ဒီရက်အတွင်း ငွေကိစ္စ အရောင်းအဝယ်ကိစ္စတွေမှာ အထစ် အငေါ့လေးတွေ ဒီရက်ပိုင်းမှာ ရှိနေတတ် ပါတယ်။ အရောင်းအဝယ်သမားတွေအဆင်မချော ဖြစ်တတ်လို့ လောတကြီးမလုပ်ဘဲ အေးအေးဆေးဆေးမလောဘဲ လုပ်သင့်ပါတယ်။လူမှုရေး ၊စီးပွားရေး ပညာရေးအောင်မြင်လိုသောကိစ္စများအတွက် ကြာသပတေး သားသမီး များနှင့် တိုင်ပင်ဆောင်ရွက်ပါ။ စပ်တူလုပ်တဲ့ ကိစ္စတွေ ဒီအချိန်စလုပ်တာ အကောင်းဆုံးပါ။ရပ်ခြား က လူမျိုးခြားအကူအညီမထင်မှတ်ထားဘဲ ရတတ်ပါတယ်။ လက်အောက်ငယ်သားကြောင့် စိတ်ရှုပ်တတ်ရ တတ် သလို လူရင်းက သစ္စာဖောက်တတ်ပါတယ်။ သင့်မှာစိတ်ဒွိဟ ဖြစ်စရာတွေရှိပါတယ်။ဘယ်အရာဆို ခေါင်းအေးအေးထားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ပညာရေးကတော့ကံကောင်းနေတတ်ပြီးလိုရာရောက်စေပါလိမ့်မယ်။ကျန်းမာရေးကတော့ ခြေထောက်၊ဗိုက်မကောင်းတာတွေ၊လေအောင့်တာတွေ ၊ခါးနာတာတွေ ဖြစ်တတ်ပါတယ်။ အိမ်ထောင်ရှင်များ ပျော်ရွင်စရာတွေ ဆိုက်ရောက် လာပါလိမ့်ပေမယ့် ချစ်သူများအကြား ကြားလူဝင်ကိန်း ရှိပါတယ်။ ။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားအား ပန်းအိုးတွင် အောင်သပြေထိုးကာ ရှင်သီဝလိ ဂါထာဖြင့် ရွတ်ဖတ် ပူဇော်ပါ။
ပြည်ပထွက်ခွာလိုသူများ။ ။ အလုပ်ကိစ္စသွားတိုင်း တဟိ့ ံတဟိ့ ံဂါထာကို သက်စေ့ရွတ်ဖတ်ပူဇော်ပေးပါ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ အိမ်အနီးရှိ ဘုရားစေတီသို့ နံနက်စောစော ပဋ္ဌာန်းဒေသနာဖြင့် ရွတ်ဖတ်ပူဇော်ပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ ဒီရက်ပိုင်း စိတ်ချင်းအဆင်မပြေဖြစ်နေသည့် အိမ်ထောက်ဘက်များ မိုးလင်းတိုင်း မှန်ကြည့်ပြီးမှ စကားပြောပါ။
လူမှုရေးအတိုက်အခံများသူများ။ ။ ဘုန်ကြီးကျောင်းသို့သွားကာ ကုဋီဆေးကြောပေးပါ။ရေဖြည့်ပေးပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ ရေသတ္တဝါများထားသည့်ကန်သို့ ရေဖြည့်ပေးပါ။
ထီကံကောင်းလိုသူများ။ ။ စက်ဘီးနှင့်ရောင်းသည့် ထီဆိုင်တွင် ၄/၅ ဂဏန်းကိုများများပါအောင် ထိုးပါ။
( Zawgyi )
ဒီရက္အတြင္း ေငြကိစၥ အေရာင္းအဝယ္ကိစၥေတြမွာ အထစ္ အေငါ့ေလးေတြ ဒီရက္ပိုင္းမွာ ရွိေနတတ္ ပါတယ္။ အေရာင္းအဝယ္သမားေတြအဆင္မေခ်ာ ျဖစ္တတ္လို႔ ေလာတႀကီးမလုပ္ဘဲ ေအးေအးေဆးေဆးမေလာဘဲ လုပ္သင့္ပါတယ္။လူမႈေရး ၊စီးပြားေရး ပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ၾကာသပေတး သားသမီး မ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ စပ္တူလုပ္တဲ့ ကိစၥေတြ ဒီအခ်ိန္စလုပ္တာ အေကာင္းဆုံးပါ။ရပ္ျခား က လူမ်ိဳးျခားအကူအညီမထင္မွတ္ထားဘဲ ရတတ္ပါတယ္။ လက္ေအာက္ငယ္သားေၾကာင့္ စိတ္ရႈပ္တတ္ရတတ္သလိုလူရင္းကသစၥာေဖာက္တတ္ပါတယ္။သင့္မွာစိတ္ဒြိဟ ျဖစ္စရာေတြရွိပါတယ္။ဘယ္အရာဆို ေခါင္းေအးေအးထားၿပီးမွဆုံးျဖတ္သင့္ပါတယ္။ပညာေရးကေတာ့ကံေကာင္းေနတတ္ၿပီးလိုရာေရာက္ေစပါလိမ့္မယ္။က်န္းမာေရးကေတာ့
ေျခေထာက္၊ဗိုက္မေကာင္းတာေတြ၊ေလေအာင့္တာေတြ ၊ခါးနာတာေတြ ျဖစ္တတ္ပါတယ္။ အိမ္ေထာင္ရွင္မ်ား ေပ်ာ္႐ြင္စရာေတြ ဆိုက္ေရာက္ လာပါလိမ့္ေပမယ့္ ခ်စ္သူမ်ားအၾကား ၾကားလူဝင္ကိန္း ရွိပါတယ္။ ။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားအား ပန္းအိုးတြင္ ေအာင္သေျပထိုးကာ ရွင္သီဝလိ ဂါထာျဖင့္ ႐ြတ္ဖတ္ ပူေဇာ္ပါ။
ျပည္ပထြက္ခြာလိုသူမ်ား။ ။ အလုပ္ကိစၥသြားတိုင္း တဟိ့ ံတဟိ့ ံဂါထာကို သက္ေစ့႐ြတ္ဖတ္ပူေဇာ္ေပးပါ။
အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ အိမ္အနီးရွိ ဘုရားေစတီသို႔ နံနက္ေစာေစာ ပ႒ာန္းေဒသနာျဖင့္ ႐ြတ္ဖတ္ပူေဇာ္ပါ။
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ ဒီရက္ပိုင္း စိတ္ခ်င္းအဆင္မေျပျဖစ္ေနသည့္ အိမ္ေထာက္ဘက္မ်ား မိုးလင္းတိုင္း မွန္ၾကည့္ၿပီးမွ စကားေျပာပါ။
လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ ဘုန္ႀကီးေက်ာင္းသို႔သြားကာ ကုဋီေဆးေၾကာေပးပါ။ေရျဖည့္ေပးပါ။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေရသတၱဝါမ်ားထားသည့္ကန္သို႔ ေရျဖည့္ေပးပါ။
ထီကံေကာင္းလိုသူမ်ား။ ။ စက္ဘီးႏွင့္ေရာင္းသည့္ ထီဆိုင္တြင္ ၄/၅ ဂဏန္းကိုမ်ားမ်ားပါေအာင္ ထိုးပါ။