【 နိုင်ငံတကာဆောင်းပါး 】 ပူတင်ကို ဟန့်တားရန် ဗျူဟာ

【 နိုင်ငံတကာဆောင်းပါး 】 ပူတင်ကို ဟန့်တားရန် ဗျူဟာ

ယခုအခါ ဥရောပကော်မရှင်သည် အခြားဝင်ရိုးတစ်ခုတွင် လုပ်ဆောင်နေခြင်းဖြင့် EU ၏ နက်နဲသော အသွင်သဏ္ဍာန်ကို မီးမောင်းထိုးပြခဲ့ရာ ကာကွယ်ရေးစက်မှု ဗျူဟာသစ်သည် လက်နက်ထုတ်လုပ်မှုကို မြှင့်တင်ရန်ဖြစ်သော်လည်း လက်ရှိတွင် မညီမညာဖြစ်ပြီး အစိတ်စိတ်အမွှာမွှာ ကွဲနေသည်။

၎င်းသည် ၎င်း၏လက်နက်များကို ဖြည့်တင်းရန်နှင့် ပရောဂျက်အသစ်များ စတင်ရန်အတွက် တင်းကျပ်သော ဘတ်ဂျက်များကို ကိုင်တွယ်ဖြေရှင်းနေစဉ်တွင် ရန်ပုံငွေများကို စုဆောင်းရန်လည်း ကြိုးစားနေခဲ့သည်။

အစီအစဉ်သည် Covid-19 ကာကွယ်ဆေးများ ဝယ်ယူရာတွင် အသုံးပြုခဲ့သည့် ဥရောပကော်မရှင်၏ ပူးတွဲဝယ်ယူမှုစနစ်အပေါ် အခြေခံထားသည်။ရည်မှန်းချက်မှာ အမှာစာများ တိုးမြှင့်ရန်နှင့် ထောက်ပံ့ရေးကွင်းဆက်ကို လုံခြုံစေရန် ဤငွေပေးချေမှုစနစ်ကို အသုံးပြုမှုတိုးမြှင့်ရန်ဖြစ်သည်။

ဤအစီအစဉ်အရ ဥရောပကုမ္ပဏီများထံ ဝယ်ယူမှု တစ်ဝက် (စျေးကွက်တန်ဖိုး) ကို ပေးအပ်မည်ဖြစ်သည်။ EL PAÍS မှ တွေ့မြင်ရသော စာရွက်စာတမ်းမူကြမ်းအရ အကျပ်အတည်းတစ်ခုဖြစ်ပေါ်ပါက အခြေခံအစိတ်အပိုင်းများ၏ မဟာဗျူဟာမြောက် သိုလှောင်ရုံများ ဖန်တီးခြင်းကိုလည်း အဆိုပြုထားသည်။

အဆိုပါမဟာဗျူဟာသည် EU ၏ သမိုင်းဝင် ပါရာဒိုင်းအပြောင်းအရွှေ့တစ်ခုဖြစ်သည်။ဥရောပရင်းနှီးမြုပ်နှံမှုဘဏ် (EIB) သည် ဒရုန်းများနှင့် ရေဒါများကဲ့သို့ နှစ်ထပ်သုံး ကုန်ပစ္စည်းများတင်မက လက်နက်နှင့် ခဲယမ်းမီးကျောက် ထုတ်လုပ်သည့် ကုမ္ပဏီများထံ ၎င်း၏ချေးငွေမူဝါဒကို ပြောင်းလဲရန် အကြံပြုထားသည်။

တုန်လှုပ်ချောက်ချားနေသော အချိန်များသည် အရေးနိမ့်သလို ခံစားရစေသည်။ဥရောပသည် ကာလတိုအတွင်း ယူကရိန်းကို ထောက်ပံ့နိုင်ရန်နှင့် အလယ်အလတ်ကာလတွင် ရုရှားကို ဟန့်တားရန် လိုအပ်နေသည်။

ဥရောပသည် “တစ်ခုတည်းသော အကျပ်အတည်း” ကို ရင်ဆိုင်နေရသည် မဟုတ်ပါ။ International Institute for Strategic Studies (IISS) မှ မဟာဗျူဟာ၊ နည်းပညာနှင့် လက်နက်ထိန်းချုပ်ရေး ဒါရိုက်တာ ဝီလျံအယ်လ်ဘာကီက “ပြဿနာက ရုရှားပါ။ဟန့်တားဖို့ သတ္တိမရှိရင် ထပ်ပြီး တိုက်ခိုက်ခံရမယ်” ဟု ထောက်ပြခဲ့သည်။

