【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကမ္ဘာစစ်ကိုဖြစ်စေမယ့် နယ်ခြားစစ်ပွဲများ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကမ္ဘာစစ်ကိုဖြစ်စေမယ့် နယ်ခြားစစ်ပွဲများ

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲ တရုတ်-အိန္ဒိယ နယ်ခြားတိုက်ပွဲသတင်း၊ တောင်ကိုရီးယား-မြောက်ကိုရီးယားကြား ပြဿနာပိုပြီးပြင်းထန်လာဖွယ်ရှိတဲ့သတင်း၊ ကာကွယ်ဆေး တိတိကျကျမထွက်နိုင်သေးခင်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကမ္ဘာမှာ အန္တရာယ်ကြီးတဲ့အခြေအနေ ရောက်နေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က သတိပေးခဲ့တဲ့သတင်း၊ တရုတ်သမ္မတဆီကို ရွေးကောက်ပွဲအတွက် ထရမ့် က အကူအညီတောင်းခဲ့တယ်ဆိုတဲ့ သတင်းတွေက ယခုရက်သတ္တပတ်အတွင်း သတင်းဖတ်သူတွေစိတ်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ဟိမ၀န္တာတောင်တန်းများပေါ်က ပြင်းထန်တဲ့စစ်ပွဲ

ဇွန် ၁၅ ရက်ကဖြစ်ခဲ့တဲ့ အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်တွေဖြစ်တဲ့ ရန်ပွဲက ကမ္ဘာကိုထိတ်လန့်စေခဲ့ပါတယ်။ဖြစ်တဲ့နေရာက လာကာဒက်ရှ်ဒေသ ဂါလွမ်တောင်ကြားမှာပါ။ဒီနေရာကို အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံအကြား အငြင်းပွားနေတာကြာပါပြီ။ဒီနှစ်နိုင်ငံဟာ နယ်စပ်အငြင်းပွားမှုနဲ့ပတ်သက်ပြီး ၁၉၆၂ ခုနှစ်ကလည်း ကာလတို နယ်စပ်တိုက်ပွဲဖြစ်ခဲ့ပါတယ်။ဒီတိုက်ပွဲမှာ အိန္ဒိယကရှုံးနိမ့်ခဲ့ပါတယ်။ဒီလိုအခြေအနေရှိခဲ့တဲ့အတွက် အိန္ဒိယဘက်က မကျေနပ်တဲ့အခုအခံရှိတာကြာပါပြီ။

ဖြစ်တဲ့ညက ကျောက်တုံးများ၊ တုတ်တွေနဲ့ ထုရိုက်ခဲ့ကြတာမှာ အစောပိုင်းသတင်းထုတ်ပြန်ချက်တွေအရ အိန္ဒိယစစ်တပ်မှ ဗိုလ်မှူးကြီးတစ်ဦးနှင့် စစ်သားနှစ်ဦး သေဆုံးခဲ့တယ်ဆိုပေမယ့် နောက်ပိုင်းမှာ အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံးခဲ့တယ်ဆိုပါတယ်။ထူးဆန်းတာက ဒီနေရာမှာဖြစ်တဲ့တိုက်ပွဲတွေက သေနတ်တစ်ချက်မှ ပစ်ခတ်ရတာမဟုတ်ဘဲ  ကျောက်တုံးတွေ သစ်သားချောင်းတွေနဲ့ ရိုက်နှက်ကြတာပါ။ပြဿနာဖြစ်အပြီး မီဒီယာတွေမှာ ပေါ်ထွက်လာတဲ့ပုံတွေမှာ တရုတ်ဘက်ကသုံးတဲ့ သစ်သားချောင်းတွေမှာ သံချွန်တွေနဲ့စိုက်ထားတာကို တွေ့ရပါတယ်။ဒီလို သေနတ်မသုံးဘဲ ကမ္ဘာဦးလူတွေလို ကျောက်တုံးတွေ၊ သစ်သားချောင်းတွေ သုံးရတာက ၁၉၆၂ ခုနှစ် နှစ်နိုင်ငံနယ်စပ်ပြဿနာအပြီး သဘောတူညီချက်အရ စစ်သားများသည် နယ်စပ်တွင် လက်နက်ပစ်ခတ်ခြင်းကို ရှောင်ရှားရတဲ့အတွက်ပါ။

သတင်းတွေထွက်လာတဲ့အထဲမှာ ကြောက်စရာလန့်စရာတွေချည်းပါဘဲ။အမှောင်ထဲ နာရီအတန်ကြာဖြစ်တဲ့ ပဋိပက္ခထဲ တုတ်များ ခဲတွေနဲ့ နှစ်ဘက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး သေဆုံးသွားတယ်ဆိုတဲ့ အိန္ဒိယစစ်သားတွေက တောင်အောက်က ဂါလွမ်မြစ်ထဲ ပစ်ချခံရသူတွေနဲ့ ပြုတ်ကျသူတွေ ဆိုပါတယ်။ထိုပဋိပက္ခမှာ အိန္ဒိယဖက်မှ စစ်သား ၂၀ သေဆုံးပြီး အနည်းဆုံး ၇၆ ဦးဒဏ်ရာရတယ် ဆိုပါတယ်။တရုတ်ဘက်ကတော့ ဒီဖြစ်ရပ်မှာ သူတို့ဘက်က အသေအပျောက်မရှိဘူးလို့သာ ပြောခဲ့ပါတယ်။နောက်ပိုင်းမှာ အိန္ဒိယဘက်က တရုတ်စစ်သား ၄၀ ခန့် သေဆုံးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ဒီလိုပြဿနာကြောင့် အိန္ဒိယမြို့ကြီးနှစ်မြို့မှာ တရုတ်အလံနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဓာတ်ပုံများကို မီးရှို့ဆန္ဒပြကြသလို အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း  ငြိမ်းချမ်းရေးကိုလိုလားသော်လည်း ရန်စလာလျှင် သင့်တော်သလိုတုံ့ပြန်သွားမယ်ဆိုပြီး ပြောခဲ့တာရှိပါတယ်။

နှစ်ဘက်လုံးက တစ်ဖက်နဲ့ တစ်ဖက် အပြစ်ဖို့နေကြသလို ရန်ပွဲမှာ သူ့ဘက်ကသေသူနည်းတယ် ဟိုဘက်ကသေသူများတယ်ဆိုတဲ့ အချိုးတွေကိုသာပြခဲ့ကြသလို ပဋိပက္ခတွင်ပါဝင်သော အိန္ဒိယစစ်သားများကို ပြင်းထန်စွာအပြစ်ပေးဖို့ တရုတ်နိုင်ငံကတောင်းဆိုသလို အိန္ဒိယစစ်သားများက တရားမဝင် နယ်နိမိတ်ထိန်းချုပ်မျဉ်းကိုဖြတ်ကျော်ကာ အနားကပ်လာတဲ့ တရုတ်စစ်သားများကို တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း အဆိုးဝါးဖြစ်ခဲ့တဲ့ ရန်ပွဲနှင့်ပတ်သက်ပြီး နှစ်နိုင်ငံစလုံးက အပြန်အလှန်အပြစ်ဆို စွပ်စွဲမှုတွေရှိပေမယ့် တင်းမာမှုများလျှော့ချနိုင်ရေးအတွက် နှစ်ဖက်စလုံးက နိုင်ငံရေးနှင့် စစ်ရေးဆွေးနွေးမှုများ လုပ်ဆောင်နေကြပါတယ်။ဒီပြဿနာထဲ အမေရိကန်က ဝင်ရှင်းပေးလိုပေမယ့် နှစ်ဘက်လုံးက ကိုယ့်ဘာသာတိုက်ရိုက်ဖြေရှင်းနေသလို အမျိုးသားရေး အစွန်းရောက်ပြဿနာဖြစ်လာနိုင်တာကိုလည်း ထိန်းထိန်းသိမ်းသိမ်းလုပ်နေရတဲ့ အခြေအနေရှိနေပါတယ်။

ဇွန် ၁၉ ရက်မှာတော့ အိန္ဒိယစစ်တပ်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးစစ်တပ်ကြား ဗိုလ်မှူးချုပ်အဆင့် ဆွေးနွေးပွဲများပြုလုပ်ပြီးနောက် အိန္ဒိယစစ်သားဆယ်ဦးကို ပြန်လွှတ်ပေးခဲ့တယ်ဆိုတဲ့ သတင်းတက်လာခဲ့ပါတယ်။ဒီသတင်းထွက်လာတဲ့အတွက် အိန္ဒိယစစ်တပ်က ရန်ပွဲဖြစ်ပွားအပြီး ပျောက်ဆုံးအိန္ဒိယစစ်သားမရှိဘူးလို့ ငြင်းခဲ့ပါတယ်။ဒါ့အပြင် အိန္ဒိယနယ်မြေထဲ လမ်းပျောက်နေတဲ့ တရုတ်စစ်သားတွေကို တရုတ်ဖက်သို့ ပြန်လည်လွှဲပေးခဲ့တယ်လို့ပြောခဲ့ပါတယ်။လက်ရှိမှာ နှစ်နိုင်ငံစလုံးက အဆိုပါနယ်စပ်ဒေသသို့ စစ်သည်များနှင့် စစ်လက်နက်ပစ္စည်းများ အင်အားတိုးမြှင့်ချထားသလို နယ်စပ်နေရာအများအပြားတွင် တပ်ဖွဲ့များကို ဆိုင်ထားဆဲဖြစ်ပါတယ်။

