ယခုတစ်ပတ် လူမှုရေး၊စီးပွားရေး၊ပညာရေးစတဲ့ အောင်မြင်လိုသောကိစ္စအဝဝအတွက် တနင်္ဂနွေသား သမီးများ နှင့်တိုင်ပင်ဆောင်ရွက်တာအကောင်းဆုံးပါ။ယခုရက်ပိုင်းအတွင်း ငွေကြေးအဝင်ကောင်းပေမယ့် ကုန်ကျစရာ များတဲ့ ကာလဖြစ်သလို ရသမျှ အဖတ်မတင်ဖြစ်တတ်ပါတယ်။ မိတ်ဆွေကောင်းတွေ ဒီကာလမှာရတတ်သလို သူတို့ကြောင့်ဘဲ ကြုံလာရတဲ့ အခက်အခဲနဲ့ အနှောင့်အယှက်တွေ ပြေလည် သွားပါလိမ့်မယ်။ ဒီကာလမှာ လုပ်ငန်းသစ် စတာ၊အလုပ်ပြောင်းတာတွေ လုပ်ဖို့ကောင်းတဲ့ အချိန်အခါ ကောင်းပါ။ စီစဉ်ထားတဲ့ ပြည်တွင်း ပြည်ပ ခရီးတွေ သွားဖြစ်သလို အလှူအတန်းလုပ်ခွင့်လည်း ကြုံတတ်ပါတယ်။ ရေထွက်ကုန်သမားတွေ၊ ခရီးသွားလုပ်ငန်း လုပ်သူတွေ ၊ ရွှေသမားတွေ အလုပ်ကောင်းမယ့်အချိန်ပါ။ စပ်တူရှယ်ယာ အလုပ်တွေ၊ နိုင်ငံခြားသားနဲ့တွဲလုပ်ရတဲ့ အလုပ်တွေ ဒီရက်ပိုင်း အကျိုးဖြစ်တတ်ပါတယ်။ ကျန်းမာရေးကတော့ ညံ့တတ်လို့ သတိထားသင့်ပါတယ်။ ပညာသင်နေတဲ့သူ လုပ်ငန်းခွင်ထဲ ပညာတော်သင် မျှော်မှန်းနေတဲ့ သူတွေ မထင်မှတ်ဘဲ နိုင်ငံခြားပညာ သင်ကိန်းရှိနေပါတယ်။ ပညာသင်နေတဲ့သူတွေ ပညာရည်မှန်းချက် ပြည့်စုံပါမယ်။ အိမ်ထောင်ရှင်များ ၊ ချစ်သူတွေကတော့ ဒီရက်ပိုင်းပူပန်ရတာတွေ၊ အထစ်အငေါ့တွေရှိပေမယ့် ပြန်ပြေလည် သွားပါလိမ့်မယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားအားယခုတစ်ပတ်လုံး ထန်းညက်ဖြင့် ဆွမ်းကပ်လှူပါ။
ပြည်ပထွက်ခွာလိုသူများ။ ။နံနက်စောစောတန်းဆွမ်းကြွသည့် သံဃာတော်များကိုသကြား သာကူ ကပ်လှူပူဇော်ပါ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ အိမ်အနီးဘုရားစေတီရှိဗုဒ္ဓဟူးထောင့်တွင် ဒိဝါတပတိဂါထာသက်စေ့ ရွတ်ဆိုပူဇော်ပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ အိမ်ထောင်ရှင်နှစ်ဦးနေနံပါသည့် ပန်းကိုအိုးတစ်လုံးဖြင့် သပ်သပ်ထိုးကာယခုတစ်ပတ်လုံးဘုရားပူဇော်ပေးပါ။
လူမှုရေးအတိုက်အခံများသူများ။ ။ မကြာခဏ ဘုရားစေတီများသို့ နံနက်စောစောသွားကာရင်ပြင်၊စင်္ကြန်လမ်း များကို သန့်ရှင်းပေးပါ။
ကျန်းမာရေးမကောင်းသူများ။ ။ ရပ်ထဲရွာထဲ နွမ်းပါးသူ၊ကိုယ်ဝန်ဆောင်များကိုဆေးဝါးငွေကြေးထောက်ပံပေးပါ။
ထီကံကောင်းလိုသူများ။ ။ မွေးနေ့မွေးရက်နံနက်စောစောတွင် အရှေ့အရပ်မှ ထီဆိုင်သို့သွားကာ ၄ ဂဏန်း အပူးပါသည့် ထီလက်မှတ်ကိုထိုးပါ။
( Zawgyi )
