【 နိုင်ငံတကာဆောင်းပါး 】 မည်သူ့ကိုမျှ နောက်တွင်မချန်ထားသည့် G-77 နှင့် တရုတ်

【 နိုင်ငံတကာဆောင်းပါး 】 မည်သူ့ကိုမျှ နောက်တွင်မချန်ထားသည့် G-77 နှင့် တရုတ်

တရုတ်နှင့် G-77 နိုင်ငံတို့အကြား တတိယအကြိမ်မြောက် အစည်းအဝေးကို “မည်သူ့ကိုမျှ နောက်တွင်မချန်ထားရစ်ရန်” ဟူသော ခေါင်းစဉ်ဖြင့် ယူဂန်ဒါတွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ် အစည်းအဝေးအပြီး ၁၉ နှစ် အကြာတွင် ပြန်လည်ပြုလုပ်ခြင်းဖြစ်သည်။

G-77 နှင့် တရုတ်တို့သည် အဖွဲ့ဝင်များ၏ စီးပွားရေးအကျိုးစီးပွားကို အားပေးပြီး ကုလသမဂ္ဂတွင် ညှိနှိုင်းဆွေးနွေးနိုင်မှုစွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်သည်။

ကမ္ဘာ့တောင်ပိုင်းနိုင်ငံများနှင့် တရုတ်သည် G-77 အဖွဲ့ဝင် မဟုတ်သော်လည်း ၁၉၉၀ ခုနှစ်များမှစတင်ကာ အဖွဲ့အတွက် နိုင်ငံရေးအထောက်အပံ့များ ပေးအပ်ခဲ့ပြီး ဘဏ္ဍာရေးအရလည်း ထောက်ပံ့ပေးခဲ့သည်။

“မည်သူ့ကိုမျှ နောက်ချန်မထားရစ်ဖို့အတွက် ထူးခြားသော အခြေအနေအမျိုးမျိုးကြားမှာ နိုင်ငံတွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ လိုအပ်ချက်တွေကို အပြည့်အဝဖြည့်ဆည်းဖို့ လိုပါတယ်” ဟု ယူဂန်ဒါသမ္မတက ဆိုသည်။

ထူးခြားသော အခြေအနေများ ကြုံတွေ့နေရသည့် နိုင်ငံများမှာ ဖွံ့ဖြိုးမှုနှေးကွေးနေသော အာဖရိကတိုက်မှ နိုင်ငံများဖြစ်ပြီး စစ်ပွဲနှင့် ပဋိပက္ခများကို ရင်ဆိုင်နေရသော နိုင်ငံများလည်းဖြစ်သည်။

အနောက်နိုင်ငံများ၊ ကမ္ဘာ့မြောက်ခြမ်းနိုင်ငံများနှင့်မတူဘဲ တရုတ်သည် မျှဝေသောအနာဂတ်ရရှိရေးအတွက် ခါးပတ်နှင့် လမ်း အစီအစဉ်မှတစ်ဆင့် ပိုမိုမျှတသော နိုင်ငံတကာကုန်သွယ်ရေးစနစ်ကို ဖော်ဆောင်လျက်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကုလသမဂ္ဂစနစ် ပြန်လည်ပြုပြင်ရေးကို အလေးပေးလျက်ရှိသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအကြားတွင် အကြီးမားဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်သည် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်ခြင်းများနှင့် စွမ်းရည်မြှင့်တင်ခြင်းများကို အဓိကအာရုံစိုက်လျက်ရှိပြီး အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တိုးတက်ရေးအတွက် အလားအလာများ ဖော်ထုတ်ရာတွင် ပါဝင်အားဖြည့်လျက်ရှိသည်။

ယခုအစည်းအဝေးသည် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ခြင်းကို အားဖြည့်ရန် ရည်ရွယ်ပြီး အထူးသဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၊ ရာသီဥတုပြောင်းလဲခြင်း၊ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေးများ၏ စိန်ခေါ်မှုများကို ရင်ဆိုင်သွားရန်ဖြစ်သည်။ထိုနယ်ပယ်များတွင် တရုတ်သည် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများကို ထောက်ပံ့ပြီးဖြစ်ကာ ဆက်လက်လည်း ထောက်ပံ့လျက်ရှိသည်။