ဇွန် ၂၀ ရက်မှာတော့ တရုတ်နဲ့ အိန္ဒိယတို့ နှစ်နိုင်ငံအကြားတင်းမာမှုဖြစ်နေတဲ့ ဟိမဝန္တာတောင်တန်း နယ်စပ်ဒေသအတွင်း ဂါလွမ်တောင်ကြားဒေသကို တရုတ်ဘက်က ဘူဒိုဇာတွေ ရွှေ့ပြောင်းပို့ဆောင်ခဲ့တယ်လို့ သတင်းထွက်လာအပြီးမှာတော့ အိန္ဒိယဘက်က တိုက်လေယာဉ်တွေ ကင်းလှည့်ပျံသန်းနေတဲ့အဆင့်ထိ ရောက်လာပါတယ်။

အိန္ဒိယနဲ့ တရုတ်ဟာ နယ်နိမိတ်ခြင်း မိုင်ပေါင်း ၂၂၀၀ ထိစပ်နေပါတယ်။ရှည်လျားတဲ့နယ်စပ်တစ်လျှောက် သမိုင်းကြောင်းနဲ့ လက်ရှိနိုင်ငံရေးအခြေအနေအရ အာရှအင်အားကြီးနှစ်နိုင်ငံကြား နက်ရှိုင်းသော မယုံကြည် မှုများနှင့် ပဋိပက္ခသစ်များ ဖြစ်ပေါ်နေပါတယ်။နှစ်နိုင်ငံစလုံး အကျပ်အတည်းတွေ ကြုံနေပါတယ်။လတ်တလောမှာ အိန္ဒိယနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်နှင့် စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရပြီး တရုတ်နိုင်ငံက စီးပွားရေးတိုးတက်မှုနှုန်း အကြီးအကျယ်နှေးကွေးခြင်းနဲ့ ပိုမိုခြိမ်းခြောက်လာတဲ့ ပထဝီနိုင်ငံရေးပြိုင်ဖက် အမေရိကန်၊ ဂျပန်တို့နဲ့ ပိုမိုပြင်းထန်တဲ့ပဋိပက္ခကို ရင်ဆိုင်နေရပါတယ်။ဒီအခြေအနေမှာ နှစ်ဘက်လုံးက စစ်ဖြစ်ရတဲ့အထိ မိုက်မိုက်မဲမဲ ရှေ့ဆက်မတိုးချင်ကြပါဘူး။ဒီလိုအဘက်ဘက်က ပြဿနာတွေဝိုင်းနေတဲ့ နှစ်နိုင်ငံစလုံးအတွက် အခြေအနေဆိုးသာကြုံနိုင်မယ့်ပြဿနာကို ဆက်မွေးမလား၊ ရပ်မလား ဘာတွေဆက်လုပ်မလဲဆိုတာ ဆက်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ပြုံးယမ်းရဲ့ ပြည်တွင်းအကျပ်အတည်း စစ်ပွဲဆီရွေ့နေပြီလား

မြောက်ကိုရီယား နယ်နမိတ်အတွင်းရှိ ကေဆွန်းမြို့မှ မီးခိုးလုံးကြီးများထိုးတက်လာတာကို ဇွန်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းမှာ တောင်ကိုရီယားဘက်ခြမ်းက ရုတ်တရက်တွေ့လိုက်ရပါတယ်။ဒါဟာ မြောက်ကိုရီးယားဘက်က တောက်လျှောက်ကြိမ်းဝါးနေတဲ့ တောင်-မြောက် ဆက်သွယ်ရေးရုံးကို ကြိမ်းဝါးတဲ့အတိုင်း မြောက်ကိုရီးယားဘက်က ဖောက်ခွဲလိုက်တာပါ။ဒီဆက်သွယ်ရေးရုံးက တောင်နှင့် မြောက် နှစ်နိုင်ငံအကြား သံရုံးသဖွယ် လုပ်ငန်းများလုပ်ဆောင်ဖို့ ၂၀၀၈ စက်တင်ဘာလမှ စတင်ဖွင့်လှစ်ခဲ့တာပါ။ဇွန်လ ၉ ရက်က နှစ်နိုင်ငံအကြားထားရှိသော hot line ခေါ် အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်းလိုင်းတွေ တစ်ဖက်သတ်ဖြတ်တောက်အပြီး ဒုတိယမြောက်ဖြစ်တဲ့ ဖြစ်ရပ်ပါ။

လတ်တလောမှာ မြောက်ကိုရီးယားဘက်က ခေါင်းစဉ်ဖော်ထားတာက မြောက်ကိုရီးယား ပြည်ပြေးတွေက လုံခြုံရေးတင်းကြပ်စွာချထားသော နယ်စပ်ကိုကျော်ဖြတ်ဖို့ မိုးပျံပူဖောင်းတွေ၊ မြစ်ထဲပုလင်းများမျောပြီး ဝါဒဖြန့်လက်ကမ်းစာစောင်များကို အစားအစာများ၊ အမေရိကန် တစ်ဒေါ်လာတန်၊ အသေးစားရေဒီယိုများနှင့် တောင်ကိုရီးယားဇာတ်ကားများနှင့် သတင်းများပါရှိသော USB stick များ ထည့်မျောနေတဲ့ ကိစ္စပါဘဲ။ဒီကိစ္စကိုလည်း တောင်ကိုရီးယားဘက်က ၂၀၁၈ ခုနှစ်ကတည်းက ဖြေရှင်းပေးမယ်ဆိုပြီး ကတိကဝတ်ပြုထားသလို လတ်တလောမှာလည်း တောင်ကိုရီးယားအာဏာပိုင်တွေက ၎င်းပြည်ပြေးအုပ်စုနှစ်စုကို ပတ်ဝန်းကျင်ပျက်စီးမှုများကို ဖန်တီးနေသည်ဟုဆိုကာ ဥပဒေအရ အရေးယူခဲ့ပါတယ်။ဒါပေမယ့် မြောက်ကိုရီးယားဘက်က လိုချင်တာက ဒါမဟုတ်ပါဘူး။သူ့နိုင်ငံထဲမှာ ကိုဗစ်-၁၉ ကူးစက်သူမရှိဘူးဆိုပြီး တွင်တွင်ငြင်းပေမယ့် ကိုဗစ်ကြောင့် တင်းကျပ်ထားရတဲ့ နိုင်ငံတွင်းပြည်သူရဲ့ အစိုးရအပေါ်အာရုံကိုလွှဲဖို့နဲ့ အမေရိကန်ကချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ပါဘဲ။ဒီအတွက် တောင်ကိုရီးယားဘက်ကို လှည့်မဲနေတဲ့သဘောပါဘဲ။

ယခုလို ကေဆွန်းကရုံးကို ဖြိုချဖောက်ခွဲလိုက်တဲ့အတွက် မိုးပျံပူပေါင်းများမှာ လှုံ့ဆော်စာများချည်ကာ လွှတ်တင်ခဲ့မှုများအပေါ် ဒေါသထွက်နေကြသောလူများကို  နှစ်သိမ့်ပေးရာ ရောက်နိုင်ခဲ့ပါတယ်။ပြည်တွင်းက အစိုးရအပေါ်ကျနေတဲ့  စားနပ်ရိက္ခာပြဿနာနဲ့ စီးပွားရေးကျဆင်းမှု မကျေနပ်မှုအာရုံကိုပြောင်းနိုင်ဖို့ ယခင်က တပ်ရုပ်သိမ်းခဲ့တဲ့ တောင်ကို ရီးယားနယ်စပ် စစ်မဲ့ဇုန်နှင့် နယ်စပ်ဒေသများကို တပ်များပြန်လွှတ်မည်ဆိုပြီး ခြိမ်းခြောက်လာခဲ့ပြန်ပါတယ်။မြောက်ကိုရီးယားက ဘာတွေကြံစည်နေလဲ။စစ်ဖြစ်ဖို့လား။ဒါဆို မြောက်ကိုရီးယားဘက်က ဒီစစ်ကိုဦးဆောင်မယ့်သူက ဘယ်သူလဲဆိုတာ မေးခွန်းထုတ်ဖို့လိုလာပါတယ်။လက်ရှိမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် လူမြင်ကွင်းမှာထွက်တဲ့ပုံတွေ့ရတာ မရှိသလောက်ဖြစ်ပြီး ကြိုတင်ပြင်ဆင်ထားတဲ့ ဗီဒီယိုတွေထဲမှာသာ ကင်ဂျုံအမ် ကို တွေ့ရတာပါ။ကင်ဂျုံအမ် ညီမ ကင်ယိုဂျုံသာ စီမံနေတာ၊ ဝါဒဖြန့်တာတွေ လုပ်နေတာတွေ့ရတဲ့အတွက် ခန့်မှန်းရခက်နေပါတယ်။

တောင်ကိုရီးယားဘက်ကတော့ မြောက်ကိုရီးယားရဲ့ ရန်စမှုကို သည်းခံစိတ်ကုန်နေပါပြီ။ဇွန် ၁၆ ရက်မှာဘဲ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက စာထုတ်ပြီး မြောက်ကိုရီးယားဘက်က တမင်ရန်စသည့် စစ်ရေးဆိုင်ရာလုပ်ဆောင်ချက်မှန်သမျှကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ပြောခဲ့ပါတယ်။တစ်ဘက်ကလည်း တင်းမာမှုများပြေလျော့စေရေးအတွက် အထူးသံတမန်များစေလွှတ်ဖို့ တောင်ကိုရီးယားဘက်က ကမ်းလှမ်းပေမယ့် မြောက်ကိုရီးယားဘက်က တင်းတင်းမာမာ ပယ်ချခဲ့တဲ့အတွက် ခံပြင်းစရာအခြေအနေပါ။အမြဲလိုလို အဆင်ပြေအောင် ပြေပြေလည်လည်ပြောလေ့ရှိတဲ့ တောင်ကိုရီယားလေသံက ယခုအခါတင်းမာနေသလို နောက်ထပ် မြောက်ဘက်ကနေ စစ်ရေးအရထပ်လှုပ်ရှားလာဦးမယ်ဆိုရင် တန်ဖိုးကြီးကြီးပေးဆပ်ရလိမ့်မယ်လို့ တောင်ကိုရီယား ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောခဲ့ပါတယ်။သမ္မတ မွန်ဂျေးအင်း ရုံးကလည်း “အဓိပ္ပါယ်မဲ့ပြီး  ရိုင်းစိုင်းတဲ့လုပ်ရပ်တွေ” ကို နောက်ထပ်သည်းခံနိုင်စွမ်း မရှိတော့ဘူးလို့ သတိပေးခဲ့ပါတယ်။

