ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်တာ အကောင်းဆုံးပါ။ဒီရက်ပိုင်း လက်လွန်ထားတဲ့ ငွေကြေးတွေ ပြန်ရလာတတ်သလို ဆုံးပြီထင်တဲ့ငွေတွေ၊ ထွက်သွားတဲ့ ရွှေငွေတွေ ပြန်ဝင်လာတတ်တဲ့ အချိန်အခါပါ။လူမျိုးခြား၊ ဘာသာခြားနဲ့ လုပ်ကိုင်သူတွေ ယခုရက်ပိုင်း အကျိုးမြတ်ကြီးကြီးရကိန်းရှိနေသလို နေရာထိုင်ခင်း အပြောင်းအရွှေ့ရှိနိုင်ပါတယ်။အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတွေ မကောင်းပေမယ့် ကားနဲ့ပတ်သက်တဲ့ အလုပ်လုပ်ကိုင်သူတွေ လုပ်ငန်းကောင်းမယ့် အချိန်အခါပါ။ပြည်တွင်း ပြည်ပ ခရီးတွေ ပျက်တတ်ပါတယ်။စပ်တူကိစ္စတွေ၊ လူမျိုးခြားနဲ့ လုပ်ကိုင်တဲ့ အလုပ်တွေကောင်းပါတယ်။ပညာရေးကံကောင်းပေမယ့် အပေါင်းအသင်းမက်တာကြောင့် မျှော်မှန်းထားသလို မဖြစ်ဘဲနေတတ်ပါတယ်။ကျန်းမာရေးကတော့ အဆစ်အမြစ်ကိုက်တာတွေ၊ အာရုံကြောအားနည်းလို့ ခြေလက်မမြဲတာတွေ ဖြစ်တတ်ပါတယ်။သတိထားပါ။
အိမ်ထောင်သည်တွေ ခဏတာခွဲရတာရှိသလို ချစ်သူတွေ လိုအင်ဆန္ဒပြည့်၀မယ့် အချိန်ပါ။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ယခုတစ်ပတ်လုံး သကြားယာဂုဆွမ်းကပ်ကာ ဘုရားပန်းအိုးတွင် ငွေပန်းကပ်လှူပါ။
ပြည်ပထွက်ခွာလိုသူများ ။ ။ လမ်းထဲကြွလာသည့် သီလရှင်ငယ်များအား ထီး၊ ဖိနပ် လှူဒါန်းပေးပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ နေအိမ်၏ တနင်္လာထောင့်အရပ်ရှိ ဘုရားတွင် အရဟံဂုဏ်တော်ကို သက်စေ့ အဓိဋ္ဌာန်ပုတီးစိပ်ပေးပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ ဆွမ်းခံကြွလာသည့် သံဃာတော်အား ကောက်ညှင်းပေါင်း ကပ်လှူပေးပါ။
လူမှုရေးအတိုက်အခံများသူများ ။ ။ နံနက်အိပ်ယာထနှင့် အိပ်ယာဝင် မေတ္တာသုတ် ရွတ်ဆိုပူဇော်ပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ မွေးနေ့တွင် လမ်းထဲရှိ ခွေးများအား ညဘက်အစာကျွေးပါ။
ထီကံကောင်းလိုသူများ ။ ။ သင့်ရှေ့ရောက်လာသည့် ထီကားမှ ၂/၅ ဆက်နေသည့် ဂဏန်းအတွဲပါသည့် ထီတစ်စောင်ကို ရှာထိုးလိုက်ပါ။
( Zawgyi )
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ တနလၤာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္တာ အေကာင္းဆုံးပါ။ဒီရက္ပိုင္း လက္လြန္ထားတဲ့ ေငြေၾကးေတြ ျပန္ရလာတတ္သလို ဆုံးၿပီထင္တဲ့ေငြေတြ၊ ထြက္သြားတဲ့ ေ႐ႊေငြေတြ ျပန္ဝင္လာတတ္တဲ့ အခ်ိန္အခါပါ။လူမ်ိဳးျခား၊ ဘာသာျခားနဲ႔ လုပ္ကိုင္သူေတြ ယခုရက္ပိုင္း အက်ိဳးျမတ္ႀကီးႀကီးရကိန္းရွိေနသလို ေနရာထိုင္ခင္း အေျပာင္းအေ႐ႊ႕ရွိႏိုင္ပါတယ္။အိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းေတြ မေကာင္းေပမယ့္ ကားနဲ႔ပတ္သက္တဲ့ အလုပ္လုပ္ကိုင္သူေတြ လုပ္ငန္းေကာင္းမယ့္ အခ်ိန္အခါပါ။ျပည္တြင္း ျပည္ပ ခရီးေတြ ပ်က္တတ္ပါတယ္။စပ္တူကိစၥေတြ၊ လူမ်ိဳးျခားနဲ႔ လုပ္ကိုင္တဲ့ အလုပ္ေတြေကာင္းပါတယ္။ပညာေရးကံေကာင္းေပမယ့္ အေပါင္းအသင္းမက္တာေၾကာင့္ ေမွ်ာ္မွန္းထားသလို မျဖစ္ဘဲေနတတ္ပါတယ္။က်န္းမာေရးကေတာ့ အဆစ္အျမစ္ကိုက္တာေတြ၊ အာ႐ုံေၾကာအားနည္းလို႔ ေျခလက္မၿမဲတာေတြ ျဖစ္တတ္ပါတယ္။သတိထားပါ။
အိမ္ေထာင္သည္ေတြ ခဏတာခြဲရတာရွိသလို ခ်စ္သူေတြ လိုအင္ဆႏၵျပည့္၀မယ့္ အခ်ိန္ပါ။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ယခုတစ္ပတ္လုံး သၾကားယာဂုဆြမ္းကပ္ကာ ဘုရားပန္းအိုးတြင္ ေငြပန္းကပ္လႉပါ။
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ လမ္းထဲႂကြလာသည့္ သီလရွင္ငယ္မ်ားအား ထီး၊ ဖိနပ္ လႉဒါန္းေပးပါ။
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ေနအိမ္၏ တနလၤာေထာင့္အရပ္ရွိ ဘုရားတြင္ အရဟံဂုဏ္ေတာ္ကို သက္ေစ့ အဓိ႒ာန္ပုတီးစိပ္ေပးပါ။
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ ဆြမ္းခံႂကြလာသည့္ သံဃာေတာ္အား ေကာက္ညႇင္းေပါင္း ကပ္လႉေပးပါ။
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ နံနက္အိပ္ယာထႏွင့္ အိပ္ယာဝင္ ေမတၱာသုတ္ ႐ြတ္ဆိုပူေဇာ္ပါ။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေမြးေန႔တြင္ လမ္းထဲရွိ ေခြးမ်ားအား ညဘက္အစာေကြၽးပါ။
ထီကံေကာင္းလိုသူမ်ား ။ ။ သင့္ေရွ႕ေရာက္လာသည့္ ထီကားမွ ၂/၅ ဆက္ေနသည့္ ဂဏန္းအတြဲပါသည့္ ထီတစ္ေစာင္ကို ရွာထိုးလိုက္ပါ။