【နိုင်ငံတကာဆောင်းပါး】တရုတ်နဲ့ ကိုရီးယားယဉ်ကျေးမှုတွေ ပေါင်းစည်းခြင်းရဲ့ပြယုဒ်

【နိုင်ငံတကာဆောင်းပါး】တရုတ်နဲ့ ကိုရီးယားယဉ်ကျေးမှုတွေ ပေါင်းစည်းခြင်းရဲ့ပြယုဒ်

ခေတ်သစ်တရုတ်နိုင်ငံဟာကြီးမားကျယ်ပြန့်သလောက် လည်ပတ်ချင်စရာနာမည်ကျော်ကြားလှတဲ့ နေရာတွေ လက်ညှိုးထိုးမလွဲလောက်အောင် များပြားလှပါတယ်။ ထိုများပြားလှတဲ့ နေရာဒေသတွေထဲမှ တရုတ်နဲ့ ကိုရီးယား ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ ရောပြွှမ်းနေတဲ့ နေရာလေးတစ်ခုကတော့ ရန်ပြန်းဂျိုဆွန်းတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်စီရင်စုပဲဖြစ်ပါတယ်။ ရန်ပြန်း၏ စုစုပေါင်းဧရိယာဟာ ၄၂၇၀၀ စတုရန်းကီလိုမီတာ (၁၆၅၀၀ စတု ရန်းမိုင်)ကျော် ကျယ်ဝန်းပါတယ်။
ရန်ပြန်းဂျိုဆွန်းတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုဟာ တရုတ်နိုင်ငံ၊ ကျီလင်ပြည်နယ်ထဲတွင် တည်ရှိပြီး ရန်ပြန်းဒေသရဲ့ မြို့တော်မှာ ရန်ကျီမြို့ ဖြစ်ပါတယ်။ ရန်ပြန်း ဂျိုဆွန်းတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုဟာ တရုတ်၊ မြောက်ကိုးရီးယား၊ ရုရှား ၃ နိုင်ငံပေါင်းဆုံရာ နယ်စပ်ဒေသတွင်ရှိသော မြို့လေးဖြစ်ကာ ကိုရီးယားနှင့် တရုတ်လူမျိုးအများဆုံးနေထိုင်သော နေထိုင်ကြပါတယ်။ 
ရန်ပြန်း ဂျိုဆွန်းတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုဟာ ယခင်တုန်းက ဘူလျော၊ ဂိုဂူလျော၊ ဘားဟယ်အစရှိတဲ့ ရှေးဟောင်းတိုင်းပြည်တို့၏ ပိုင်ဆိုင်သောနယ်မြေ ဖြစ်ခဲ့ပါတယ်။ ဂျိုဆွန်းတိုင်းပြည်ကို ဂျပန် တို့ သိမ်းပိုက်ပြီးချိန်တွင် ဂျိုဆွန်း (ကိုးရီးယား) လူမျိုးအများအပြား ဝင်ရောက်နေထိုင်ခဲ့ကြတယ်လို့ သမိုင်းမှတ် တမ်းများအရ သိရပါတယ်။
ရန်ပြန်းသည် ရှည်လျားသောသမိုင်းကြောင်းရှိသည့်အလျောက် လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်မှ တူးဖော် တွေ့ရှိခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များနှင့် သမိုင်းဝင်မှတ်တမ်းများအရ တရုတ်ဆူရှန်မျိုးနွယ်စု အစောဆုံးမွေးရပ်မြေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မင်မင်းဆက်ခေတ်နောက်ပိုင်း ရန်ပြန်းဒေသကို ကျန်းကျိုးအစောင့်တပ်မှအုပ်ချုပ်ခဲ့ပြီး မင်မင်းဆက် ခေတ်နှောင်းပိုင်းတွင် ရန်ကျီ၊ ဟန်ချွမ်း စီရင်စုများအဖြစ် ပိုင်းခြားအုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်က လူနေ နည်းခဲ့ရာ ၁၉ ရာစုနှောင်းပိုင်းတွင် ကိုရီးယားကျွန်းဆွယ်မှ တရုတ်ပြည်သို့ ရွှေ့ပြောင်းနေထိုင်သူများ အစုလိုက် အပြုံလိုက်ပြောင်းရွှေ့နေထိုင်လာခဲ့ကြပါတယ်။