မြောက်ကိုရီးယားဘက်က ၂၀၁၈ ခုနှစ်က နှစ်နိုင်ငံအကြား သဘောတူညီချက်မှာပါတဲ့ နယ်စပ်ဒေသမှာ စစ်ရေးလေ့ကျင့်တာတွေမလုပ်ဖို့၊ မြေမြှုပ်မိုင်းတွေရှင်းလင်းဖို့၊ နယ်ခြားစောင့်စခန်းတွေဖျက်ဆီးဖို့ စတဲ့ သဘောတူညီချက်တွေကို ချိုးဖောက်နေပြီဖြစ်တဲ့အတွက် သည်းမခံတော့ဘူးဆိုတဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်ဘက်က ရှေ့တိုးပြီး မြောက်ကိုရီးယားဆင်နေတဲ့ စစ်မက်ခွင်ထဲဝင်မလား၊ ထုံးစံအတိုင်း မြောက်ကိုရီးယားဘက်က အဖျားရှူးသွားမလား၊ ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာ ရင်တမမစောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

အနောက်အုပ်စုနဲ့ တရုတ်ကြား ပြင်းထန်လာတဲ့တင်းမာမှု

မကြာမီက ဩစတြေးလျှဘက်က သတင်းတစ်ပုဒ်တက်လာပါတယ်။ဒါက လက်ရှိ ဩစတြေးလျအဖွဲ့အစည်းများမှာ ကြုံတွေ့ရသော ဆိုက်ဘာတိုက်ခိုက်ခံရမှုတွေနဲ့ ပတ်သက်ပြီးပါ။မကြာသေးမီလများအတွင်း ဩစတြေးလျှနိုင်ငံရှိ ဆေးရုံတွေနဲ့ နိုင်ငံပိုင်ဌာနတွေမှာ ဆိုက်ဘာတိုက်ခိုက်မှုတွေ ကြုံခဲ့ပါတယ်။ဒီလိုတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အစောပိုင်းကတော့ ပြည်ပအခြေပြု ကျွမ်းကျင်ဟက်ကာတစ်ယောက်ရဲ့လက်ချက်အဖြစ် ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။နောက်ပိုင်းမှာတော့ ထိပ်တန်းသတင်းရင်းမြစ်တွေ အတည်ပြုချက်နဲ့ ဆိုက်ဘာတိုက်ခိုက်ခံရမှုများ၏ နောက်ကွယ်တွင် တရုတ်နိုင်ငံ ပါဝင်ပတ်သက်နေနိုင်တယ်ဆိုပြီး စွပ်စွဲကောက်ချက်ချခဲ့ပါတယ်။

ဒီလိုပြောရတာလည်း ဆိုက်ဘာလုပ်ငန်းဝန်ဆောင်မှုပေးသော ထိပ်သီးသုံးနိုင်ငံထဲ တရုတ်ပါနေပြီး ကျန်နှစ်နိုင်ငံဖြစ်တဲ့ ရုရှားနှင့် အီရန်တို့က  ဩစတြေးလျှနဲ့ လတ်တလောပြဿနာမရှိသေးလို့ပါဘဲ။အထူးသဖြင့် ဗိုင်းရပ်စ်ပြဿနာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကို စစ်ဆေးပေးဖို့ နိုင်ငံပေါင်း ၈၀ နီးပါးကို ဦးဆောင်ပြီး ဩစတြေးလျှဘက်က တောင်းဆိုတာကို တရုတ်ဘက်က မကျေနပ်ပါဘူး။ဒါကြောင့် ဩစတြေးလျှဘက်က တင်သွင်းတဲ့ လယ်ယာထွက်ကုန်တွေကို တရုတ်ဘက်က အခွန်ကောက်ဖို့ပြန်လုပ်တဲ့ ပြဿနာတွေကြောင့် ဩစတြေးလျှ နဲ့ တရုတ်အကြား ပြဿနာတွေကြောင့် ယခုပြဿနာကို ဩစတြေးလျှဘက်က သံသယရှိဟန်တူပါတယ်။

ဒီအတောအတွင်း ပစိဖိတ်သမုဒ္ဒရာထဲ တန်ချိန် တစ်သိန်းခန့်စီရှိသည့် အမေရိကန် လေယာဉ်တင်သင်္ဘောကြီးသုံးစီးကို နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်လာချပြီး နေရာယူခဲ့တဲ့အတွက် တရုတ်နဲ့ အမေရိကန်အကြား တင်းမာမှုကရှိနေပါတယ်။တရုတ်ဘက်ကတော့ တောင်တရုတ်ပင်လယ်ထဲမှာဖြစ်နေတဲ့ အခြားနိုင်ငံတွေနဲ့ပြဿနာထဲ ဒီသင်္ဘောတွေကနေ ပါဝင်ပတ်သက်လာမှာ စိုးရိမ်နေပါတယ်။ဒီ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောများဖြစ်ကြသည့် USS Ronald Reagan ၊ USS Theodore Roosevelt နဲ့ USS Nimitz သင်္ဘောတွေမှာ တစ်စီးကို တိုက်လေယာဉ် ၆၀ ထက်မနည်း တင်ဆောင်ထားသလို ကာလကြာရှည်စွာနေနိုင်သလို အဆိုပါကင်းလှည့်သင်္ဘောများသည် အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ရှိ တပ်ဖွဲ့များကို ခြိမ်းခြောက်နိုင်တယ်လို့ တရုတ်ဘက်က လက်ခံထားပါတယ်။လတ်တလောမှာလည်း မြောက်ကိုရီးယားက တောင်ကိုရီးယားဘက်ကို ဝင်တိုက်မယ်လို့ ခြိမ်းခြာက်နေတဲ့အတွက် ဒီလေယာဉ်တင်သင်္ဘောသုံးစင်းက ဒီပြဿနာကိုစောင့်ကြည့်ဖို့ဖြစ်သလို တရုတ်ဘက်က ဒီရက်ပိုင်းဖြစ်နေတဲ့ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ မကြာခင် ဗီယက်နမ်ငါးဖမ်းသင်္ဘောကိစ္စတွေနဲ့လည်း ဆိုင်သလိုဖြစ်နေပါတယ်။

တခြားအကြောင်းအရင်းတစ်ရပ်က မကြာမီက တရုတ်က အမေရိကန်ကို “ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်ရေတပ်ဟာ ချုံးချုံးကျနေပြီ” ပြောခဲ့ပါတယ်။ဒါဟာ အမေရိကန်အတွက် ရန်စတာပါဘဲ။ဒါကြောင့် အမေရိကန်ဘက်က သူ့ရေတပ်ကို တရုတ်နဲ့ နီးနီးနားနားလာချပြလိုက်ပြီး ခြိမ်းခြောက်လိုက်တာလားဆိုတာ ထည့်တွက်ရမယ့်ကိစ္စပါ။ဒါပေမယ့် လတ်တလောမှာ ပြီးခဲတဲ့ရက်သတ္တပတ်ကဘဲ အမေရိကန်ရေတပ်က C-40 ပို့ဆောင်ရေးလေယာဉ် ထိုင်ဝမ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံကိုပျံသန်းခဲ့လို့ တရုတ်ဘက်က ပြင်းပြင်းထန်ထန် ဒေါသထွက်ခဲ့ပါသေးတယ်။

ဒီရက်အတွင်းမှာ အမေရိကန်နှင့် တရုတ်အကြား အဆင့်မြင့်လယ်ဗယ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ဒီလိုဆွေးနွေးခဲ့ရာမှာ အမေရိကန်နှင့် တရုတ် သံတမန်ဆက်ဆံရေးက အတင်းမာဆုံးအနေအထားကို ရောက်ခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။ဒီအတွက် တွေ့ဆုံပြီးနောက်တစ်ရက်ဖြစ်တဲ့ ဇွန်လ ၁၈ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က တရုတ်နှင့် အဆက်အသွယ်ဖြတ်တောက်နိုင်တယ်ဆိုပြီး တရုတ်ဘက်ကိုခြိမ်းခြောက်ခဲ့ပါတယ်။ဒီလိုဖြတ်တောက်ရာမှာ ကုန်သွယ်ရေးပါ ပါတယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။   