၂၀၃၀ ခုနှစ်အထိ ကရင်မလင်၏ ဦးဆောင်မှုတွင် ပူတင် ဆက်လက်ရှိနေမှုသည် အီတလီ (သို့မဟုတ်) စပိန်ကဲ့သို့သော နိုင်ငံအချို့အတွက် အလှမ်းဝေးသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သလို အရှေ့အလယ်ပိုင်းတွင် မတည်မငြိမ်မှုဒဏ်ကို ပိုမိုခံစားရကြောင်း စစ်တမ်းများက ဆိုသည်။

သို့သော် ရုရှားနယ်ချဲ့ဝါဒနှင့်ပတ်သက်သော သမိုင်းကြောင်းနှင့် အတွေ့အကြုံများအရ ရုရှားသည် ဘောလ်တစ်နိုင်ငံ (သို့မဟုတ်) ပိုလန်ကဲ့သို့ အခြားနိုင်ငံများနှင့်သာ အလွန်နီးစပ်မှုရှိသည်။

နယ်မြေခြားနားမှုများရှိသော်လည်း နိမိတ်လက္ခဏာအားလုံးသည် စစ်ပွဲကို နီးနီးကပ်ကပ် မကြုံဖူးသူ (သို့မဟုတ်) ကျရောက်တော့မည့် ခြိမ်းခြောက်မှုကို မခံစားဖူးသူ ဥရောပနိုင်ငံသားမျိုးဆက်များ၏ စိတ်ဓာတ်ပြောင်းလဲလာနေမှုကို ညွှန်ပြနေသည်။

နေတိုးအတွင်းတွင်မူ တရားဝင် သတိပေးချက်အဆင့်မှာ ပြောင်းလဲခြင်းမရှိပေ။

ဒါဆို ပူတင်က ယူကရိန်းပိုင်နက် အပြင်ဘက်မှာ တိုက်ခိုက်ဖို့ တကယ်ဖြစ်နိုင်ပါ့မလား။

ဘရပ်ဆဲလ်ရှိ Elcano တော်ဝင်အင်စတီကျုရုံး၏ ဒါရိုက်တာ လူးဝစ်စ်ဆိုင်မွန်က “အထီးကျန် ရန်လိုမှု ဖြစ်နိုင်ခြေကို ကျွန်ုပ်တို့ မငြင်းနိုင်သော်လည်း၊ ယူကရိန်းအခြေအနေဟာ ရုရှားတပ်တွေနဲ့ ချိတ်ဆက်ထားတာကြောင့် နေတိုးနိုင်ငံအတွင်း စစ်ရေးထိုးစစ်ကို အချိန်တိုအတွင်း ရုရှားက ဆက်ထိန်းထားနိုင်တဲ့ အနေအထားမှာ မရှိဘူး” လို့ ပြောခဲ့ပါတယ်။ကာလလတ်မှာတော့ ယူကရိန်းအခြေအနေနှင့် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံရေးဦးတည်ချက်တို့အပေါ် မူတည်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အဲဒီဒေသတွေမှာ မအောင်မြင်တဲ့ တိုးတက်မှုတွေနဲ့ ရင်ဆိုင်နေရတာတောင်မှ နေတိုးနိုင်ငံအပေါ် ကြီးမားတဲ့ စစ်ရေးထိုးစစ်ကို ရုရှားက ဆက်ထိန်းထားနိုင်သည့် အနေအထားတွင် ရှိနေပုံမပေါ်လို့ သူ့ရဲ့ တပ်ဖွဲ့ ဖွဲ့စည်းပုံကို ပြန်လည်တည်ဆောက်ဖို့ အချိန်ယူရဦးမယ်လို့ ဆိုင်မွန်က ထပ်လောင်းပြောခဲ့ပါတယ်။