ထိုကဲ့သို့ နိုင်ငံနယ်နိမိတ် ၃ ခုထိစပ်ရာ နေရာတွင်တည်ရှိသောကြောင့် မတူညီသည့် ဘာသာစကားနှင့် ယဉ်ကျေးမှုအမျိုးမျိုးရှိကြသော်လည်း ရန်ပြန်းဒေသတွင် အဓိကရုံးသုံးဘာသာစကားမှာ တရုတ်မန်ဒရင်းနဲ့ ကိုရီး ယားကို အများဆုံးအသုံးပြုကြတယ်လို့ သိရပါတယ်။ 
ထိုဒေသရှိနေထိုင်သူများ၏ ထူးခြားချက်မှာ တရုတ်နှင့် ကိုရီးယား ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ပေါင်းစပ်ထားသဖြင့် တစ်မျိုးတစ်ဖုံထူးခြားလျက်ရှိပါတယ်။ ရိုးရာအဝတ်အစား၊ အစားအသောက်နဲ့ ဓလေ့ထုံးစံ များသည်လည်း ထူးခြားဆန်းပြားလှပါတယ်။
သုံးနိုင်ငံနယ်နိမိတ်ထိစပ်ရာနေရာဖြစ်သော်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ယဉ်ကျေးမှု ဖလှယ်ခြင်းဆိုသည့် ပြယုဒ်သည် ရန်ပြန်းဒေသရှိ  ဟန်တရုတ်နှင့်ကိုးရီးယားအသိုက်အဝန်းများအကြား ထူးခြား သောယဉ်ကျေးမှုဖလှယ်မှုကို ဖြစ်ပေါ်စေကာ မတူညီသော ရိုးရာဓလေ့များ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေ ထိုင်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ရန်ပြန်းဒေသ၏ မြောက်ဘက်တွင် ဟေးလုံကျန်း ပြည်နယ်၊ အနောက်ဘက်တွင်ပိုင်းချန် မြို့နှင့်ကျီလင် မြို့၊ တောင်ဘက်တွင် မြောက်ကိုရီးယား၏ North Hamgyong ပြည်နယ်၊ အရှေ့ဘက်တွင် ရုရှားနိုင်ငံ Primorsky Krai တို့ဖြင့် နယ်နိမိတ်ချင်းထိစပ် လျက်ရှိပါတယ်။
ရန်ပြန်းသည် ဂျိုဆွန်းတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ရေးရဒေသဖြစ်သောကြောင့် ခေတ်ဟောင်း ဂျိုဆွန်း ခေတ်လက်ရာ ဗိသုကာအဆောက်အအုံများ၊ ဂျိုဆွန်းတိုင်းရင်းသားတို့၏ ရိုးရာနေအိမ်၊ ရိုးရာဓလေ့ ထုံးစံများကို လေ့လာတွေ့ရှိနိုင်ပါတယ်။
ရန်ပြန်းဂျိုဆွန်းတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ခေတ်ဟောင်းနှင့် ခေတ်သစ်တို့၏ ဗိသု ကာလက်ရာ ရိုးရာဓလေ့ပေါင်းစပ်မှုတို့ကြောင့် သာယာလှပရုံသာမက နယ်မြေပထဝီဝင်အနေအထားအရလည်း အရေးပါလှသောနယ်မြေတစ်ခု ဖြစ်ပါတယ်။ 
အဆိုပါ ရန်ပြန်းဂျိုဆွန်းတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် တရုတ်နှင့် မြောက်ကိုရီးယား၊  ရုရှားအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး၊ သံတမန်ဆက်ဆံဆိုင်ရေးဆိုင်ရာအတွက် အရေးကြီးသောတံခါး ပေါက် တစ်ချပ်ဟုဆိုလည်း မမှားနိုင်ပေ။
 
 
နိုင်တံခွန်