ဒီလို တရုတ်နဲ့ အမေရိကန်အကြား တင်းမာနေစဉ်မှာ မထင်ထားတဲ့သတင်းတစ်ခု ထွက်လာပါတယ်။ဒါက ထရမ့်ရဲ့ သတင်းပါ။ထရမ့်ရဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ လုပ်ခဲ့သူက သူထုတ်တဲ့စာအုပ်ထဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ သူထပ်မံအနိုင်ရဖို့အတွက် တရုတ်သမ္မတ ရှီကျင့်ဖိန် ကို အကူအညီတောင်းခဲ့တယ်လို့ ရေးခဲ့တာပါ။ဒီလိုထုတ်ဖော်ရေးခဲ့တဲ့ ဂျွန်ဘိုလ်တန်ဆိုသူဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလကမှ ထရမ့်နဲ့ မူဝါဒဆိုင်ရာ သဘောထားကွဲလွဲမှုများဖြစ်ပြီး အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးအရာရှိရာထူးမှ ထုတ်ပယ်ခံခဲ့ရတဲ့သူပါ။ဒါ့အပြင် ဝီဂါလူနည်းစုကိစ္စမှာလည်း ထရမ့် က သမ္မတရှီ ကို ထောက်ခံခဲ့တယ်လို့ ၎င်းစာအုပ်ထဲမှာ ဖော်ပြခဲ့ပါတယ်။လက်ရှိမှာ ဒီစာအုပ်ကိုမထုတ်ရဖို့ တရားရုံးကြားနာမှုတစ်ခုလုပ်ဆောင်ဖို့ အမေရိကန်အစိုးရက ကြိုးပမ်းနေပါတယ်။

တရုတ်အဖို့ နောက်ပိုင်းကြီးမားလာတဲ့ စစ်ရေးနဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေကို အနောက်အုပ်စုက မျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်။ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ဂျပန်တို့ တောင်ကိုရီးယားတို့ အိန္ဒိယတို့ကလည်း စောင့်ကြည့်နေပါတယ်။ဒီအခြေအနေက တရုတ်အတွက် အရမ်းသတိထားရမယ့်အနေအထားပါ။အာရှမှာ တစ်ချိန်က အမေရိကန်ကိုတုပြိုင်ခဲ့တဲ့ ဂျပန်လို အင်အားကြီးနိုင်ငံကလည်း ကြီးထွားလာသော တရုတ်၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ရေးအတွက်ဆိုပြီး ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများတွင် အထူးနေရာရရှိရေး အစီအစဉ်တွေကို ဆွဲနေပါတယ်။

အာရှမှာ တရုတ်နိုးထလာမှုက နိုင်ငံများစွာနဲ့ ကမ္ဘာ့အာဏာချိန်ခွင်ကို အနေအထားတစ်ခုထိ ပြောင်းလာစေခဲ့ပါတယ်။လက်ရှိမှာ တရုတ်နိုင်ငံ ၀ူဟန်မှာစတင်ဖြစ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့နိုင်ငံတွေ အလဲလဲအပြိုပြိုနဲ့ စီးပွားရေးကပ်ဘေးဆိုက်လာနိုင်တာကို ပြင်ဆင်နေရတဲ့အချိန်ပါ။
ဒီအချိန်မှာ အင်အားချိန်ခွင်လျှာ အပြောင်းအလဲဖြစ်လာတာကို ငြင်းဆန်နေတဲ့ အမေရိကန်ခေါင်းဆောင်တဲ့ အနောက်အုပ်စုအနေနဲ့ အချိန်အခါကျလာနေပြီဖြစ်တဲ့ တရုတ်ရဲ့အင်အားကြီးမားလာမှုကို ဘယ်လောက်ထိကန့်သတ်နိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

လတ်တလောမှာ ဒီလိုသတင်းတွေအပြင် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သတင်းတွေဖြစ်တဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်မှု သတင်းတွေထဲမှာ ကူးစက်မှုအရှိန်လျော့နေတဲ့ ဆေးစမ်းဖို့အတွက် လူထောင်ချီပါဝင်တဲ့ စမ်းသပ်မှုနောက်ဆုံး အဆင့်-သုံး လုပ်ဖို့အတွက် ခက်ခဲနေတဲ့သတင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယခုနှစ်အကုန်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးပမာဏ သန်းရာနှင့်ချီထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားတဲ့သတင်း၊ ဆေးဝါးကုမ္ပဏီတွေက ဗိုင်းရပ်စ်ကာကွယ်ဆေးသည် အနည်းဆုံး ၂၀၂၁ ခုနှစ်တိုင်အောင် ဈေးကွက်သို့ရောက်နိုင်မှာမဟုတ်ဘူးလို့ ပြောလိုက်တဲ့သတင်း၊ သေဆုံးမှုနှုန်းကို မလျော့ကျစေသည့်အတွက် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူတွေကို ဆေးရုံမှာ ဟိုက်ဒရောက်ဆီကလိုရိုကွင်း အသုံးပြုခြင်းမပြုဖို့ တားမြစ်လိုက်တဲ့သတင်း၊ အစ္စရေးသုတေသနပညာရှင်များက ဖုန်းအားသွင်းကြိုးနဲ့ အားသွင်းအပူပေးပြီး ကိုရိုနာဗိုင်းရပ်စ်ကို သတ်နိုင်တဲ့ နှာခေါင်းစည်းကို တီထွင်လိုက်တဲ့သတင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူမြင့်မားနေပြီး အာဆီယံမှာ အမြင့်ဆုံးအဆင့်ဖြစ်လာတဲ့သတင်း၊ ကိုဗစ်-၁၉ ရောဂါကင်းစင်သွားခဲ့သည့် နယူးဇီလန်နိုင်ငံမှာ ဗြိတိန်ပြန်နှစ်ဦးမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရတာတွေ့လို့ ကာကွယ်ရေးတပ်ဖွဲ့ကို ကြီးကြပ်စေခဲ့တဲ့သတင်း၊ ကမ္ဘာတစ်၀န်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် ၈ သန်းကျော်လာတဲ့သတင်း၊ ဖေ့စ်ဘုတ်ကုမ္ပဏီက အမုန်းတရားဆန့်ကျင်သည့်မူကို ချိုးဖောက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်ပို့စ်များနှင့် ကြော်ငြာများကို ဖယ်ရှားပစ်ခဲ့တဲ့သတင်း၊ မဲဝယ်တယ်ဆိုတဲ့ သံသယနဲ့ ဂျပန် တရားရေးဝန်ကြီးဟောင်းနှင့် ဇနီးဖြစ်သူ လွှတ်တော်အမတ်ကို ဖမ်းဆီးခဲ့တဲ့သတင်း စတဲ့သတင်းတွေ ဖြစ်ခဲ့တယ်ဆိုတာတင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မင်းထက်
ဇွန် - ၂၂

( Zawgyi )

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲ တ႐ုတ္-အိႏၵိယ နယ္ျခားတိုက္ပြဲသတင္း၊ ေတာင္ကိုရီးယား-ေျမာက္ကိုရီးယားၾကား ျပႆနာပိုၿပီးျပင္းထန္လာဖြယ္ရွိတဲ့သတင္း၊ ကာကြယ္ေဆး တိတိက်က်မထြက္ႏိုင္ေသးခင္မွာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး ကမာၻမွာ အႏၲရာယ္ႀကီးတဲ့အေျခအေန ေရာက္ေနၿပီလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္က သတိေပးခဲ့တဲ့သတင္း၊ တ႐ုတ္သမၼတဆီကို ေ႐ြးေကာက္ပြဲအတြက္ ထရမ့္ က အကူအညီေတာင္းခဲ့တယ္ဆိုတဲ့ သတင္းေတြက ယခုရက္သတၱပတ္အတြင္း သတင္းဖတ္သူေတြစိတ္ကို ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။

ဟိမ၀ႏၲာေတာင္တန္းမ်ားေပၚက ျပင္းထန္တဲ့စစ္ပြဲ

ဇြန္ ၁၅ ရက္ကျဖစ္ခဲ့တဲ့ အိႏၵိယႏွင့္ တ႐ုတ္ ႏွစ္ႏိုင္ငံနယ္ျခားေစာင့္တပ္ေတြျဖစ္တဲ့ ရန္ပြဲက ကမာၻကိုထိတ္လန႔္ေစခဲ့ပါတယ္။ျဖစ္တဲ့ေနရာက လာကာဒက္ရွ္ေဒသ ဂါလြမ္ေတာင္ၾကားမွာပါ။ဒီေနရာကို အိႏၵိယႏွင့္ တ႐ုတ္ ႏွစ္ႏိုင္ငံအၾကား အျငင္းပြားေနတာၾကာပါၿပီ။ဒီႏွစ္ႏိုင္ငံဟာ နယ္စပ္အျငင္းပြားမႈနဲ႔ပတ္သက္ၿပီး ၁၉၆၂ ခုႏွစ္ကလည္း ကာလတို နယ္စပ္တိုက္ပြဲျဖစ္ခဲ့ပါတယ္။ဒီတိုက္ပြဲမွာ အိႏၵိယကရႈံးနိမ့္ခဲ့ပါတယ္။ဒီလိုအေျခအေနရွိခဲ့တဲ့အတြက္ အိႏၵိယဘက္က မေက်နပ္တဲ့အခုအခံရွိတာၾကာပါၿပီ။