နေတိုးထဲမှာ ဖင်လန်နှင့် ဆွီဒင်တို့ကို ထည့်ပေါင်း တွက်ထားပါတယ်။နော်ဒစ်နိုင်ငံနှစ်ခုနှင့်အတူ မဟာမိတ်အဖွဲ့ဟာ ယခုအခါ အဖွဲ့ဝင် ၃၂ ဦးရှိကာ ဘောလ်တစ်နိုင်ငံများ၏ ကာကွယ်ရေးအနေအထားကို အားဖြည့်ပေးထားပါတယ်။
ယူကရိန်းစစ်ပွဲကို ခုခံမှုလည်းဖြစ်နိုင်သလို ဟန့်တားမှုအဖြစ်လည်း ဖော်ညွှန်းထားတယ်။

“ဥရောပသာ ကာကွယ်ရေးကိစ္စတွေကို အလေးအနက်ထားရင် ရုရှားက တိုက်ခိုက်ရဲမှာ မဟုတ်ပါဘူး။ရုရှားက အားနည်းတဲ့နေရာကို အနံ့ခံ တိုက်ခိုက်တာပါ” ဟု နေတိုး၏ မဟာဗျူဟာ၊ နည်းပညာနှင့် လက်နက်ထိန်းချုပ်ရေး ဒါရိုက်တာ အယ်လ်ဘာကီက ပြောကြားခဲ့ပါတယ်။

“ဒါက ဥရောပသားတွေအတွက် စိန်ခေါ်မှုပါပဲ။ရေရှည်ကြိုးစားဖို့ ဆန္ဒရှိလား” သူကမေးပါတယ်။

“ကံမကောင်းစွာဖြင့်၊ ဥရောပဟာ ၎င်း၏ကာကွယ်ရေးကို နှစ် ၃၀ ကြာ လျစ်လျူရှုခဲ့ပါတယ်။အများသူငှာ ထင်မြင်ယူဆချက်ကို ပြင်ဆင်ရန်အတွက် ခေါင်းဆောင်များဟာ  ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အန္တရာယ်အချို့ကိုခံပြီး အဆင်မပြေတဲ့ အမှန်တရားများကို ပြည်သူတွေကို ချပြရမှာဖြစ်ပါတယ်။ကံမကောင်းစွာနဲ့ပဲ ထရမ့် အနိုင်ရရင် ဒီအန္တရာယ်ကြုံဖို့က ယုံကြည်နိုင်လောက်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောခဲ့ပါတယ်။

နေတိုး သတင်းရင်းမြစ်တစ်ခုကတော့ ကြီးထွားလာသော ပိုမိုပြင်းထန်သော သတိပေးချက်များဟာ ခေါင်းဆောင်တွေ ကြိုးပမ်းနေတဲ့ အပြောင်းအလဲများကို လူအများ နားလည်သဘောပေါက်ရန် အထောက်အကူဖြစ်စေတယ်လို့ ပြောခဲ့ပါတယ်။

ရုရှား တိုက်ခိုက်မှု ဖြစ်နိုင်ခြေ အလွန်နည်းနေသေးပါတယ်။ဒါပေမဲ့ ယူကရိန်းစစ်ပွဲက အပြုသဘောဆောင်တဲ့ရလဒ်နဲ့ ရုရှားအတွက် ပြီးဆုံးသွားရင်တော့ ရုရှားဟာ သူ့ရဲ့စစ်စီးပွားရေးနဲ့ သူ့ရဲ့တပ်ဖွဲ့တွေကို ပြန်လည်တည်ဆောက်နိုင်ဖွယ်ရှိပါတယ်။အကယ်၍ ထရမ့်ဟာ နိုဝင်ဘာသမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ဝါရှင်တန်ကို အရှေ့အာရှကနေ မည်သည့်အရာမှ အာရုံပြောင်း ဖယ်ရှားနိုင်မည်မဟုတ်ဘဲ တုန်လှုပ်ချောက်ချားမှုများရှိနေမှာဖြစ်ပါတယ်။

ဆက်ပြီး ထရမ့်ရဲ့ အောင်ပွဲဟာ နေတိုးရဲ့ အပြန်အလှန်ကာကွယ်ရေး ကတိကို မေးခွန်းထုတ်ခဲ့တဲ့ ထရမ့်ကြောင့် ဥရောပ၏ နျူကလီးယားကာကွယ်ရေးနှင့်ပတ်သက်ပြီး ရှုပ်ထွေးသော စကားစစ်ထိုးပွဲဆီသို့ ဦးတည်သွားနိုင်ပါတယ်။

