ေစဖို႔ ဒါကိုစီစဥ္တာ ျဖစ္ပါတယ္၊ မထသတုန္းကလည္း ကတ္ေတြ ထုတ္ေပးခဲ့ဖူးပါတယ္၊ အခု ေပးမွာက smart card ေတြပါ၊ ကတ္ထဲမွာ ယာဥ္ေမာင္းနဲ႔ ပတ္သက္တဲ့ အခ်က္ အလက္အေသးစိတ္ေတြ၊ ဘယ္ကုမၸဏီမွာ ေမာင္းခဲ့တယ္ ဆိုတဲ့ Data ေတြ ပါဝင္မွာ ျဖစ္ပါတယ္"လို႔ သူက ေျပာၾကားပါတယ္။

အဲ့ဒီလိုထုတ္ေပးတဲ့အခါ အမ်ားပိုင္ယာဥ္လိုင္း ကုမၸဏီႀကီး ေတြကို ဦးစားေပးအေနနဲ႔ အရင္ဆုံးထုတ္ေပး သြားမွာ ျဖစ္သလို ဒုတိယ ဦးစားေပး အေနျဖင့္ ယာဥ္လိုင္း ကုမၸဏီငယ္မ်ားကို လည္းေကာင္း၊ တတိယ အေနျဖင့္ တစ္ဦးခ်င္းယာဥ္ပိုင္ရွင္မ်ားမွ စုဖြဲ႕ထားသည့္ ယာဥ္လိုင္းမ်ားကို ထုတ္ေပးသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။

ထို smart card အေပၚမွာ ID နံပါတ္၊ ယာဥ္ေမာင္းအမည္၊ မွတ္ပုံတင္နံပါတ္၊ လိုင္စင္နံပါတ္၊ ကုမၸဏီအမည္၊ သက္တမ္း ကုန္ဆုံးရက္ စတဲ့ အခ်က္အလက္ေတြကို ေရးသားထားကာ ကတ္ထမွာေတာ့ ယာဥ္ေမာင္းရဲ႕ ကိုယ္ေရးအခ်က္အလက္ အေသးစိတ္ကိုထည့္သြင္းထားတယ္လို႔ သိရပါတယ္။

 ဇြဲမာန္                                              
ရန္ကုန္၊ ဇြန္ ၂၀