ျဖစ္တဲ့ညက ေက်ာက္တုံးမ်ား၊ တုတ္ေတြနဲ႔ ထု႐ိုက္ခဲ့ၾကတာမွာ အေစာပိုင္းသတင္းထုတ္ျပန္ခ်က္ေတြအရ အိႏၵိယစစ္တပ္မွ ဗိုလ္မႉးႀကီးတစ္ဦးႏွင့္ စစ္သားႏွစ္ဦး ေသဆုံးခဲ့တယ္ဆိုေပမယ့္ ေနာက္ပိုင္းမွာ အိႏၵိယတပ္ဖြဲ႕ဝင္ ၂၀ ခန႔္ ေသဆုံးခဲ့တယ္ဆိုပါတယ္။ထူးဆန္းတာက ဒီေနရာမွာျဖစ္တဲ့တိုက္ပြဲေတြက ေသနတ္တစ္ခ်က္မွ ပစ္ခတ္ရတာမဟုတ္ဘဲ  ေက်ာက္တုံးေတြ သစ္သားေခ်ာင္းေတြနဲ႔ ႐ိုက္ႏွက္ၾကတာပါ။ျပႆနာျဖစ္အၿပီး မီဒီယာေတြမွာ ေပၚထြက္လာတဲ့ပုံေတြမွာ တ႐ုတ္ဘက္ကသုံးတဲ့ သစ္သားေခ်ာင္းေတြမွာ သံခြၽန္ေတြနဲ႔စိုက္ထားတာကို ေတြ႕ရပါတယ္။ဒီလို ေသနတ္မသုံးဘဲ ကမာၻဦးလူေတြလို ေက်ာက္တုံးေတြ၊ သစ္သားေခ်ာင္းေတြ သုံးရတာက ၁၉၆၂ ခုႏွစ္ ႏွစ္ႏိုင္ငံနယ္စပ္ျပႆနာအၿပီး သေဘာတူညီခ်က္အရ စစ္သားမ်ားသည္ နယ္စပ္တြင္ လက္နက္ပစ္ခတ္ျခင္းကို ေရွာင္ရွားရတဲ့အတြက္ပါ။

သတင္းေတြထြက္လာတဲ့အထဲမွာ ေၾကာက္စရာလန႔္စရာေတြခ်ည္းပါဘဲ။အေမွာင္ထဲ နာရီအတန္ၾကာျဖစ္တဲ့ ပဋိပကၡထဲ တုတ္မ်ား ခဲေတြနဲ႔ ႏွစ္ဘက္တိုက္ခိုက္ခဲ့ၾကတာျဖစ္ၿပီး ေသဆုံးသြားတယ္ဆိုတဲ့ အိႏၵိယစစ္သားေတြက ေတာင္ေအာက္က ဂါလြမ္ျမစ္ထဲ ပစ္ခ်ခံရသူေတြနဲ႔ ျပဳတ္က်သူေတြ ဆိုပါတယ္။ထိုပဋိပကၡမွာ အိႏၵိယဖက္မွ စစ္သား ၂၀ ေသဆုံးၿပီး အနည္းဆုံး ၇၆ ဦးဒဏ္ရာရတယ္ ဆိုပါတယ္။တ႐ုတ္ဘက္ကေတာ့ ဒီျဖစ္ရပ္မွာ သူတို႔ဘက္က အေသအေပ်ာက္မရွိဘူးလို႔သာ ေျပာခဲ့ပါတယ္။ေနာက္ပိုင္းမွာ အိႏၵိယဘက္က တ႐ုတ္စစ္သား ၄၀ ခန႔္ ေသဆုံးခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ဒီလိုျပႆနာေၾကာင့္ အိႏၵိယၿမိဳ႕ႀကီးႏွစ္ၿမိဳ႕မွာ တ႐ုတ္အလံႏွင့္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္၏ ဓာတ္ပုံမ်ားကို မီးရႈိ႕ဆႏၵျပၾကသလို အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီကလည္း  ၿငိမ္းခ်မ္းေရးကိုလိုလားေသာ္လည္း ရန္စလာလွ်င္ သင့္ေတာ္သလိုတုံ႔ျပန္သြားမယ္ဆိုၿပီး ေျပာခဲ့တာရွိပါတယ္။

ႏွစ္ဘက္လုံးက တစ္ဖက္နဲ႔ တစ္ဖက္ အျပစ္ဖို႔ေနၾကသလို ရန္ပြဲမွာ သူ႔ဘက္ကေသသူနည္းတယ္ ဟိုဘက္ကေသသူမ်ားတယ္ဆိုတဲ့ အခ်ိဳးေတြကိုသာျပခဲ့ၾကသလို ပဋိပကၡတြင္ပါဝင္ေသာ အိႏၵိယစစ္သားမ်ားကို ျပင္းထန္စြာအျပစ္ေပးဖို႔ တ႐ုတ္ႏိုင္ငံကေတာင္းဆိုသလို အိႏၵိယစစ္သားမ်ားက တရားမဝင္ နယ္နိမိတ္ထိန္းခ်ဳပ္မ်ဥ္းကိုျဖတ္ေက်ာ္ကာ အနားကပ္လာတဲ့ တ႐ုတ္စစ္သားမ်ားကို တိုက္ခိုက္ခဲ့တယ္လို႔ စြပ္စြဲခဲ့ပါတယ္။

ႏွစ္ေပါင္း ၅၀ ေက်ာ္အတြင္း အဆိုးဝါးျဖစ္ခဲ့တဲ့ ရန္ပြဲႏွင့္ပတ္သက္ၿပီး ႏွစ္ႏိုင္ငံစလုံးက အျပန္အလွန္အျပစ္ဆို စြပ္စြဲမႈေတြရွိေပမယ့္ တင္းမာမႈမ်ားေလွ်ာ့ခ်ႏိုင္ေရးအတြက္ ႏွစ္ဖက္စလုံးက ႏိုင္ငံေရးႏွင့္ စစ္ေရးေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေနၾကပါတယ္။ဒီျပႆနာထဲ အေမရိကန္က ဝင္ရွင္းေပးလိုေပမယ့္ ႏွစ္ဘက္လုံးက ကိုယ့္ဘာသာတိုက္႐ိုက္ေျဖရွင္းေနသလို အမ်ိဳးသားေရး အစြန္းေရာက္ျပႆနာျဖစ္လာႏိုင္တာကိုလည္း ထိန္းထိန္းသိမ္းသိမ္းလုပ္ေနရတဲ့ အေျခအေနရွိေနပါတယ္။

ဇြန္ ၁၉ ရက္မွာေတာ့ အိႏၵိယစစ္တပ္ႏွင့္ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးစစ္တပ္ၾကား ဗိုလ္မႉးခ်ဳပ္အဆင့္ ေဆြးေႏြးပြဲမ်ားျပဳလုပ္ၿပီးေနာက္ အိႏၵိယစစ္သားဆယ္ဦးကို ျပန္လႊတ္ေပးခဲ့တယ္ဆိုတဲ့ သတင္းတက္လာခဲ့ပါတယ္။ဒီသတင္းထြက္လာတဲ့အတြက္ အိႏၵိယစစ္တပ္က ရန္ပြဲျဖစ္ပြားအၿပီး ေပ်ာက္ဆုံးအိႏၵိယစစ္သားမရွိဘူးလို႔ ျငင္းခဲ့ပါတယ္။ဒါ့အျပင္ အိႏၵိယနယ္ေျမထဲ လမ္းေပ်ာက္ေနတဲ့ တ႐ုတ္စစ္သားေတြကို တ႐ုတ္ဖက္သို႔ ျပန္လည္လႊဲေပးခဲ့တယ္လို႔ေျပာခဲ့ပါတယ္။လက္ရွိမွာ ႏွစ္ႏိုင္ငံစလုံးက အဆိုပါနယ္စပ္ေဒသသို႔ စစ္သည္မ်ားႏွင့္ စစ္လက္နက္ပစၥည္းမ်ား အင္အားတိုးျမႇင့္ခ်ထားသလို နယ္စပ္ေနရာအမ်ားအျပားတြင္ တပ္ဖြဲ႕မ်ားကို ဆိုင္ထားဆဲျဖစ္ပါတယ္။

ဇြန္ ၂၀ ရက္မွာေတာ့ တ႐ုတ္နဲ႔ အိႏၵိယတို႔ ႏွစ္ႏိုင္ငံအၾကားတင္းမာမႈျဖစ္ေနတဲ့ ဟိမဝႏၲာေတာင္တန္း နယ္စပ္ေဒသအတြင္း ဂါလြမ္ေတာင္ၾကားေဒသကို တ႐ုတ္ဘက္က ဘူဒိုဇာေတြ ေ႐ႊ႕ေျပာင္းပို႔ေဆာင္ခဲ့တယ္လို႔ သတင္းထြက္လာအၿပီးမွာေတာ့ အိႏၵိယဘက္က တိုက္ေလယာဥ္ေတြ ကင္းလွည့္ပ်ံသန္းေနတဲ့အဆင့္ထိ ေရာက္လာပါတယ္။

အိႏၵိယနဲ႔ တ႐ုတ္ဟာ နယ္နိမိတ္ျခင္း မိုင္ေပါင္း ၂၂၀၀ ထိစပ္ေနပါတယ္။ရွည္လ်ားတဲ့နယ္စပ္တစ္ေလွ်ာက္ သမိုင္းေၾကာင္းနဲ႔ လက္ရွိႏိုင္ငံေရးအေျခအေနအရ အာရွအင္အားႀကီးႏွစ္ႏိုင္ငံၾကား နက္ရႈိင္းေသာ မယုံၾကည္ မႈမ်ားႏွင့္ ပဋိပကၡသစ္မ်ား ျဖစ္ေပၚေနပါတယ္။ႏွစ္ႏိုင္ငံစလုံး အက်ပ္အတည္းေတြ ႀကဳံေနပါတယ္။လတ္တေလာမွာ အိႏၵိယႏိုင္ငံက ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ စီးပြားေရးအက်ပ္အတည္းကို ရင္ဆိုင္ေနရၿပီး တ႐ုတ္ႏိုင္ငံက စီးပြားေရးတိုးတက္မႈႏႈန္း အႀကီးအက်ယ္ေႏွးေကြးျခင္းနဲ႔ ပိုမိုၿခိမ္းေျခာက္လာတဲ့ ပထဝီႏိုင္ငံေရးၿပိဳင္ဖက္ အေမရိကန္၊ ဂ်ပန္တို႔နဲ႔ ပိုမိုျပင္းထန္တဲ့ပဋိပကၡကို ရင္ဆိုင္ေနရပါတယ္။ဒီအေျခအေနမွာ ႏွစ္ဘက္လုံးက စစ္ျဖစ္ရတဲ့အထိ မိုက္မိုက္မဲမဲ ေရွ႕ဆက္မတိုးခ်င္ၾကပါဘူး။ဒီလိုအဘက္ဘက္က ျပႆနာေတြဝိုင္းေနတဲ့ ႏွစ္ႏိုင္ငံစလုံးအတြက္ အေျခအေနဆိုးသာႀကဳံႏိုင္မယ့္ျပႆနာကို ဆက္ေမြးမလား၊ ရပ္မလား ဘာေတြဆက္လုပ္မလဲဆိုတာ ဆက္ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ၿပဳံးယမ္းရဲ႕ ျပည္တြင္းအက်ပ္အတည္း စစ္ပြဲဆီေ႐ြ႕ေနၿပီလား

