ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေးအောင်မြင်လိုသောကိစ္စများအတွက် တနင်္ဂနွေ သားသမီးများနှင့်တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း ပြဿနာတွေများနေတတ်လို့ သင်စိတ်ရှုပ်ရတဲ့ အချိန်အခါပါ။ဒီရက်ပိုင်း ပြောစကားအရာမရောက်ဖြစ်တတ်သလို ပြဿနာဟောင်းတွေ၊ ရောဂါဟောင်းတွေ ပြန်ပေါ်တတ် ပါတယ်။ဒါပေမယ့် ဆုံးရှုံးခဲ့တဲ့ အခွင့်အရေးတွေ၊ ငွေတွေ ပြန်ရမယ့်အချိန်ဖြစ်ပါတယ်။ဒီကာလမှာ ရွှေအထည် ငွေထည်အဟောင်းတွေ ဝင်လာတတ်လို့ ဝင်လာရင် သင့်အတွက် ကံမကောင်းစေတဲ့အတွက် လက်မခံသင့်ပါဘူး။ထွက်သွားတဲ့ငွေတွေ ပြန်ဝင်လာဖို့ရှိနေပါတယ်။ခရီးကံကောင်းနေလို့ သွားဖို့စီစဉ်ထားသမျှ ဖြစ်လာမှာဖြစ်သလို မမျှော်လင့်ထားတဲ့ ဘာသာရေးခရီးတွေလည်း သွားရတတ်ပါတယ်။ဒီကာလမှာ အိမ်ခြံမြေသမားတွေ၊ ဆောက်လုပ်ရေးသမားတွေ၊ ခရီးသွားလုပ်ငန်းရှင်တွေအတွက် အဆင်ပြေမယ့်အချိန်ကာလရောက်နေသလို ရေထွက်ကုန်လုပ်ကိုင်သူတွေ လုပ်ငန်းကောင်းမယ့် အချိန် ဖြစ်နေပါတယ်။စပ်တူကိစ္စတွေ၊ စာချုပ်နဲ့လုပ်ရတဲ့လုပ်ငန်းတွေ ရှောင်ပါဦး။ကျန်းမာရေးကတော့ အစားစားချိန်မမှန်တာကို အထူးဂရုစိုက်သင့်ပါတယ်။ပညာရေးကံကတော့ ဒီကာလမှာကောင်းနေပြီး လုပ်ငန်းခွင်အတွင်း ရာထူးတိုးစာမေးပွဲဖြေထားသူတွေ ကံ့ကော်ပန်းတစ်ပွင့်လောက် အမြဲဆောင်ထားသင့်ပါတယ်။အိမ်ထောင်ရှင်များ ဒီရက်ပိုင်းမှာ သတင်းကောင်းတွေနဲ့ စီးပွားရေး၊ လူမှုရေးမှာ ထင်သလောက်ခရီးလမ်းပေါက်နေပေမယ့် ချစ်သူတွေကတော့ ဘာလုပ်လုပ်အဆင်မပြေဖြစ်တတ် ပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ နေအိမ်ရှိ ဘုရားအား ယခုရက်သတ္တပတ်တစ်ခုလုံး ကံ့ကော်ပန်းဖြင့်ပူဇော်ကာ လိုရာဆုတောင်းပါ။
ပြည်ပထွက်ခွာလိုသူများ ။ ။ ရပ်ကွက်ထဲရှိခွေးလေခွေးလွင့်များ အိပ်တတ်သည့်နေရာတွင် အခင်းတစ်ခုခုချထားပေးပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ နေအိမ်ရှိ ဘုရားတွင် ကံ့ကော်ညွှန့်နှင့် အောင်သပြေညွှန့်ကို ၉ ညွှန့်စီပန်းအိုးတစ်ခုဖြင့်ကပ်လှူကာ လျှောက်ထားသည့်အလုပ်ကို အာရုံပြုဆုတောင်းပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ နံနက်မိုးလင်းနှင့် ညအိပ်ရာဝင်တိုင်း အိမ်ထောင်ဘက်/ချစ်သူကို စိတ်ညွှတ်ကာ မေတ္တာသုတ်ရွတ်ဆိုပေးပါ။
လူမှုရေးအတိုက်အခံများသူများ ။ ။ နေ့စဉ် နေအိမ်မှမထွက်မီ မိမိခန္ဓာကိုယ်ကို အဝန်းဝိုင်းအာရုံပြု၍ စည်းတားကာ အရဟံဂုဏ်တော် ၉ ခေါက်ရွတ်ဆိုပြီးမှ ထွက်ပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ ဘုရားတွင် ရွှေသင်္ကန်း (သို့မဟုတ်) ထုံးသင်္ကန်း ကပ်လှူပေးပါ။
ထီကံကောင်းလိုသူများ ။ ။ သွားရင်းလာရင်းတွေ့သည့် ထီဆိုင်တွင် ၁/၂ ဂဏန်းများပါသည့် ထီလက်မှတ်ကိုထိုးပါ။