တစ်ခုတည်းသော နျူလက်နက်ပိုင်ဆိုင်သည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့် ပြင်သစ်ကတော့ မကြာသေးမီက ၎င်း၏လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေးနွေးပွဲဖွင့်ရန် လှုံ့ဆော်ခဲ့ပါတယ်။ဗြိတိန်မှာလည်း နျူလက်နက်တွေရှိပါတယ်။၎င်းတို့ရဲ့ ရှိနေတဲ့ နှစ်နိုင်ငံပေါင်း လက်နက်အရေအတွက်ဟာ ရုရှားတို့ထက် နည်းပေမယ့် ၎င်းတို့ကို အဟန့်အတားဖြစ်အောင် စွမ်းဆောင်နိုင်လောက်တဲ့ ရာနှင့်ချီသော နျူကလီးယားထိပ်ဖူးများ ရှိနေပါတယ်။

လန်ဒန်နှင့် ပဲရစ်တို့ဟာ မည်သည့်အခြေအနေမျိုးမှာ  ဥရောပလုပ်ဖော်ကိုင်ဖက်တစ်ဦးကို ကာကွယ်ရန် စဉ်းစားနိုင်မည်လား။ဒါဟာ နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်ရွေးကောက်ပွဲအပြီးမှာ အရေးတကြီးဖြေရှင်းရမယ့် ကိစ္စရပ်ပါ။

ထို့အပြင် ခြိမ်းခြောက်မှုဟာ  သမားရိုးကျတိုက်ခိုက်မှုတစ်ခုမျှသာ မဟုတ်တော့ပါဘူး။မော်လ်ဒိုဗာကို ဟန်ချက်မညီအောင် လှုံ့ဆော်ပေးနေတဲ့ မတည်မငြိမ်ဖြစ်မှုကြီးဖြစ်တဲ့ ပူတင်ဟာ ၎င်းရဲ့အိမ်နီးချင်းများကို ခြိမ်းခြောက်ရန် Kaliningrad နယ်မြေနှင့် မြောက်ပင်လယ်ကို အသုံးပြုမည်ဖြစ်ကြောင်း ဥရောပနိုင်ငံတစ်ခုက ထောက်လှမ်းရေးအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဤသတင်းရင်းမြစ်အရ၊ ၎င်းအချက်ဟာ ဥရောပနှင့် အမေရိကန်သမ္မတရွေးကောက်ပွဲများနှင့် တိုက်ဆိုင်နေဖွယ်ရှိနေပါတယ်။မရှိမဖြစ်လိုအပ်သော အခြေခံအဆောက်အအုံများပေါ်မှာ မဟုတ်မမှန်လုပ်ကြံခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်းနှင့် တိုက်ခိုက်မှုများဟာ ရုရှားနိုင်ငံ၏ ခြိမ်းခြောက်မှုတစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။

“ပိုမိုရှုပ်ထွေးပြီး ခက်ခဲသော ခေတ်သစ်တစ်ခု၏ အရုဏ်ဦးမှာ ကျွန်ုပ်တို့ဟာ  ကိုယ်ကိုယ်ကို တွေ့နေရတယ်” လို့  ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen က ရောမမြို့မှာ ပြောခဲ့ပါတယ်။

“အမေရိကန်မှာ ဘာပဲဖြစ်ဖြစ်၊ ယူကရိန်းအတွက် ကျွန်တော်တို့ရဲ့ အထောက်အပံ့ကို တိုးမြှင့်ရမယ်၊ ကာကွယ်ရေးမှာ ပိုပြီးရင်းနှီးမြှုပ်နှံရမယ်၊ စစ်ရေးအရ ပံ့ပိုးပေးရမယ်။နောက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ EU မှာ ပြည်တွင်းပူးပေါင်းဆောင်ရွက်မှုတွေနဲ့ တိုးချဲ့ပြီးတော့ အင်အားစုတွေ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

တိုက်ကြီးတစ်ခုလုံးအတွက် ပြသနာများစွာကို ရင်ဆိုင်ရန်နှင့် ဖြေရှင်းရန် ဥရောပကာကွယ်ရေးကို အားကောင်းစေဖို့ လိုအပ်မှာဖြစ်ပါတယ်။

NaYoe
Ref - Elpais: Europe gets ready for war