【 နိုင်ငံတကာဆောင်းပါး 】 တရုတ်-အီးယူ ထိပ်သီးဆွေးနွေးပွဲ နောက်ဆက်တွဲ ဖြစ်ထွန်းမှု

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်-အီးယူ ထိပ်သီးဆွေးနွေးပွဲ နောက်ဆက်တွဲ ဖြစ်ထွန်းမှု

အီးယူ-တရုတ် ထိပ်သီးဆွေးနွေးပွဲသည် အဆက်ပြတ်ခြင်းနှင့် ပြောင်းလဲခြင်းကြားတွင် တည်တံ့နေသော သမိုင်း၏ ရုန်းကန်မှုကို ပြနေသည့် သက်သေဖြစ်သည်။
 
ကွဲပြားသော အနုတ်သဘောဆန်သည့် ဝေဖန်မှုများကြားတွင် နှစ်ဖက်စလုံးက အပြောင်းအလဲကို ပြတ်ပြတ်သားသားရွေးချယ်ကာ ပေါင်းစည်းသည့် အဓိကအချက်အချာကျသော လမ်းကြောင်းတစ်ခုအဖြစ် ဆောင်ရွက်ခဲ့သည်။ 
 
သမားရိုးကျ စေ့စပ်ညှိနှိုင်းမှုများကို ကျော်လွန်၍ အဆိုးမြင်သော အကဲဖြတ်မှုများရှိနေသော်လည်း ထိပ်သီးဆွေးနွေးပွဲသည် အပြန်အလှန် ရှုထောင့်ပြောင်းသွားခြင်းကို သက်သေပြခဲ့သည်။
 
တရုတ်နှင့် အီးယူတို့သည် စီးပွားရေးအရ အလွန်တွဲဖက်ညီနေပြီး ၎င်းတို့၏ အကျိုးစီးပွားများ နက်ရှိုင်းစွာ ရောယှက်လျက်ရှိသည်။ 
 
လက်တွေ့တွင် တရုတ်နိုင်ငံကို အီးယူနှင့် “ခွဲထုတ်ခြင်း” သည် အခက်အခဲများနှင့် ပြည့် နှက်နေသည့် ကမ္ဘာအတွက် အကျပ်အတည်းတစ်ခုကို ထပ်ရင်ဆိုင်ရမည်ဟု  စီးပွားရေးသုံးသပ်သူများက ထောက်ပြထားသည်။
 
ဒီဇင်ဘာ ၇ ရက်က ပေကျင်း၌ ကျင်းပခဲ့သည့် ၂၄ ကြိမ်မြောက် တရုတ်-အီးယူ ထိပ်သီးအစည်းအဝေးသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း နှစ်ဘက်ခေါင်းဆောင်တွေကြား ပထမဆုံးတွေ့ဆုံမှုဖြစ်ပြီး တရုတ်-အမေရိကန် နှစ်နိုင်ငံထိပ်သီးဆွေးနွေးမှုအပြီး သံတမန်ရေးအရ နောက်ထပ်ထူးခြားသော တွေ့ဆုံမှုလည်း ဖြစ်သည်။
 
အဆိုပါအစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နဲ့ EU ကြား မိတ်ဖက်သုံးရပ်ဖြစ်တဲ့ စီးပွားရေးနဲ့ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကမိတ်ဖက်တွေ၊ သိပ္ပံနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအတွက် ဦးစားပေးမိတ်ဖက်တွေ၊ စက်မှုနဲ့ ထောက်ပံ့ရေးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုအတွက် ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်တွေကို အဆိုပြုခဲ့ပါတယ်။
 
ရှီက ဥရောပကောင်စီ ဥက္ကဋ္ဌ ချားလ်စ်မိုက်ကယ် နှင့် ဥရောပသမဂ္ဂကော်မရှင် ဥက္ကဋ္ဌ အူဆူလာ ဗွန်ဒါလီယန်တို့နှင့် တွေ့ဆုံရာတွင် တရုတ်နှင့် ဥရောပ ဘက်နှစ်ဖက်အနေနှင့် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုကို စွဲကိုင်ရမည် ဖြစ်ပြီး မှန်ကန်သော နားလည်မှုများကို ထားရှိရမည်ဖြစ်၍ နှစ်ဖက်ဆက်ဆံမှု တိုးတက်လာအောင် တစိုက်မတ်မတ် ဆောင်ရွက်ရမည်ဟု ပြောခဲ့သည်။
 
ဥရောပခေါင်းဆောင်တို့က တရုတ်နိုင်ငံနှင့် ချိတ်ဆက်မှုဖြတ်တောက်ရန် ဆန္ဒမရှိကြောင်း၊ တရုတ်ပြည် စီးပွားရေး ရေရှည်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းသည် ဥရောပ၏ အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း ဖော်ပြခဲ့ကြသည်။
 
