【 နိုင်ငံတကာဆောင်းပါး 】 တရုတ်၏ မြို့ပြ-ကျေးလက် ပေါင်းစပ် ဖွံ့ဖြိုးတိုးတက်ရေး

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်၏ မြို့ပြ-ကျေးလက် ပေါင်းစပ် ဖွံ့ဖြိုးတိုးတက်ရေး

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ (CPC) နှင့် နိုင်ငံတော်ကောင်စီ (သို့မဟုတ်) တရုတ်အစိုးရအဖွဲ့တို့သည် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ပေါင်းစပ်မြှင့်တင်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါလမ်းညွှန်ချက်များသည် ကျေးလက်ဒေသ ပြန်လည်ရှင်သန်ရေး မြှင့်တင်ရန်နှင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ခေတ်မီအောင် အရှိန်မြှင့်ခြင်းကို တားဆီးမည့် အတားအဆီးများကို ချေမှုန်းရန် ရည်ရွယ်သည်။

ပေါင်းစပ် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးစနစ်များနှင့် ယန္တရားများကို  ၂၀၂၂ ခုနှစ်တွင် စတင်ပုံဖော်ခဲ့သည်။လမ်းညွှန်ချက်များအရ နိုင်ငံသည် မြို့ပြနေထိုင်မှုဆိုင်ရာ ကန့်သတ်ချက်များကို တဖြည်းဖြည်း ဖယ်ရှားသွားမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ၂၀၃၅ ခုနှစ်တွင် ပေါင်းစပ် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးရေးကို မြှင့်တင်ရန်အတွက် အောက်ခြေအသံများ နားထောင်ရန် စနစ်များနှင့် လုပ်ငန်းယန္တရားများ ပိုမိုထားရှိရန် ရည်မှန်းထားသည်။ရာစုနှစ်အလယ်ပိုင်းတွင် တရုတ်နိုင်ငံသည် မြို့ပြ-ကျေးလက် ဒေသများ ကျယ်ကျယ်ပြန့်ပြန့် ပေါင်းစည်းရေးနှင့် ကျေးလက်ပြန်လည်ရှင်သန်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ကြီးကြီးမားမား ဤရည်မှန်းချက်များ အောင်မြင်ရန်အတွက် မြို့ပြနှင့် ကျေးလက်ဒေသများကြား အရင်းအနှီး၊ စွမ်းရည်၊ သတင်းအချက်အလက်များကဲ့သို့ လွတ်လပ်စွာစီးဆင်းမှုကို ကန့်သတ်ထားသည့် အတားအဆီးများကို ချိုးဖျက်ကာ ကျေးလက်ဒေသအတွက် တွန်းအားအသစ်များ ထည့်သွင်းမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် အိမ်ထောင်စုမှတ်ပုံတင်ခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်မည်ဖြစ်ပြီး မြို့ပြအခြေချနေထိုင်မှုအပေါ် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်းဖြင့် မြို့ကြီးများနှင့် မြို့များကြား ညှိနှိုင်းဖွံ့ဖြိုးတိုးတက်လာစေရေးအပြင် အလယ်အလတ်နှင့် အသေးစားမြို့များ၏ ဆွဲဆောင်မှုနှင့် ဆွဲဆောင်နိုင်မှုတို့ကို မြှင့်တင်ပေးမည်ဖြစ်သည်။

နိုင်ငံသားများကို မြို့ကြီးများတွင် ပိုမိုပါဝင်လာစေရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများ မြို့ပြဘဝတွင် အခြေချနေထိုင်ရန် ကူညီပေးမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ကျေးလက်ဒေသများတွင် အလုပ်လုပ်ကိုင်ရန် (သို့မဟုတ်) လုပ်ငန်းစတင်ရန် အရည်အချင်းရှိသူများကို ဆွဲဆောင်ရန်အတွက် မက်လုံးပေးမူဝါဒများကို အကောင်အထည်ဖော်မည်ဖြစ်သည်။

တိုင်းပြည်သည် ကျေးလက်မြေယာပြုပြင်ပြောင်းလဲရေးကို ဆက်လက်နက်နက်ရှိုင်းရှိုင်း မြှင့်တင်သွားမည်ဖြစ်ပြီး လယ်သမားများအနေဖြင့် ၎င်းတို့၏ မြေယာအသုံးချပိုင်ခွင့်များကို လယ်ယာလုပ်ငန်း (သို့မဟုတ်) သမဝါယမများတွင် အစုရှယ်ယာအဖြစ် ပြောင်းလဲခွင့်ပြုမည်ဖြစ်သည်။

ကျေးလက်ဒေသများတွင် ငွေကြေးဝန်ဆောင်မှုများကို မြှင့်တင်ပေးမည်ဖြစ်ပြီး မြို့ပြ-ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်ပေါင်းစုံမှ ပြည်သူ့သက်သာချောင်ချိရေးစီမံကိန်းများကို ဘဏ္ဍာငွေထောက်ပံ့ရန်အတွက် ဒေသတွင်းအာဏာပိုင်များမှ အစိုးရငွေချေးစာချုပ်များ ထုတ်ပေးခြင်းဖြင့်  ပံ့ပိုးပေးမည်ဖြစ်သည်။