ယူဂန်ဒါသည် ပြီးခဲ့သောအပတ်တွင် ၁၉ ကြိမ်မြောက် မဟာမိတ်မဟုတ်သော လှုပ်ရှားမှု အစည်းအဝေးနှင့် တတိယအကြိမ် မြောက်တောင်ပိုင်းအစည်းအဝေးတို့ကို လက်ခံကျင်းပခဲ့သည်။မဟာမိတ်မဟုတ်သော လှုပ်ရှားမှုသည် အင်အားကြီးနိုင်ငံများနှင့် တရားဝင်အားဖြင့် မဟာမိတ်ဖွဲ့ထားခြင်း မရှိသေးသော (သို့မဟုတ်) ဆန့်ကျင်ခြင်းမရှိသော နိုင်ငံပေါင်း ၁၂၀ ပါဝင်သော အဖွဲ့ဖြစ်ပြီး ကုလသမဂ္ဂအပြီးတွင် အကြီးဆုံးအဖွဲ့အစည်းလည်းဖြစ်သည်။

ထိုအစည်းအဝေးနှစ်ခုစလုံးကို ယူဂန်ဒါတွင် ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၇၀ မှ သံတမန်ပေါင်း ၅၀၀၀ ကျော် တက်ရောက်ခဲ့သည်။ယူဂန်ဒါအတွက် ၂၀၀၇ ခုနှစ်နောက်ပိုင်းတွင် အကြီးမားဆုံးကျင်းပသည့် နိုင်ငံတကာအစည်းအဝေးများလည်းဖြစ်သည်။

G-77 နှင့် တရုတ်သည် ကုလသမဂ္ဂစနစ်တွင် ပူးတွဲညှိနှိုင်းဆွေးနွေးရေးစွမ်းရည်ကို ရည်ရွယ်သည့် အကြီးဆုံးအဖွဲ့အစည်းဖြစ်ပြီး တရုတ်သည် ကိုယ်ပိုင်အတွေ့အကြုံများနှင့် ဖြေရှင်းချက်များကို အကူအညီပေး ထောက်ပံ့လျက်ရှိသည်။တရုတ်သည် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများအတွက် အကျိုးမမျှော်ဘဲ ပူးပေါင်းဆောင်ရွက်ပေးခြင်းသည် တရုတ်က ကမ္ဘာ့တောင်ပိုင်းနိုင်ငံများကို လက်ဝါးကြီးအုပ်ချင်သည်ဟူသော အချက်ကို ငြင်းဆန်လျက်ရှိသည်။ထိုပြောဆိုချက်သည် တရုတ်ကို ဆန့်ကျင်သော ပြောဆိုချက်များသာဖြစ်ပြီး မှားယွင်းကြောင်းကိုလည်း သက်သေပြခဲ့ပြီးဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ဒုတိယကမ္ဘာစစ်အပြီးတွင် နိုင်ငံတကာဘဏ္ဍာရေးစနစ်များ ပြန်လည်ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်ကို အထူးလိုအပ်ကြောင်းကို အလေးထားပြောပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အာဖရိကအတွက် အမြဲတမ်းနေရာတစ်ခုရရှိပြီး ကမ္ဘာ့တောင်ပိုင်းနိုင်ငံများကို အထူးသဖြင့် ထိခိုက်နေသည့် လုံခြုံရေးစိန်ခေါ်မှုများကို ဖြေရှင်းရေး ချောမွေ့စေရန် ရည်ရွယ်ခြင်းဖြစ်သည်။

ကုလသမဂ္ဂသည် ထိုကဲ့သို့အောင်မြင်မှုများကို တရုတ်၏ ထောက်ပံ့မှုနှင့် G-77 ၏ ပူးပေါင်းရေး အားထုတ်မှုများမှတစ်ဆင့် ရရှိနိုင်မည်ဟု ယုံကြည်ခြင်းဖြစ်သည်။

များစွာသော ခေါင်းဆောင်များသည် ပြန်လည်ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်ချက်များကို ပြောဆိုနေကြချိန်တွင် တရုတ်က လက်တွေ့၌ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ပူးပေါင်းကာ များစွာသော ညှိနှိုင်းဆွေးနွေးပွဲများကို လုပ်ဆောင်လျက်ရှိသည်။ထိုအချက်သည် တရုတ်၏ အပြန်အလှန်အကျိုးရှိရေး ကတိကဝတ်အတွက် လျှောက်လှမ်းနေခြင်းကို ပြသလျက်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၌ မည်သူ့ကိုမျှ နောက်ချန်ထားခြင်းမရှိသည့် ပုံစံဖြင့် လုပ်ဆောင်နေခြင်းလည်းဖြစ်သည်။

စိုးနိုင်ထွန်း
Ref - CMG | G77+China has left no one behind