【နိုင်ငံတကာဆောင်းပါး】ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်းက တရုတ်နိုင်ငံ

【နိုင်ငံတကာဆောင်းပါး】ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်းက တရုတ်နိုင်ငံ

ပြီးခဲ့သော ဆယ်စုနှစ်အတွင်းတွင် တရုတ်နိုင်ငံသည် များစွာသော သမိုင်းဝင် အပြောင်းအလဲများစွာနှင့် ကြုံတွေ့ခဲ့ရပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုယဉ်ကျေးမှုသမိုင်းကြောင်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ အကြား ဟန်ချက်များကို မျှတအောင် ထိန်းညှိနိုင်ခဲ့သည်ကိုလည်း တွေ့ရသည်။ 

အစိုးရသည် မီဒီယာများ ဖော်ပြသကဲ့သို့ မျက်စိပိတ်နားပိတ်နေသည် မဟုတ်ဘဲ ပြည်သူများအတွက် များစွာ ကြိုးစားခဲ့သည်။ ပုဂ္ဂိုလ်ရေးလုံခြုံမှုနှင့် လွတ်လပ်ခြင်းတို့ကို ပြည်သူများရရှိခဲ့ပြီး တရုတ်အစိုးရသည် ပြည်သူများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အဓိက ဦးစားပေးခဲ့သည်။ တရုတ်နိုင်ငံတွင် ခိုက်ရန်ဖြစ်ပွားမှုများကို အနည်းငယ်သာ တွေ့ရှိရပြီး အခြားနိုင်ငံများနှင့် ယှဉ်လျှင် ပို၍ လုံခြုံမှုရှိကြောင်းလည်း တွေ့ရှိရသည်။   

တရားဥပဒေစိုးမိုးမှုနှင့် ပတ်သက်လာလျှင် အမေရိကန်နှင့် တရုတ်တို့ကြားတွင် ချည်းကပ်ပုံ ကွဲပြားသည်ဟု ဆိုသော်လည်း မည်သည့်စနစ်ကမျှ ပိုကောင်းနေခြင်းမဟုတ်ဘဲ တူညီသော အဆုံးသတ်အတွက် တည်ငြိမ်မှုနှင့် အစီအစဉ်ကျမှုကို ထိန်းသိမ်းကာ သွားသော ပုံစံသာဖြစ်သည်။ 

အစိုးရအနေဖြင့် နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်လာလျှင် ပြန်လည်ဖြေရှင်းနိုင်သည့် စွမ်းအင်များကို အခြားနိုင်ငံများကဲ့သို့ အဆင့်ဆင့် ဖြတ်ကျော်စရာမလိုဘဲ အလျင်အမြန် ပုံဖော်ပြသနိုင်ခဲ့သည်။

နိုင်ငံအားလုံးက အတုယူပြီး လိုက်ပါ လုပ်ဆောင်ရမည့် နည်းလမ်းဆိုသည်မှာ မရှိဘဲ နိုင်ငံတစ်ခုချင်းစီ၏ ချည်းကပ်ပုံများသည် ထိုနိုင်ငံနှင့် ပြည်သူများနှင့်သာ များစွာသက်ဆိုင်သည်ဖြစ်သည်။ ထိုကဲ့သို့ အမြင်ရှိမှသာ နိုင်ငံအချင်းချင်းအကြား အားသာချက်နှင့် အားနည်းချက်များကို လက်ခံလာကာ အမုန်းတရားများ မရှိတော့မည် ဖြစ်သည်။ 

တရုတ်အစိုးရသည် ကမ္ဘာ့လူဦးရေအများဆုံးဖြစ်သော ပြည်သူများအတွက် အားသာချက်တစ်ခုဖြစ်သည်။ သို့သော်လည်း အခြားသောနိုင်ငံများက သူတို့က ပို၍ လုပ်နိုင်သည်ဟု ထင်ပြီး နှိုင်းယှဉ်လာကြသည်။ ထိုသို့ အခြေအနေသည် မည်သည့်နိုင်ငံကိုမျှ ကောင်းကျိုးမဖြစ်စေသော လုပ်ရပ်သာ ဖြစ်သည်။  

များစွာသော အမြင်များနှင့် တရုတ်၏ တိုးတက်မှုကဏ္ဍများရှိနေသော်လည်း တရုတ်သည် နိုင်ငံရေး စွက်ဖက်မှုနှင့် လျစ်လျူရှုမှုတို့ကို မလိုလားသော ခမ်းနားကြီးကျယ်မှုရှိသည်ကို ကမ္ဘာကြီးသို့ ချပြနိုင်ခဲ့သည်။ 

စိုးနိုင်ထွန်း

Ref:CMG| China in the last decade