【 နိုင်ငံတကာဆောင်းပါး 】 ဘုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် တရုတ်၏ ဖြေရှင်းချက်

【 နိုင်ငံတကာဆောင်းပါး 】 ဘုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် တရုတ်၏ ဖြေရှင်းချက်

ကင်မရွန်းတောင်ပိုင်းဒေသရှိ သေးငယ်သော ကမ်းရိုးတန်းမြို့လေးဖြစ်သည့် ကရီဘီသည် ယခုအခါတွင် အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်း၏ အဓိကကုန်သွယ်ရေးဧရိယာ ဖြစ်လာသည်။

၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သော ကရီဘီ ရေနက်ပင်လယ်ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသတွင်း ကုန်သွယ်မှုကို မြင့်တက်စေပြီး ကင်မရွန်း၏ စီးပွားရေးပြောင်းလဲမှုတွင် များစွာအထောက်အကူဖြစ်စေခဲ့သည်။ထိုအချက်သည် တရုတ်၏ ခါးပတ်နှင့် လမ်း စီမံကိန်းများအနက်မှ ဥပမာတစ်ခုသာဖြစ်သည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်က စီးပွားရေးတိုးတက်မှုအတွက် အလုံအလောက် ထောက်ပံ့ပေးနိုင်မည့် ကုန်သွယ်ဆိပ်ကမ်းမရှိခဲ့သော ကင်မရွန်းတွင် ကရီဘီ၌ စီမံကိန်းလုပ်ဆောင်ခဲ့သောအခါ ဒေသခံများအတွက် ကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ပေးနိုင်ခဲ့သည်။ဆိပ်ကမ်းဆောက်မည့် ဒေသမှ နေရာပြောင်းရွှေ့ပေးရသော ဒေသခံများအတွက်လည်း တရုတ်ဆိပ်ကမ်းအင်ဂျင်နီယာ ကုမ္ပဏီသည် ဆိပ်ကမ်းနှင့် အနီးနားရှိ ပြန်လည်အခြေချမည့် ကျေးရွာများကို တံတားထိုးခဲ့သည်။ထို့ကြောင့် အလုပ်အကိုင်သစ်များကို ရရှိခဲ့ပြီး သွားလာရေးလည်း အဆင်ပြေခဲ့သည်။

ဒေသခံများသည် ဆိပ်ကမ်းတည်ဆောက်ရေး၏ အဓိကအစိတ်အပိုင်းဖြစ်သည်။ကနဦးတွင် ဒေသခံပေါင်း ၂,၀၀၀ က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ဝင်ရောက်ခဲ့ပြီး ထိုကိန်းဂဏန်းသည် ကြီးမားလာကာ စီမံကိန်းတစ်လျှောက်တွင် လိုအပ်သော စက်မှုနှင့် စီမံခန့်ခွဲမှု အရည်အချင်းများအပြင် အနာဂတ်စီးပွားရေးအခွင့်အလမ်းများအတွက် အထောက်အကူဖြစ်သည့် တရုတ်ဘာသာနှင့် အင်္ဂလိပ်ဘာသာများလည်း ကျွမ်းကျင်လာကြသည်။

ခါးပတ်နှင့် လမ်း အစီအစဉ်၏ စီမံကိန်းများ၏ အဓိကမူဝါဒများအနက် တစ်ခုမှာ အခြေခံအဆောက်အအုံများကို ဆက်သွယ်ပေးပြီး ကုန်သွယ်ရေးကို ချောမွေ့စေရန်ဖြစ်သည်။

ကရီဘီ ရေနက်ပင်လယ်ဆိပ်ကမ်း စီမံကိန်းသည် ဒေသခံနှင့် နိုင်ငံတကာသက်ဆိုင်သူများကို တံတားထိုးပေးနိုင်ခဲ့ရုံသာမက ပိုမိုနီးကပ် ပူးပေါင်းဆောင်ရွက်စေပြီး ဒေသတွင်း၌ ရေရှည်ဘဏ္ဍာရေးပေါင်းစပ်မှုများကို သေချာစေနိုင်ခဲ့သည်။ဒေသခံအသိုက်အဝန်းများကပါ ပါဝင်သောကြောင့် ပြည်သူအချင်းချင်း ဆက်ဆံရေးကိုလည်း အားကောင်းစေနိုင်သည်။ထို့ကြောင့် တရုတ်၏ ခါးပတ်နှင့် လမ်း အစီအစဉ်ကို များစွာကြိုဆိုကြပြီး ကမ္ဘာလုံးဆိုင်ရာ ဘုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေးအတွက် တရုတ်၏ ချဉ်းကပ်မှုအဖြစ် လက်ခံလာကြခြင်းဖြစ်သည်။