ကျေးလက်ဒေသများတွင် ပြည်သူ့ဝန်ဆောင်မှုများ အားနည်းနေသည်ဟု ယူဆပါက ထိုနေရာတွင် အရင်းအမြစ်များ ပိုမိုဖြန့်ကြက်နိုင်ရန်အတွက် တရုတ်နိုင်ငံသည် ၎င်း၏စနစ်များနှင့် ယန္တရားများကို ထူထောင်ကာ မြှင့်တင်သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ပညာရေးဆိုင်ရာ အရင်းအမြစ်များ ခွဲဝေချထားမှုကို ဟန်ချက်ညီစေရန် ယန္တရားတစ်ခုကို ထူထောင်ပြီး ကျေးလက်ဒေသများတွင် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည်။

ပြည်နယ်အဆင့် အစိုးရများသည် ကျေးလက်ဆရာများ စုစည်းရွေးချယ်နိုင်ရန်အတွက် နောက်ဆက်တွဲ ယန္တရားတစ်ခု တည်ဆောက်ရန်နှင့် ထူးချွန်သော ကောလိပ်ဘွဲ့ရများကို ကျေးလက်ကျောင်းများသို့ စေလွှတ်ရန် တွန်းအားပေးမည်ဖြစ်သည်။

ကျေးလက်ဒေသများရှိ ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးဝန်ဆောင်မှုစနစ်များ တိုးတက်ကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေခံလူတန်းစား ဆေးဘက်ဆိုင်ရာ အလုပ်အကိုင်များ ဆွဲဆောင်မှု တိုးမြင့်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးလက် ဆေးဘက်ဆိုင်ရာ လုပ်သားများအား လေ့ကျင့်သင်ကြားပေးခြင်းဖြင့် အားကောင်းလာစေမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် လူထုယဉ်ကျေးမှုဝန်ဆောင်မှုစနစ်ကို မြှင့်တင်ပြီး ကျေးလက်ဒေသများသို့ ယဉ်ကျေးမှုအရင်းအမြစ်များ ပိုမိုဖြန့်ဖြူးပေးမည်ဖြစ်သည်။ယဉ်ကျေးမှုဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအနေဖြင့် ကျေးလက်ဒေသ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းမည်ဖြစ်သည်။

လမ်းညွှန်ချက်များသည် ပေါင်းစည်းထားသော မြို့ပြနှင့် ကျေးလက် လူမှုဖူလုံရေးစနစ်အား မြှင့်တင်ရန်၊ မြို့ပြနှင့် ကျေးလက် လူမှုရေးကူညီမှုစနစ်များကို ညှိနှိုင်းဆောင်ရွက်ပေးရန်နှင့် ကျေးလက်အုပ်ချုပ်ရေးယန္တရားများ ထူထောင်ရန် တောင်းဆိုထားသည်။

မြို့ပြနှင့် ကျေးလက် အခြေခံအဆောက်အအုံများ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်စေရေး မြှင့်တင်ရန် အင်စတီကျူးရှင်းနှင့် ယန္တရားများ ထူထောင်သွားမည်ဖြစ်ပြီး ကျေးလက်ဒေသများကို ဦးစားပေးဆောင်ရွက်မည်ဖြစ်သည်။

ကျေးလက်ဒေသအတွက် ကွဲပြားသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် နိုင်ငံ၏ စိုက်ပျိုးရေးကို ဆက်လက်ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ပြီး စက်မှုလုပ်ငန်းအသစ်များအတွက် စိုက်ပျိုးမှုယန္တရားတစ်ခုကို ထူထောင်ကာ  မြို့ပြနှင့် ကျေးလက်စက်မှုလုပ်ငန်းများ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပလက်ဖောင်းတစ်ခု တည်ဆောက်မည်ဖြစ်သည်။

နိုင်ငံတော်သည် တောင်သူလယ်သမားများ၏ ဝင်ငွေမြှင့်တင်ရန်အတွက် လမ်းကြောင်းများကို ချဲ့ထွင်ပြီး မြို့ပြနှင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း ကွာဟချက်ကို စဉ်ဆက်မပြတ် ကျဉ်းမြောင်းစေမည်ဖြစ်သည်။

လမ်းညွှန်ချက်အရ အလုပ်အကိုင် ခွဲခြားဆက်ဆံမှု ပပျောက်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာစေရန်နှင့် တောင်သူလယ်သမားများအတွက် ဝင်ငွေတိုးမြင့်လာစေရေး ဝန်းကျင်တစ်ခုအဖြစ် ဖန်တီးပေးမည်ဖြစ်ကြောင်း သိရသည်။

စိုးနိုင်ထွန်း
Ref - CMG | China announces guidelines for integrated urban-rural development