【 နိုင်ငံတကာဆောင်းပါး 】 အရည်အသွေးမြင့် တိုးတက်မှုကို မီးမောင်းထိုးပြနေသည့် ရှီ၏ မိန့်ခွန်းများ

【 နိုင်ငံတကာဆောင်းပါး 】 အရည်အသွေးမြင့် တိုးတက်မှုကို မီးမောင်းထိုးပြနေသည့် ရှီ၏ မိန့်ခွန်းများ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တရုတ်ပြည်သူ့ကွန်ဂရက်နှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံညီလာခံတို့၏ နှစ်စဉ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ကာ နိုင်ငံအနေဖြင့် အရည်အသွေးမြင့် တိုးတက်မှုရရှိစေရန် ယုံကြည်မှုရှိနေကြောင်းကို အလေးပေးဖော်ပြခဲ့သည်။

၂၀၂၁-၂၀၂၅ ခုနှစ်အတွက် ၁၄ ကြိမ်မြောက် ငါးနှစ်တာအစီအစဉ်၏ အရေးပါသောနှစ်တွင် စီးပွားရေးနာလန်ထူမှုကို အရှိန်မြှင့်တင်ပြီး နယ်ပယ်ပေါင်းစုံတွင် တိုးတက်ရေး ယုံကြည်မှုကို မြှင့်တင်ရမည်ဟု ရှီက ဆိုသည်။

           အရည်အသွေးမြင့် ထုတ်လုပ်ရေး အင်အားသစ်များ

ရှီသည် ပြီးခဲ့သောနှစ်တွင် ထိုအယူအဆကို စတင်ခဲ့ပြီး အရည်အသွေးမြင့် ထုတ်လုပ်ရေး အင်အားသစ်များဆိုသည်မှာ သမားရိုးကျ စီးပွားရေးတိုးတက်မှု နည်းလမ်းများမှ ကွဲထွက်နေပြီး နည်းပညာအဆင့်မြင့်ကာ သက်ရောက်မှုမြင့်မားပြီး တိုးတက်မှု ဒဿနအသစ်များနှင့် ကိုက်ညီသော ထုတ်လုပ်နိုင်စွမ်းကို ဆိုလိုသည်။

ထိုသို့ဆိုရာတွင်လည်း သမားရိုးကျနည်းလမ်းများကို ဖယ်ရှောင်သွားရန်မဟုတ်ဘဲ တိုးတက်မှုနည်းလမ်းတစ်ခုတည်းကိုသာ မစဉ်းစားရန်နှင့် အဓိကနယ်ပယ်များ၌ အရေးပါသော နည်းပညာများတွင် အောင်မြင်မှုများရရှိကာ တွန်းအားသစ်များကို ရှာဖွေရန် ရှီက တိုက်တွန်းခဲ့သည်။

ဥပမာအားဖြင့် တရုတ်သည် သယ်ယူပို့ဆောင်ရေးနယ်ပယ်တွင် စွမ်းအင်သစ်ယာဉ်များ၊ အရှည်ဆုံး အဝေးပြေးလမ်းမကွန်ရက်၊ မြန်နှုန်းမြင့် မီးရထားလိုင်းများနှင့် မြို့ပြမီးရထားစနစ်များဖြင့် များစွာအောင်မြင်မှုများရရှိခဲ့သည်။ထိုကဲ့သို့သော အရည်အသွေးမြင့် ထုတ်လုပ်ရေး စွမ်းအားသစ်များကို တွန်းအားပေးခြင်းဖြင့် မဟာဗျူဟာကျ စွမ်းရည်များ တိုးတက်မှုအတွက် အခွင့်အလမ်းများဖြစ်လာမည်ဟု ပြောခဲ့သည်။

           အလုံးစုံပြုပြင်ပြောင်းလဲရေးကို အားထုတ်ခြင်း

တရုတ်နိုင်ငံအတွက် ပြုပြင်ပြောင်းလဲရေးသည် အရေးပါသောကဏ္ဍတွင်ရှိနေပြီး အရည်အသွေးမြင့် တိုးတက်မှုနှင့် တရုတ်နိုင်ငံ ခေတ်မီတိုးတက်စေခြင်းတို့အတွက် တွန်းအားအဖြစ် ရပ်တည်လျက်ရှိသည်။

အများပြည်သူဆိုင်ရာကဏ္ဍကို ထောက်ပံ့ပေးနိုင်မည့် ဌာနများနှင့် ယန္တရားများကို တိုးတက်စေပြီး အခြားသောကဏ္ဍများအတွက်လည်း အထောက်အပံ့ လမ်းညွှန်မှုများ ပေးခြင်းအားဖြင့် ပုဂ္ဂလိကနှင့် အများပိုင်လုပ်ငန်းများကို အားဖြည့်စေနိုင်မည်ဟု ရှီက ဆိုသည်။ပြုပြင်ပြောင်းလဲရေးစနစ်များတွင် သိပ္ပံနှင့် နည်းပညာ၊ ပညာရေးနှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကဏ္ဍများကို ပိုမိုအားဖြည့်ရမည်ဖြစ်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးပတ်ဝန်းကျင်ကို ဖန်တီးပေးရန်လည်း အရေးကြီးကြောင်း ဆိုသည်။

           သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီသည် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးများကို အမြဲအလေးထားကြောင်းနှင့် နယ်မြေကာကွယ်ရေးများ၊ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုစနစ်များတွင် တိုးတက်မှုများရရှိစေရန် ပြောဆိုခဲ့သည်။တရုတ်သည် ယခုနှစ်တွင် ဂျီဒီပီအလိုက် စွမ်းအင်သုံးစွဲမှုကို ၂.၅ ရာခိုင်နှုန်းခန့် လျှော့ချသွား၇န် မျှော်မှန်းထားပြီး သတ်မှတ်ထားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပန်းတိုင်များ ရောက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်နေသည်ဟု ရှီက ဆိုသည်။

နိုင်ငံအနေဖြင့် ညစ်ညမ်းမှုအသစ်များကို ကိုင်တွယ်သွားပြီး အထူးသဖြင့် ရေများ မည်းနက်နောက်ကျိခြင်းကို ကုသရန်အတွက် အစီအစဉ်များ ချမှတ်ထားကာ ရှိပြီးသား ပြဿနာများသာမက အသစ်ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင် ပြဿနာများကိုပါ ဖြေရှင်းရန် လိုအပ်သည်ဟု ရှီက ပြောဆိုခဲ့သည်။

           ဘုံကြွယ်ဝချမ်းသာရေး

ဘုံကြွယ်ဝချမ်းသာရေးသည် တရုတ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၏ မရှိမဖြစ်လိုအပ်သောကဏ္ဍဖြစ်သည်ဟု ရှီက ဆိုသည်။ရှီက ထိုအကြောင်းပြောရာတွင် ယန်ဇီမြစ်ဝှမ်းရှိ ယောင်းလီယန်ရွာအကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။လွန်ခဲ့သည့် နှစ် ၄၀ က သံမဏိထုတ်လုပ်ရေး ရွာတစ်ရွာဖြစ်ခဲ့သော ထိုဒေသသည် ယခုအခါ နိုင်ငံ၏ ကြွယ်ဝချမ်းသာသော ဒေသဖြစ်လာပြီဖြစ်သည်။

ထိုကျေးရွာသည် ကျေးလက်ပြန်လည်နုပျိုခြင်း လမ်းကြောင်းသစ်နှင့် ဘုံကြွယ်ဝချမ်းသာခြင်းတို့ကို ပြုပြင်ပြောင်းလဲရေးမှတစ်ဆင့် ပုံဖော်ခဲ့ကြောင်း ရှီက ချီးကျူးခဲ့ပြီး ကျေးရွာသားများအနေဖြင့် ဆက်လက်ကြိုးပမ်းသွားရန်လည်း တိုက်တွန်းခဲ့သည်။

           အတူပူးပေါင်းသော ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု

ပြီးခဲ့သောနှစ်များတွင် များစွာသော အတူပူးပေါင်းသည့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများကို အကောင်အထည်ဖော်ခဲ့ပြီး ထိုအထဲတွင် ဥပမာအားဖြင့် ပေကျင်း-တီယန်ကျင်း-ဟေဘေးဒေသ ပူးတွဲတိုးတက်မှု၊ ယန်ဇီမြစ်ဝှမ်းဒေသ ပူးတွဲတိုးတက်မှုနှင့် ကွမ်တုံး-ဟောင်ကောင်-မကာအို ကြီးကျယ်သော ပင်လယ်အော်ဧရိယာ ပူးတွဲတိုးတက်မှု စသည်တို့ပါဝင်ပြီး တိုးတက်မှုပုံစံအသစ်နှင့် အရည်အသွေးမြင့် တိုးတက်မှုများကို မြှင့်တင်ပေးခဲ့သည်။

ရှီသည် ကျန်းစုပြည်နယ်အား ယန်ဇီစီးပွားရေးခါးပတ်အစီအစဉ်နှင့် ယန်ဇီမြစ်ဝှမ်းပူးတွဲတိုးတက်မှု အစီအစဉ်များတွင် ပါဝင်လာကာ စီးပွားရေးအရ အလေးသာသော ဒေသအား အားသာချက်များကို ဖြည့်တင်းပြီး ဒေသတွင်းနှင့် နိုင်ငံတစ်ခုလုံး၏ တိုးတက်မှုကို အားဖြစ်စေရန် တိုက်တွန်းခဲ့သည်။

စိုးနိုင်ထွန်း
Ref - Xi's Two Sessions messages highlight China's high-quality development in crucial year | CMG