လွန်ခဲ့သည့် နှစ် ၂၀ အတွင်း တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂဆိုင်ရာ စာတမ်းသုံးရပ်ကို ထုတ်ပြန်ခဲ့ပြီး ဥရောပသမဂ္ဂ တစ်ပြေးညီဖြစ်စဉ်ကို ပြတ်ပြတ်သားသားထောက်ခံ၍ ဥရောပဆိုင်ရာ မူဝါဒ၏ တည်ငြိမ်ခြင်းနှင့် တစ်ဆက်တည်း ဖြစ်ခြင်းကို ထိန်းသိမ်းထားခဲ့သည်။နှိုင်းယှဉ်ကြည့်လျှင် အီးယူဘက်ကသာ တရုတ်ပြည်အပေါ် မူဝါဒတွင်မူ မတည်မငြိမ်မှုများ မကြာခဏပေါ်ထွက်ခဲ့သည်။
 
ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံကို“ မိတ်ဖက်” ၊ “ယှဉ်ပြိုင်သူ” ၊ “စနစ်ဆိုင်ရာ ပြိုင်ဘက်” စသဖြင့် သတ်မှတ်ခဲ့ဖူးပြီး လူအချို့က တရုတ်ပြည်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရာတွင် “အန္တရာယ်များဖျက်ခြင်း” ဝါဒမျိုး ဖြန့်ခဲ့ဖူးသည်။
 
တရုတ်နှင့် ဥရောပတို့သည် တစ်ဖက်သားကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် သဘောထားပါက နှစ်ဖက်ဆက်ဆံမှုသည် ရှေ့သို့ချီတက်နိုင်မည်ဖြစ်သည်ကို လွန်ခဲ့သည့် နှစ် ၂၀ အတွင်း တရုတ်နှင့် ဥရောပ ကူးလူးဆက်ဆံရေးဆိုင်ရာ အတွေ့အကြုံများက ပြသနေသည်။စီးပွားရေးနှင့် ကုန်သွယ်မှုနယ်ပယ်တွင် တရုတ်-အီးယူ “အဓိကမိတ်ဖက်ဆက်ဆံရေး” သည် ခိုင်မာသော အခြေခံအုတ်မြစ်ဖြစ်သည်။ဥပမာအနေဖြင့် ၂၀၂၀ မှ ၂၀၂၂ ကာလအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု စုစုပေါင်းကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၆၄၉ ဒသမ ၅ ဘီလီယံရှိရာမှ အမေရိကန်ဒေါ်လာ ၈၄၇ ဒသမ ၃ ဘီလီယံသို့ တိုးလာသည်။ပျမ်းမျှကုန်သွယ်မှုပမာဏသည် တစ်မိနစ်လျှင် ဒေါ်လာ ၁ ဒသမ ၆ သန်းကျော်ရှိသည်။
 
အထူးခြားဆုံးမှာ COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးကို သက်ရောက်မှုရှိသော်လည်း တရုတ်-အီးယူ ကုန်သွယ်မှုမှာ အရှိန်အဟုန်နှင့် ဆက်လက်တိုးလာခဲ့ခြင်းဖြစ်သည်။တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ တရုတ်နိုင်ငံတွင် EU ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၁၂.၁ ဘီလီယံရှိပြီး တစ်နှစ်ထက် တစ်နှစ် ၇၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ထိုနှစ်တွင်ပင် အီးယူတွင် တရုတ်၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံခန့်ရှိပြီး တစ်နှစ်ထက် တစ်နှစ် ၂၁ ရာခိုင်နှုန်း တိုးလာခဲ့သည်။ထိုသည်ကိုကြည့်လျှင် တရုတ်နှင့် အီးယူဆက်ဆံရေးသည် ဖယ်ထုတ်မရသော ဆက်ဆံရေးဖြစ်သည်။
 
ထို့ကြောင့် မည်သို့သော ခွဲခြားမှုရှိသည်ဖြစ်စေ တရုတ်နှင့် အီးယူအကြား နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်ဘက်စလုံးမှ ခေါင်းဆောင်များ၏ မဟာဗျူဟာ လမ်းညွှန်မှုအောက်တွင် ကောင်းမွန်သော အရှိန်အဟုန်ဖြင့် ပြန်လည်ကောင်းမွန်လာမှုကို ပြသခဲ့သည်။တရုတ်နှင့် ဥရောပကြားတွင် အခြေခံကျသော မဟာဗျူဟာ သဘောထားကွဲလွဲမှု (သို့မဟုတ်) ပဋိပက္ခမရှိပေ။တရုတ်နိုင်ငံသည် ၎င်း၏ဥရောပမူဝါဒကို ရေရှည်တွင် တည်ငြိမ်အောင် ထိန်းထားမည်ဖြစ်ပြီး၊ ဥရောပကို ဝင်ရိုးစွန်းပေါင်းစုံကမ္ဘာတွင် လွတ်လပ်သောအင်အားစုအဖြစ် ဆက်လက်ရှုမြင်မည်ထားမည်ဟု ဆိုသည်။ထိုထဲတွင် အီးယူ၏ မည်သည့်ပြင်ပအဖွဲ့အစည်းမှ ပစ်မှတ်ထား၊ လက်အောက်ခံ (သို့မဟုတ်) ထိန်းချုပ်ထားခြင်းမရှိသော တရုတ်-ဥရောပ ဆက်ဆံရေးကို တရုတ်ဘက်မှ ကတိပြုထားသည်။
 