ေျမာက္ကိုရီယား နယ္နမိတ္အတြင္းရွိ ေကဆြန္းၿမိဳ႕မွ မီးခိုးလုံးႀကီးမ်ားထိုးတက္လာတာကို ဇြန္လ ၁၆ ရက္ေန႔ ေန႔လည္ပိုင္းမွာ ေတာင္ကိုရီယားဘက္ျခမ္းက ႐ုတ္တရက္ေတြ႕လိုက္ရပါတယ္။ဒါဟာ ေျမာက္ကိုရီးယားဘက္က ေတာက္ေလွ်ာက္ႀကိမ္းဝါးေနတဲ့ ေတာင္-ေျမာက္ ဆက္သြယ္ေရး႐ုံးကို ႀကိမ္းဝါးတဲ့အတိုင္း ေျမာက္ကိုရီးယားဘက္က ေဖာက္ခြဲလိုက္တာပါ။ဒီဆက္သြယ္ေရး႐ုံးက ေတာင္ႏွင့္ ေျမာက္ ႏွစ္ႏိုင္ငံအၾကား သံ႐ုံးသဖြယ္ လုပ္ငန္းမ်ားလုပ္ေဆာင္ဖို႔ ၂၀၀၈ စက္တင္ဘာလမွ စတင္ဖြင့္လွစ္ခဲ့တာပါ။ဇြန္လ ၉ ရက္က ႏွစ္ႏိုင္ငံအၾကားထားရွိေသာ hot line ေခၚ အေရးေပၚဆက္သြယ္ႏိုင္သည့္ တယ္လီဖုန္းလိုင္းေတြ တစ္ဖက္သတ္ျဖတ္ေတာက္အၿပီး ဒုတိယေျမာက္ျဖစ္တဲ့ ျဖစ္ရပ္ပါ။

လတ္တေလာမွာ ေျမာက္ကိုရီးယားဘက္က ေခါင္းစဥ္ေဖာ္ထားတာက ေျမာက္ကိုရီးယား ျပည္ေျပးေတြက လုံၿခဳံေရးတင္းၾကပ္စြာခ်ထားေသာ နယ္စပ္ကိုေက်ာ္ျဖတ္ဖို႔ မိုးပ်ံပူေဖာင္းေတြ၊ ျမစ္ထဲပုလင္းမ်ားေမ်ာၿပီး ဝါဒျဖန႔္လက္ကမ္းစာေစာင္မ်ားကို အစားအစာမ်ား၊ အေမရိကန္ တစ္ေဒၚလာတန္၊ အေသးစားေရဒီယိုမ်ားႏွင့္ ေတာင္ကိုရီးယားဇာတ္ကားမ်ားႏွင့္ သတင္းမ်ားပါရွိေသာ USB stick မ်ား ထည့္ေမ်ာေနတဲ့ ကိစၥပါဘဲ။ဒီကိစၥကိုလည္း ေတာင္ကိုရီးယားဘက္က ၂၀၁၈ ခုႏွစ္ကတည္းက ေျဖရွင္းေပးမယ္ဆိုၿပီး ကတိကဝတ္ျပဳထားသလို လတ္တေလာမွာလည္း ေတာင္ကိုရီးယားအာဏာပိုင္ေတြက ၎ျပည္ေျပးအုပ္စုႏွစ္စုကို ပတ္ဝန္းက်င္ပ်က္စီးမႈမ်ားကို ဖန္တီးေနသည္ဟုဆိုကာ ဥပေဒအရ အေရးယူခဲ့ပါတယ္။ဒါေပမယ့္ ေျမာက္ကိုရီးယားဘက္က လိုခ်င္တာက ဒါမဟုတ္ပါဘူး။သူ႔ႏိုင္ငံထဲမွာ ကိုဗစ္-၁၉ ကူးစက္သူမရွိဘူးဆိုၿပီး တြင္တြင္ျငင္းေပမယ့္ ကိုဗစ္ေၾကာင့္ တင္းက်ပ္ထားရတဲ့ ႏိုင္ငံတြင္းျပည္သူရဲ႕ အစိုးရအေပၚအာ႐ုံကိုလႊဲဖို႔နဲ႔ အေမရိကန္ကခ်မွတ္ထားတဲ့ ပိတ္ဆို႔မႈေတြ ဖယ္ရွားေပးဖို႔ပါဘဲ။ဒီအတြက္ ေတာင္ကိုရီးယားဘက္ကို လွည့္မဲေနတဲ့သေဘာပါဘဲ။

ယခုလို ေကဆြန္းက႐ုံးကို ၿဖိဳခ်ေဖာက္ခြဲလိုက္တဲ့အတြက္ မိုးပ်ံပူေပါင္းမ်ားမွာ လႈံ႕ေဆာ္စာမ်ားခ်ည္ကာ လႊတ္တင္ခဲ့မႈမ်ားအေပၚ ေဒါသထြက္ေနၾကေသာလူမ်ားကို  ႏွစ္သိမ့္ေပးရာ ေရာက္ႏိုင္ခဲ့ပါတယ္။ျပည္တြင္းက အစိုးရအေပၚက်ေနတဲ့  စားနပ္ရိကၡာျပႆနာနဲ႔ စီးပြားေရးက်ဆင္းမႈ မေက်နပ္မႈအာ႐ုံကိုေျပာင္းႏိုင္ဖို႔ ယခင္က တပ္႐ုပ္သိမ္းခဲ့တဲ့ ေတာင္ကို ရီးယားနယ္စပ္ စစ္မဲ့ဇုန္ႏွင့္ နယ္စပ္ေဒသမ်ားကို တပ္မ်ားျပန္လႊတ္မည္ဆိုၿပီး ၿခိမ္းေျခာက္လာခဲ့ျပန္ပါတယ္။ေျမာက္ကိုရီးယားက ဘာေတြႀကံစည္ေနလဲ။စစ္ျဖစ္ဖို႔လား။ဒါဆို ေျမာက္ကိုရီးယားဘက္က ဒီစစ္ကိုဦးေဆာင္မယ့္သူက ဘယ္သူလဲဆိုတာ ေမးခြန္းထုတ္ဖို႔လိုလာပါတယ္။လက္ရွိမွာ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအမ္ လူျမင္ကြင္းမွာထြက္တဲ့ပုံေတြ႕ရတာ မရွိသေလာက္ျဖစ္ၿပီး ႀကိဳတင္ျပင္ဆင္ထားတဲ့ ဗီဒီယိုေတြထဲမွာသာ ကင္ဂ်ဳံအမ္ ကို ေတြ႕ရတာပါ။ကင္ဂ်ဳံအမ္ ညီမ ကင္ယိုဂ်ဳံသာ စီမံေနတာ၊ ဝါဒျဖန္႔တာေတြ လုပ္ေနတာေတြ႕ရတဲ့အတြက္ ခန႔္မွန္းရခက္ေနပါတယ္။

ေတာင္ကိုရီးယားဘက္ကေတာ့ ေျမာက္ကိုရီးယားရဲ႕ ရန္စမႈကို သည္းခံစိတ္ကုန္ေနပါၿပီ။ဇြန္ ၁၆ ရက္မွာဘဲ ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနက စာထုတ္ၿပီး ေျမာက္ကိုရီးယားဘက္က တမင္ရန္စသည့္ စစ္ေရးဆိုင္ရာလုပ္ေဆာင္ခ်က္မွန္သမွ်ကို ျပင္းျပင္းထန္ထန္ တုံ႔ျပန္သြားမယ္လို႔ ေျပာခဲ့ပါတယ္။တစ္ဘက္ကလည္း တင္းမာမႈမ်ားေျပေလ်ာ့ေစေရးအတြက္ အထူးသံတမန္မ်ားေစလႊတ္ဖို႔ ေတာင္ကိုရီးယားဘက္က ကမ္းလွမ္းေပမယ့္ ေျမာက္ကိုရီးယားဘက္က တင္းတင္းမာမာ ပယ္ခ်ခဲ့တဲ့အတြက္ ခံျပင္းစရာအေျခအေနပါ။အၿမဲလိုလို အဆင္ေျပေအာင္ ေျပေျပလည္လည္ေျပာေလ့ရွိတဲ့ ေတာင္ကိုရီယားေလသံက ယခုအခါတင္းမာေနသလို ေနာက္ထပ္ ေျမာက္ဘက္ကေန စစ္ေရးအရထပ္လႈပ္ရွားလာဦးမယ္ဆိုရင္ တန္ဖိုးႀကီးႀကီးေပးဆပ္ရလိမ့္မယ္လို႔ ေတာင္ကိုရီယား ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးက ေျပာခဲ့ပါတယ္။သမၼတ မြန္ေဂ်းအင္း ႐ုံးကလည္း “အဓိပၸါယ္မဲ့ၿပီး  ႐ိုင္းစိုင္းတဲ့လုပ္ရပ္ေတြ” ကို ေနာက္ထပ္သည္းခံႏိုင္စြမ္း မရွိေတာ့ဘူးလို႔ သတိေပးခဲ့ပါတယ္။