ယခုတစ္ပတ္ လူမႈေရး၊စီးပြားေရး၊ပညာေရးစတဲ့ ေအာင္ျမင္လိုေသာကိစၥအဝဝအတြက္ တနဂၤေႏြသား သမီးမ်ား ႏွင့္တိုင္ပင္ေဆာင္႐ြက္တာအေကာင္းဆုံးပါ။ယခုရက္ပိုင္းအတြင္း ေငြေၾကးအဝင္ေကာင္းေပမယ့္ ကုန္က်စရာ မ်ားတဲ့ ကာလျဖစ္သလို ရသမွ် အဖတ္မတင္ျဖစ္တတ္ပါတယ္။ မိတ္ေဆြေကာင္းေတြ ဒီကာလမွာရတတ္သလို သူတို႔ေၾကာင့္ဘဲ ႀကဳံလာရတဲ့ အခက္အခဲနဲ႔ အေႏွာင့္အယွက္ေတြ ေျပလည္ သြားပါလိမ့္မယ္။ ဒီကာလမွာ လုပ္ငန္းသစ္ စတာ၊အလုပ္ေျပာင္းတာေတြ လုပ္ဖို႔ေကာင္းတဲ့ အခ်ိန္အခါ ေကာင္းပါ။ စီစဥ္ထားတဲ့ ျပည္တြင္း ျပည္ပ ခရီးေတြ သြားျဖစ္သလို အလႉအတန္းလုပ္ခြင့္လည္း ႀကဳံတတ္ပါတယ္။ ေရထြက္ကုန္သမားေတြ၊ ခရီးသြားလုပ္ငန္း လုပ္သူေတြ ၊ ေ႐ႊသမားေတြ အလုပ္ေကာင္းမယ့္အခ်ိန္ပါ။ စပ္တူရွယ္ယာ အလုပ္ေတြ၊ ႏိုင္ငံျခားသားနဲ႔တြဲလုပ္ရတဲ့ အလုပ္ေတြ ဒီရက္ပိုင္း အက်ိဳးျဖစ္တတ္ပါတယ္။ က်န္းမာေရးကေတာ့ ညံ့တတ္လို႔ သတိထားသင့္ပါတယ္။ ပညာသင္ေနတဲ့သူ လုပ္ငန္းခြင္ထဲ ပညာေတာ္သင္ ေမွ်ာ္မွန္းေနတဲ့ သူေတြ မထင္မွတ္ဘဲ ႏိုင္ငံျခားပညာ သင္ကိန္းရွိေနပါတယ္။ ပညာသင္ေနတဲ့သူေတြ ပညာရည္မွန္းခ်က္ ျပည့္စုံပါမယ္။ အိမ္ေထာင္ရွင္မ်ား ၊ ခ်စ္သူေတြကေတာ့ ဒီရက္ပိုင္းပူပန္ရတာေတြ၊ အထစ္အေငါ့ေတြရွိေပမယ့္ ျပန္ေျပလည္ သြားပါလိမ့္မယ္။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားအားယခုတစ္ပတ္လုံး ထန္းညက္ျဖင့္ ဆြမ္းကပ္လႉပါ။
ျပည္ပထြက္ခြာလိုသူမ်ား။ ။နံနက္ေစာေစာတန္းဆြမ္းႂကြသည့္ သံဃာေတာ္မ်ားကိုသၾကား သာကူ ကပ္လႉပူေဇာ္ပါ။
အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ အိမ္အနီးဘုရားေစတီရွိဗုဒၶဟူးေထာင့္တြင္ ဒိဝါတပတိဂါထာသက္ေစ့ ႐ြတ္ဆိုပူေဇာ္ပါ။
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ အိမ္ေထာင္ရွင္ႏွစ္ဦးေနနံပါသည့္ ပန္းကိုအိုးတစ္လုံးျဖင့္ သပ္သပ္ထိုးကာယခုတစ္ပတ္လုံးဘုရားပူေဇာ္ေပးပါ။
လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ မၾကာခဏ ဘုရားေစတီမ်ားသို႔ နံနက္ေစာေစာသြားကာရင္ျပင္၊စၾကၤန္လမ္း မ်ားကို သန႔္ရွင္းေပးပါ။
က်န္းမာေရးမေကာင္းသူမ်ား။ ။ ရပ္ထဲ႐ြာထဲ ႏြမ္းပါးသူ၊ကိုယ္ဝန္ေဆာင္မ်ားကိုေဆးဝါးေငြေၾကးေထာက္ပံေပးပါ။
ထီကံေကာင္းလိုသူမ်ား။ ။ ေမြးေန႔ေမြးရက္နံနက္ေစာေစာတြင္ အေရွ႕အရပ္မွ ထီဆိုင္သို႔သြားကာ ၄ ဂဏန္း အပူးပါသည့္ ထီလက္မွတ္ကိုထိုးပါ။