တရုတ်နိုင်ငံသည် အီးယူနှင့်ပတ်သက်ပြီး ထုတ်ပြန်ထားသော မူဝါဒစာတမ်းသုံးစောင်ကို တရုတ်-အီးယူ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကမူအဖြစ်ထားကြောင်း ဆိုသည်။ 
 
ထို့ကြောင့် တရုတ်နှင့် အီးယူတို့သည် ပြိုင်ဘက်များမဟုတ်ဘဲ မိတ်ဖက်များဖြစ်ပြီး ၎င်းတို့၏ ဘုံအကျိုးစီးပွားရလဒ်မှာ ကွဲပြားမှုများထက် များစွာသာလွန်သည်။
 
ရှီက တွေ့ဆုံမှုတွင် တရုတ်-အီးယူ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုမြှင့်တင်ရန်၊ ကတိကဝတ်များကို လေးစားလိုက်နာရန်၊ မှန်ကန်သောအကျင့်ကို ကျင့်ကြံရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ 
 
စနစ်များသည် မတူညီသောကြောင့်၊ ပြိုင်ဆိုင်မှုများရှိ၍ ပူးပေါင်းဆောင်ရွက်မှုကို လျှော့ချရန် (သို့မဟုတ်) သဘောထားကွဲလွဲမှုများရှိ၍ ထိပ်တိုက်ရင်ဆိုင်မှုများကြောင့် အချင်းချင်း ပြိုင်ဘက်များအဖြစ် တရုတ်နှင့် အီးယူတို့ မရှုမြင်သင့်သည့် ရှုထောင့်ဖြစ်သည်။
 
တရုတ်နှင့် ဥရောပ ဆက်ဆံရေးသည် စိတ်ဝင်စားဖွယ်ရာဖြစ်သည်။မကြာမီက အီးယူအဖွဲ့ဝင် ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်နှင့် စပိန်တို့အပါအဝင် နိုင်ငံများမှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် ခရီးသွားများအတွက် တစ်ဖက်သတ်ဗီဇာကင်းစင်ရေးမူဝါဒကို တရုတ်ဘက်က စတင်စမ်းသပ်ခဲ့သည်။လက်ရှိတွင်၊ တရုတ်-ဥရောပ မီးရထားအမြန်ဝန်ဆောင်မှုသည် ဥရောပနိုင်ငံပေါင်း ၂၅ နိုင်ငံရှိ မြို့ပေါင်း ၂၁၇ မြို့သို့ရောက်ရှိပြီး လမ်းကြောင်းတစ်လျှောက် နိုင်ငံနှင့် ဒေသများရှိ ပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူနေမှုဘဝများကို မြှင့်တင်ပေးလျက်ရှိသည်။ယင်းသည် အာရှနှင့် ဥရောပတို့အကြား win-win ပူးပေါင်းဆောင်ရွက်မှုဖြစ် သည်။
 
ထိုသည်ကိုကြည့်လျှင် တရုတ်-အီးယူ ဆက်ဆံရေးသည် အာရှနှင့် ဥရောပ၏ သာယာဝပြောမှုနှင့် နိုင်ငံတကာအခင်းအကျင်း၏ တည်ငြိမ်မှုအပေါ်တွင် သက်ရောက်နေကြောင်း တွေ့ရမည်ဖြစ်သည်။ထို့ကြောင့် ဥရောပကောင်စီ ဥက္ကဋ္ဌ ချားလ်စ်မိုက်ကယ်နှင့် ဥရောပသမဂ္ဂကော်မရှင် ဥက္ကဋ္ဌ အူဆူလာ ဗွန်ဒါလီယန်တို့က အီးယူသည် တရုတ်နိုင်ငံနှင့် ၎င်း၏ဆက်ဆံရေးကို အလွန်တန်ဖိုးထားပြီး တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ဖယ်ထုတ်လိုခြင်းမရှိကြောင်း ပြောခဲ့ခြင်းဖြစ်သည်။
 
သေချာသည်မှာ မငြိမ်မသက်ဖြစ်ပြီး ရောယှက်နေသော ကမ္ဘာတွင် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်နှင့် အီးယူတို့သည် မိတ်ဖက်အဖြစ် ဆက်လက်ရှိနေသင့်သည်ကို ယခုအခင်းအကျင်း များက ပြသနေပေသည်။
 
လင်းသစ်အောင်