ေျမာက္ကိုရီးယားဘက္က ၂၀၁၈ ခုႏွစ္က ႏွစ္ႏိုင္ငံအၾကား သေဘာတူညီခ်က္မွာပါတဲ့ နယ္စပ္ေဒသမွာ စစ္ေရးေလ့က်င့္တာေတြမလုပ္ဖို႔၊ ေျမျမႇဳပ္မိုင္းေတြရွင္းလင္းဖို႔၊ နယ္ျခားေစာင့္စခန္းေတြဖ်က္ဆီးဖို႔ စတဲ့ သေဘာတူညီခ်က္ေတြကို ခ်ိဳးေဖာက္ေနၿပီျဖစ္တဲ့အတြက္ သည္းမခံေတာ့ဘူးဆိုတဲ့ ေတာင္ကိုရီးယားနဲ႔ အေမရိကန္ဘက္က ေရွ႕တိုးၿပီး ေျမာက္ကိုရီးယားဆင္ေနတဲ့ စစ္မက္ခြင္ထဲဝင္မလား၊ ထုံးစံအတိုင္း ေျမာက္ကိုရီးယားဘက္က အဖ်ားရႉးသြားမလား၊ ဘာေတြဆက္ျဖစ္ဦးမလဲဆိုတာ ရင္တမမေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

အေနာက္အုပ္စုနဲ႔ တ႐ုတ္ၾကား ျပင္းထန္လာတဲ့တင္းမာမႈ

မၾကာမီက ဩစေၾတးလွ်ဘက္က သတင္းတစ္ပုဒ္တက္လာပါတယ္။ဒါက လက္ရွိ ဩစေၾတးလ်အဖြဲ႕အစည္းမ်ားမွာ ႀကဳံေတြ႕ရေသာ ဆိုက္ဘာတိုက္ခိုက္ခံရမႈေတြနဲ႔ ပတ္သက္ၿပီးပါ။မၾကာေသးမီလမ်ားအတြင္း ဩစေၾတးလွ်ႏိုင္ငံရွိ ေဆး႐ုံေတြနဲ႔ ႏိုင္ငံပိုင္ဌာနေတြမွာ ဆိုက္ဘာတိုက္ခိုက္မႈေတြ ႀကဳံခဲ့ပါတယ္။ဒီလိုတိုက္ခိုက္ခံရတာနဲ႔ပတ္သက္ၿပီး အေစာပိုင္းကေတာ့ ျပည္ပအေျချပဳ ကြၽမ္းက်င္ဟက္ကာတစ္ေယာက္ရဲ႕လက္ခ်က္အျဖစ္ ဝန္ႀကီးခ်ဳပ္က ေျပာခဲ့ပါတယ္။ေနာက္ပိုင္းမွာေတာ့ ထိပ္တန္းသတင္းရင္းျမစ္ေတြ အတည္ျပဳခ်က္နဲ႔ ဆိုက္ဘာတိုက္ခိုက္ခံရမႈမ်ား၏ ေနာက္ကြယ္တြင္ တ႐ုတ္ႏိုင္ငံ ပါဝင္ပတ္သက္ေနႏိုင္တယ္ဆိုၿပီး စြပ္စြဲေကာက္ခ်က္ခ်ခဲ့ပါတယ္။

ဒီလိုေျပာရတာလည္း ဆိုက္ဘာလုပ္ငန္းဝန္ေဆာင္မႈေပးေသာ ထိပ္သီးသုံးႏိုင္ငံထဲ တ႐ုတ္ပါေနၿပီး က်န္ႏွစ္ႏိုင္ငံျဖစ္တဲ့ ႐ုရွားႏွင့္ အီရန္တို႔က  ဩစေၾတးလွ်နဲ႔ လတ္တေလာျပႆနာမရွိေသးလို႔ပါဘဲ။အထူးသျဖင့္ ဗိုင္းရပ္စ္ျပႆနာနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံကို စစ္ေဆးေပးဖို႔ ႏိုင္ငံေပါင္း ၈၀ နီးပါးကို ဦးေဆာင္ၿပီး ဩစေၾတးလွ်ဘက္က ေတာင္းဆိုတာကို တ႐ုတ္ဘက္က မေက်နပ္ပါဘူး။ဒါေၾကာင့္ ဩစေၾတးလွ်ဘက္က တင္သြင္းတဲ့ လယ္ယာထြက္ကုန္ေတြကို တ႐ုတ္ဘက္က အခြန္ေကာက္ဖို႔ျပန္လုပ္တဲ့ ျပႆနာေတြေၾကာင့္ ဩစေၾတးလွ် နဲ႔ တ႐ုတ္အၾကား ျပႆနာေတြေၾကာင့္ ယခုျပႆနာကို ဩစေၾတးလွ်ဘက္က သံသယရွိဟန္တူပါတယ္။

ဒီအေတာအတြင္း ပစိဖိတ္သမုဒၵရာထဲ တန္ခ်ိန္ တစ္သိန္းခန႔္စီရွိသည့္ အေမရိကန္ ေလယာဥ္တင္သေဘၤာႀကီးသုံးစီးကို ႏွစ္ေပါင္းမ်ားစြာအတြင္း ပထမဆုံးအႀကိမ္လာခ်ၿပီး ေနရာယူခဲ့တဲ့အတြက္ တ႐ုတ္နဲ႔ အေမရိကန္အၾကား တင္းမာမႈကရွိေနပါတယ္။တ႐ုတ္ဘက္ကေတာ့ ေတာင္တ႐ုတ္ပင္လယ္ထဲမွာျဖစ္ေနတဲ့ အျခားႏိုင္ငံေတြနဲ႔ျပႆနာထဲ ဒီသေဘၤာေတြကေန ပါဝင္ပတ္သက္လာမွာ စိုးရိမ္ေနပါတယ္။ဒီ န်ဴကလီးယားစြမ္းအင္သုံး ေလယာဥ္တင္သေဘၤာမ်ားျဖစ္ၾကသည့္ USS Ronald Reagan ၊ USS Theodore Roosevelt နဲ႔ USS Nimitz သေဘၤာေတြမွာ တစ္စီးကို တိုက္ေလယာဥ္ ၆၀ ထက္မနည္း တင္ေဆာင္ထားသလို ကာလၾကာရွည္စြာေနႏိုင္သလို အဆိုပါကင္းလွည့္သေဘၤာမ်ားသည္ အျငင္းပြားဖြယ္ ေတာင္တ႐ုတ္ပင္လယ္ရွိ တပ္ဖြဲ႕မ်ားကို ၿခိမ္းေျခာက္ႏိုင္တယ္လို႔ တ႐ုတ္ဘက္က လက္ခံထားပါတယ္။လတ္တေလာမွာလည္း ေျမာက္ကိုရီးယားက ေတာင္ကိုရီးယားဘက္ကို ဝင္တိုက္မယ္လို႔ ၿခိမ္းျခာက္ေနတဲ့အတြက္ ဒီေလယာဥ္တင္သေဘၤာသုံးစင္းက ဒီျပႆနာကိုေစာင့္ၾကည့္ဖို႔ျဖစ္သလို တ႐ုတ္ဘက္က ဒီရက္ပိုင္းျဖစ္ေနတဲ့ ေဟာင္ေကာင္၊ ထိုင္ဝမ္နဲ႔ မၾကာခင္ ဗီယက္နမ္ငါးဖမ္းသေဘၤာကိစၥေတြနဲ႔လည္း ဆိုင္သလိုျဖစ္ေနပါတယ္။

တျခားအေၾကာင္းအရင္းတစ္ရပ္က မၾကာမီက တ႐ုတ္က အေမရိကန္ကို “ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေမရိကန္ေရတပ္ဟာ ခ်ဳံးခ်ဳံးက်ေနၿပီ” ေျပာခဲ့ပါတယ္။ဒါဟာ အေမရိကန္အတြက္ ရန္စတာပါဘဲ။ဒါေၾကာင့္ အေမရိကန္ဘက္က သူ႔ေရတပ္ကို တ႐ုတ္နဲ႔ နီးနီးနားနားလာခ်ျပလိုက္ၿပီး ၿခိမ္းေျခာက္လိုက္တာလားဆိုတာ ထည့္တြက္ရမယ့္ကိစၥပါ။ဒါေပမယ့္ လတ္တေလာမွာ ၿပီးခဲတဲ့ရက္သတၱပတ္ကဘဲ အေမရိကန္ေရတပ္က C-40 ပို႔ေဆာင္ေရးေလယာဥ္ ထိုင္ဝမ္ကိုျဖတ္ၿပီး ထိုင္းႏိုင္ငံကိုပ်ံသန္းခဲ့လို႔ တ႐ုတ္ဘက္က ျပင္းျပင္းထန္ထန္ ေဒါသထြက္ခဲ့ပါေသးတယ္။