ခါးပတ်နှင့် လမ်း အစီအစဉ်အောက်တွင် ထိုကဲ့သို့သော ဥပမာများစွာရှိသည်။သုံးကြိမ်ကျင်းပခဲ့သော ခါးပတ်နှင့် လမ်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်များတွင်ပါဝင်သော ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း ၁,၀၁၁၁ ခု၊ တည်ဆောက်ဆဲ စီးပွားရေးစင်္ကြံခြောက်ခုနှင့် မိတ်ဖက်နိုင်ငံပေါင်း ၆၀ ကျော်တို့ ရှိခဲ့သည်။ထိုကိန်းကဏန်းများသည် မြင့်တက်လျက်ရှိသည်။

ကိုလံဘီယာတက္ကသိုလ်မှ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုစင်တာ၏ ညွှန်ကြားရေးမှူးဖြစ်သော ပါမောက္ခ ဂျက်ဖရီ ဆာ့ချ်က ခါးပတ်နှင့် လမ်း အစီအစဉ်ကို စတင်ခဲ့ခြင်းသည် ခမ်းနားသော အစီအစဉ်ဖြစ်ပြီး မှန်ကန်သောလုပ်ရပ်ဖြစ်သည်ဟု မှတ်ချက်ပြုသည်။

ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်သော မွန်ဂိုလီးယားသည် တစ်ချိန်က တရုတ်နှင့် ဆက်သွယ်သည့် ရထားလမ်းတစ်ခုတည်းသာရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ခါးပတ်နှင့် လမ်း အစီအစဉ်ကို ဝင်ရောက်လာပြီးနောက် တရုတ်နယ်စပ်အထိ ရထားလမ်းပေါင်းငါးခု ဖောက်လုပ်နိုင်ခဲ့သည်။ထို့ကြောင့်ပင် နိုင်ငံအနေဖြင့် လိုအပ်ချက်များကို ကုန်ကျစရိတ်နည်းနည်းနှင့် မြန်မြန်ဆန်ဆန် ဖလှယ်နိုင်ကြောင်းဆိုသည်။

နိုင်ငံ၏ တောင်ဘက်ခြမ်း၌ ရေအရင်းအမြစ် ပေါကြွယ်ဝသော အာဂျင်တီးနားသည် တရုတ်နှင့်ပူးပေါင်းပြီး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ဆောက်လျက်ရှိကာ စက်ရုံသည် အာဂျင်တီးနား မိသားစုပေါင်း ၁.၅ သန်းအတွက် နေ့စဉ် လျှပ်စစ်ဓာတ်အားပေးနိုင်မည်ဖြစ်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှု ကုန်ကျစရိတ်ကို တစ်နှစ်လျှင် ၁.၁ ဘီလီယံ ဒေါ်လာခန့် သက်သာစေနိုင်မည်ဖြစ်သည်။

ဥရောပအာရှနိုင်ငံများမှ စတင်ပြီး အာဖရိကနှင့် လက်တင်အမေရိကအထိ ကုန်းတွင်းပိတ်နိုင်ငံများသည် ကုန်းချင်းချိတ်နိုင်ငံများဖြစ်လာပြီး ကြွယ်ဝသော သဘာဝအရင်းအမြစ်များကို ပြည်သူများ၏ ဘုံကောင်းကျိုးအတွက် အသုံးချလာနိုင်ကြသည်။နိုင်ငံများသည် ကမ္ဘာ့ဈေးကွက်များသို့ ဝင်ရောက်ခွင့်များ ရရှိလာကြသည်။ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသည် ပိုပြီးကျယ်ပြန့်လာကာ ဘက်ပေါင်းစုံပါဝင်လာပြီး ရေရှည်တည်တံ့လာသည်။  

တရုတ်သည် အခြားနိုင်ငံများကို အသုံးချပြီး အနည်းငယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို ရယူခြင်းထက် ဘုံဖွံ့ဖြိုးတိုးတက်မှုကို ပို၍အာရုံစိုက်ပြီး ထိုအချက်ကလည်း ခါးပတ်နှင့် လမ်း အစီအစဉ် စီမံကိန်းများ၏ အောင်မြင်မှုအတွက် အရေးပါခဲ့သည်။အစီအစဉ်၏ ပထမအပိုင်းသည် ပွင့်လင်းမှုများ၊ အားလုံးပါဝင်မှုများ၊ အပြန်အလှန် အကျိုးရှိမှုများနှင့် ပြည့်နှက်နေသည့် ရွှေရောင်လွှမ်းသော ဆယ်စုနှစ် တစ်နှစ် ဖြစ်ခဲ့သည်။

နောက်ထပ် ရွှေရောင်ဆယ်စုနှစ်သို့ ခြေလှမ်းချချိန်တွင် ခါးပတ်နှင့် လမ်း အစီအစဉ်သည် မျှဝေသာ အနာဂတ်ရှိသည့် ကမ္ဘာ့အသိုက်အဝန်း ဖြစ်တည်လာရေးအတွက် အုတ်မြစ်များချရာတွင် ဆက်လက်ကူညီထောက်ပံ့လျက်ရှိသည်။

စိုးနိုင်ထွန်း
Ref - CMG | Why is BRI a Chinese solution to promote common development?