( Zawgyi )
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနဂၤေႏြ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္းအတြင္း ျပႆနာေတြမ်ားေနတတ္လို႔ သင္စိတ္ရႈပ္ရတဲ့ အခ်ိန္အခါပါ။ဒီရက္ပိုင္း ေျပာစကားအရာမေရာက္ျဖစ္တတ္သလို ျပႆနာေဟာင္းေတြ၊ ေရာဂါေဟာင္းေတြ ျပန္ေပၚတတ္ ပါတယ္။ဒါေပမယ့္ ဆုံးရႈံးခဲ့တဲ့ အခြင့္အေရးေတြ၊ ေငြေတြ ျပန္ရမယ့္အခ်ိန္ျဖစ္ပါတယ္။ဒီကာလမွာေ႐ႊအထည္ ေငြထည္အေဟာင္းေတြ ဝင္လာတတ္လို႔ ဝင္လာရင္ သင့္အတြက္ ကံမေကာင္းေစတဲ့အတြက္ လက္မခံသင့္ပါဘူး။ထြက္သြားတဲ့ေငြေတြ ျပန္ဝင္လာဖို႔ရွိေနပါတယ္။ခရီးကံေကာင္းေနလို႔ သြားဖို႔စီစဥ္ထားသမွ် ျဖစ္လာမွာျဖစ္သလို မေမွ်ာ္လင့္ထားတဲ့ ဘာသာေရးခရီးေတြလည္း သြားရတတ္ပါတယ္။ဒီကာလမွာ အိမ္ၿခံေျမသမားေတြ၊ ေဆာက္လုပ္ေရးသမားေတြ၊ ခရီးသြားလုပ္ငန္းရွင္ေတြအတြက္ အဆင္ေျပမယ့္အခ်ိန္ကာလေရာက္ေနသလို ေရထြက္ကုန္လုပ္ကိုင္သူေတြ လုပ္ငန္းေကာင္းမယ့္ အခ်ိန္ ျဖစ္ေနပါတယ္။စပ္တူကိစၥေတြ၊ စာခ်ဳပ္နဲ႔လုပ္ရတဲ့လုပ္ငန္းေတြ ေရွာင္ပါဦး။က်န္းမာေရးကေတာ့ အစားစားခ်ိန္မမွန္တာကို အထူးဂ႐ုစိုက္သင့္ပါတယ္။ပညာေရးကံကေတာ့ ဒီကာလမွာေကာင္းေနၿပီး လုပ္ငန္းခြင္အတြင္း ရာထူးတိုးစာေမးပြဲေျဖထားသူေတြ ကံ့ေကာ္ပန္းတစ္ပြင့္ေလာက္ အၿမဲေဆာင္ထားသင့္ပါတယ္။အိမ္ေထာင္ရွင္မ်ား ဒီရက္ပိုင္းမွာသတင္းေကာင္းေတြနဲ႔ စီးပြားေရး၊ လူမႈေရးမွာ ထင္သေလာက္ခရီးလမ္းေပါက္ေနေပမယ့္ ခ်စ္သူေတြကေတာ့ ဘာလုပ္လုပ္အဆင္မေျပျဖစ္တတ္ ပါတယ္။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ေနအိမ္ရွိ ဘုရားအား ယခုရက္သတၱပတ္တစ္ခုလုံး ကံ့ေကာ္ပန္းျဖင့္ပူေဇာ္ကာ လိုရာဆုေတာင္းပါ။
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ ရပ္ကြက္ထဲရွိေခြးေလေခြးလြင့္မ်ား အိပ္တတ္သည့္ေနရာတြင္ အခင္းတစ္ခုခုခ်ထားေပးပါ။
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ေနအိမ္ရွိ ဘုရားတြင္ ကံ့ေကာ္ၫႊန္႔ႏွင့္ ေအာင္သေျပၫႊန႔္ကို ၉ၫႊန္႔စီ ပန္းအိုးတစ္ခုျဖင့္ကပ္လႉကာ ေလွ်ာက္ထားသည့္အလုပ္ကို အာ႐ုံျပဳဆုေတာင္းပါ။
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ နံနက္မိုးလင္းႏွင့္ ညအိပ္ရာဝင္တိုင္း အိမ္ေထာင္ဘက္/ခ်စ္သူကို စိတ္ၫႊတ္ကာ ေမတၱာသုတ္႐ြတ္ဆိုေပးပါ။
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ေန႔စဥ္ ေနအိမ္မွမထြက္မီ မိမိခႏၶာကိုယ္ကို အဝန္းဝိုင္းအာ႐ုံျပဳ၍ စည္းတားကာ အရဟံဂုဏ္ေတာ္ ၉ ေခါက္႐ြတ္ဆိုၿပီးမွ ထြက္ပါ။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ဘုရားတြင္ ေ႐ႊသကၤန္း (သို႔မဟုတ္) ထုံးသကၤန္း ကပ္လႉေပးပါ။
ထီကံေကာင္းလိုသူမ်ား ။ ။ သြားရင္းလာရင္းေတြ႕သည့္ ထီဆိုင္တြင္ ၁/၂ ဂဏန္းမ်ားပါသည့္ ထီလက္မွတ္ကိုထိုးပါ။