ဒီရက္အတြင္းမွာ အေမရိကန္ႏွင့္ တ႐ုတ္အၾကား အဆင့္ျမင့္လယ္ဗယ္ ေတြ႕ဆုံေဆြးေႏြးမႈ ျပဳလုပ္ခဲ့ပါတယ္။ဒီလိုေဆြးေႏြးခဲ့ရာမွာ အေမရိကန္ႏွင့္ တ႐ုတ္ သံတမန္ဆက္ဆံေရးက အတင္းမာဆုံးအေနအထားကို ေရာက္ခဲ့တယ္လို႔ သတင္းေတြကဆိုပါတယ္။ဒီအတြက္ ေတြ႕ဆုံၿပီးေနာက္တစ္ရက္ျဖစ္တဲ့ ဇြန္လ ၁၈ ရက္မွာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က တ႐ုတ္ႏွင့္ အဆက္အသြယ္ျဖတ္ေတာက္ႏိုင္တယ္ဆိုၿပီး တ႐ုတ္ဘက္ကိုၿခိမ္းေျခာက္ခဲ့ပါတယ္။ဒီလိုျဖတ္ေတာက္ရာမွာ ကုန္သြယ္ေရးပါ ပါတယ္လို႔ သတင္းေတြထြက္လာခဲ့ပါတယ္။   

ဒီလို တ႐ုတ္နဲ႔ အေမရိကန္အၾကား တင္းမာေနစဥ္မွာ မထင္ထားတဲ့သတင္းတစ္ခု ထြက္လာပါတယ္။ဒါက ထရမ့္ရဲ႕ သတင္းပါ။ထရမ့္ရဲ႕ အေမရိကန္ အမ်ိဳးသားလုံၿခဳံေရးအႀကံေပးအရာရွိ လုပ္ခဲ့သူက သူထုတ္တဲ့စာအုပ္ထဲမွာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ သူထပ္မံအႏိုင္ရဖို႔အတြက္ တ႐ုတ္သမၼတ ရွီက်င့္ဖိန္ ကို အကူအညီေတာင္းခဲ့တယ္လို႔ ေရးခဲ့တာပါ။ဒီလိုထုတ္ေဖာ္ေရးခဲ့တဲ့ ဂြၽန္ဘိုလ္တန္ဆိုသူဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလကမွ ထရမ့္နဲ႔ မူဝါဒဆိုင္ရာ သေဘာထားကြဲလြဲမႈမ်ားျဖစ္ၿပီး အေမရိကန္ အမ်ိဳးသားလုံၿခဳံေရးအႀကံေပးအရာရွိရာထူးမွ ထုတ္ပယ္ခံခဲ့ရတဲ့သူပါ။ဒါ့အျပင္ ဝီဂါလူနည္းစုကိစၥမွာလည္း ထရမ့္ က သမၼတရွီ ကို ေထာက္ခံခဲ့တယ္လို႔ ၎စာအုပ္ထဲမွာ ေဖာ္ျပခဲ့ပါတယ္။လက္ရွိမွာ ဒီစာအုပ္ကိုမထုတ္ရဖို႔ တရား႐ုံးၾကားနာမႈတစ္ခုလုပ္ေဆာင္ဖို႔ အေမရိကန္အစိုးရက ႀကိဳးပမ္းေနပါတယ္။

တ႐ုတ္အဖို႔ ေနာက္ပိုင္းႀကီးမားလာတဲ့ စစ္ေရးနဲ႔ ႏိုင္ငံေရး၊ စီးပြားေရးအေျခအေနကို အေနာက္အုပ္စုက မ်က္ေျခမျပတ္ေစာင့္ၾကည့္ေနပါတယ္။ေဒသတြင္းႏိုင္ငံေတြျဖစ္တဲ့ ဂ်ပန္တို႔ ေတာင္ကိုရီးယားတို႔ အိႏၵိယတို႔ကလည္း ေစာင့္ၾကည့္ေနပါတယ္။ဒီအေျခအေနက တ႐ုတ္အတြက္ အရမ္းသတိထားရမယ့္အေနအထားပါ။အာရွမွာ တစ္ခ်ိန္က အေမရိကန္ကိုတုၿပိဳင္ခဲ့တဲ့ ဂ်ပန္လို အင္အားႀကီးႏိုင္ငံကလည္း ႀကီးထြားလာေသာ တ႐ုတ္၏ ဩဇာလႊမ္းမိုးမႈကို တန္ျပန္ႏိုင္ေရးအတြက္ဆိုၿပီး ကုလသမဂၢႏွင့္ အျခားႏိုင္ငံတကာအဖြဲ႕အစည္းမ်ားတြင္ အထူးေနရာရရွိေရး အစီအစဥ္ေတြကို ဆြဲေနပါတယ္။

အာရွမွာ တ႐ုတ္ႏိုးထလာမႈက ႏိုင္ငံမ်ားစြာနဲ႔ ကမာၻ႔အာဏာခ်ိန္ခြင္ကို အေနအထားတစ္ခုထိ ေျပာင္းလာေစခဲ့ပါတယ္။လက္ရွိမွာ တ႐ုတ္ႏိုင္ငံ ၀ူဟန္မွာစတင္ျဖစ္ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကမာၻ႔ႏိုင္ငံေတြ အလဲလဲအၿပိဳၿပိဳနဲ႔ စီးပြားေရးကပ္ေဘးဆိုက္လာႏိုင္တာကို ျပင္ဆင္ေနရတဲ့အခ်ိန္ပါ။
ဒီအခ်ိန္မွာ အင္အားခ်ိန္ခြင္လွ်ာ အေျပာင္းအလဲျဖစ္လာတာကို ျငင္းဆန္ေနတဲ့ အေမရိကန္ေခါင္းေဆာင္တဲ့ အေနာက္အုပ္စုအေနနဲ႔ အခ်ိန္အခါက်လာေနၿပီျဖစ္တဲ့ တ႐ုတ္ရဲ႕အင္အားႀကီးမားလာမႈကို ဘယ္ေလာက္ထိကန႔္သတ္ႏိုင္မလဲဆိုတာ ဆက္လက္ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

လတ္တေလာမွာ ဒီလိုသတင္းေတြအျပင္ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္တဲ့ သတင္းေတြျဖစ္တဲ့ ဗိုင္းရပ္စ္ကာကြယ္ေဆးထုတ္လုပ္မႈ သတင္းေတြထဲမွာ ကူးစက္မႈအရွိန္ေလ်ာ့ေနတဲ့ ေဆးစမ္းဖို႔အတြက္ လူေထာင္ခ်ီပါဝင္တဲ့ စမ္းသပ္မႈေနာက္ဆုံး အဆင့္-သုံး လုပ္ဖို႔အတြက္ ခက္ခဲေနတဲ့သတင္း၊ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ယခုႏွစ္အကုန္မွာ ကိုဗစ္-၁၉ ကာကြယ္ေဆးပမာဏ သန္းရာႏွင့္ခ်ီထုတ္လုပ္ႏိုင္ဖို႔ ေမွ်ာ္မွန္းထားတဲ့သတင္း၊ ေဆးဝါးကုမၸဏီေတြက ဗိုင္းရပ္စ္ကာကြယ္ေဆးသည္ အနည္းဆုံး ၂၀၂၁ ခုႏွစ္တိုင္ေအာင္ ေဈးကြက္သို႔ေရာက္ႏိုင္မွာမဟုတ္ဘူးလို႔ ေျပာလိုက္တဲ့သတင္း၊ ေသဆုံးမႈႏႈန္းကို မေလ်ာ့က်ေစသည့္အတြက္ ကို႐ိုနာဗိုင္းရပ္ ကူးစက္ခံရသူေတြကို ေဆး႐ုံမွာ ဟိုက္ဒေရာက္ဆီကလို႐ိုကြင္း အသုံးျပဳျခင္းမျပဳဖို႔ တားျမစ္လိုက္တဲ့သတင္း၊ အစၥေရးသုေတသနပညာရွင္မ်ားက ဖုန္းအားသြင္းႀကိဳးနဲ႔ အားသြင္းအပူေပးၿပီး ကို႐ိုနာဗိုင္းရပ္စ္ကို သတ္ႏိုင္တဲ့ ႏွာေခါင္းစည္းကို တီထြင္လိုက္တဲ့သတင္း၊ အင္ဒိုနီးရွားႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူျမင့္မားေနၿပီး အာဆီယံမွာ အျမင့္ဆုံးအဆင့္ျဖစ္လာတဲ့သတင္း၊ ကိုဗစ္-၁၉ ေရာဂါကင္းစင္သြားခဲ့သည့္ နယူးဇီလန္ႏိုင္ငံမွာ ၿဗိတိန္ျပန္ႏွစ္ဦးမွာ ဗိုင္းရပ္စ္ကူးစက္ခံထားရတာေတြ႕လို႔ ကာကြယ္ေရးတပ္ဖြဲ႕ကို ႀကီးၾကပ္ေစခဲ့တဲ့သတင္း၊ ကမာၻတစ္၀န္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူအေရအတြက္ ၈ သန္းေက်ာ္လာတဲ့သတင္း၊ ေဖ့စ္ဘုတ္ကုမၸဏီက အမုန္းတရားဆန႔္က်င္သည့္မူကို ခ်ိဳးေဖာက္တဲ့ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ မဲဆြယ္ပို႔စ္မ်ားႏွင့္ ေၾကာ္ျငာမ်ားကို ဖယ္ရွားပစ္ခဲ့တဲ့သတင္း၊ မဲဝယ္တယ္ဆိုတဲ့ သံသယနဲ႔ ဂ်ပန္ တရားေရးဝန္ႀကီးေဟာင္းႏွင့္ ဇနီးျဖစ္သူ လႊတ္ေတာ္အမတ္ကို ဖမ္းဆီးခဲ့တဲ့သတင္း စတဲ့သတင္းေတြ ျဖစ္ခဲ့တယ္ဆိုတာတင္ျပရင္း ယခုရက္သတၱပတ္ ႏိုင္ငံတကာသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ဇြန္ - ၂၂