ယခုရက်ပိုင်းအတွင်း အလုပ်များလို့ စိတ်ကော လူကော တအားပင်ပန်းပြီး စိတ်တိုင်းမကျစရာတွေ လည်းရှိနေတတ်ပါတယ်။ ဘာမဆို စိတ်အလိုအတိုင်းမဆုံးဖြတ်ဖို့လိုပါတယ်။နိုင်ငံခြားအဆက် အသွယ် အခွင့်
အရေးကောင်းတွေ ပေါ်လာတတ်ပါတယ်။ ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ပညာရေးအောင်မြင်လိုသော ကိစ္စများအတွက် တနင်္ဂနွေ၊ဗုဒ္ဓဟူးသားသမီးများနှင့်တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။ ဒီကာလအတွင်း လုပ် ငန်းသစ်စတာ၊ ပရဟိတအလုပ်တွေလုပ်ရကိန်းရှိသလို လူကြီးသူမတွေရဲ့ ဆောင်မကြည့်ရှုမယ့်ကိန်းရှိပါတယ်။ ငွေကြေးကံကတော့ မကောင်းပါဘူး။ ငွေများလျှင်ကျန်းမာရေးအတွက် ကုန်ကိန်းရှိလို့ ငွေရတိုင်း ဘုရားကို လှူပေးသင့်ပါတယ်။လုပ်ငန်းသစ်စတာ ဆန်၊ဆီ၊ဆေး စတဲ့အလုပ်တွေ၊ ရွှေအရောင်းအဝယ် အလုပ်တွေ ကောင်းပေမယ့် အိမ်ခြံမြေအလုပ်တွေတော့ သတိထားလုပ်ကိုင်ရမယ့်မယ်အချိန်ကာလပါ။ ပညာရေးကိစ္စမှာ ဒီရက်ပိုင်းမှာ ခက်ခဲနေတတ်သလို ကြိုးစားမှ တော်ကာကြမယ့် ကာလပါ။ကျန်းမာရေးကတော့ ခြေထောက်၊ နှလုံးနှင့်ပတ်သက်တဲ့ ရောဂါဖြစ်တတ်ပါတယ်။ အိမ်ထောင်ရှင်တွေ ငယ်ရွယ်သူတွေ ခေတ္တခွဲခွာနေထိုင်ရ ကိန်းရှိနေပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားရှင်အား သစ်သီးဆွမ်းဆပ်ကပ်ကာ နံနက်တိုင်း မေတ္တာ သုတ်ရွတ်ဖတ်ပူဇော်ပါ။
ပြည်ပထွက်ခွာလိုသူများ။ ။ ထီး၊သင်္ကန်း၊ဝတ္ထုငွေ အလှူခံလာသူ ရဟန်းသံဃာရှိပါက စိတ်မကွက်ဘဲ ကပ်လှူပေးပါ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။နေအိမ်အရပ်မှ တနင်္ဂနွေထောင့်အရပ်ရှိဘုရားစေတီတွင်သန့်ရှင်း ရေးလုပ်ပြီး အောင်သပြေပန်းကပ်လှူကာ လိုရာဆုတောင်းပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ ခို၊ကျီး၊ခွေးစသည်တို့ကိုအစာကျွေးပါ။ချစ်သူနှင့် တွေ့ရန်ဗုဒ္ဓဟူးနံအသုံးအဆောင် များကို ဆောင်သွားပါ။
လူမှုရေးအတိုက်အခံများသူများ။ ။ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှ စတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည့်အောင် ရေသပါ္ပယ်ပူဇော်ပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ရပ်ထဲ ရွာထဲ လေဖြတ်ထား သည့် ကျန်းမာရေးမကောင်းသူများကို ဆေးဝါး လှူပါ။
ထီကံကောင်းလိုသူများ။ ။ သင့်လမ်းထိပ်ထီဆိုင်တွင် ၃/၄/၁ ဂဏန်းပါသည့် ထီကို ရှာထိုးလိုက်ပါ။
( Zawgyi )
ယခုရက္ပိုင္းအတြင္း အလုပ္မ်ားလို႔ စိတ္ေကာ လူေကာ တအားပင္ပန္းၿပီး စိတ္တိုင္းမက်စရာေတြ လည္းရွိေနတတ္ပါတယ္။ ဘာမဆို စိတ္အလိုအတိုင္းမဆုံးျဖတ္ဖို႔လိုပါတယ္။ႏိုင္ငံျခားအဆက္ အသြယ္ အခြင့္ အေရးေကာင္းေတြ ေပၚလာတတ္ပါတယ္။ ယခု
တစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ပညာေရးေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ တနဂၤေႏြ၊ဗုဒၶဟူးသားသမီးမ်ားႏွင့္တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။ ဒီကာလအတြင္း လုပ္ ငန္းသစ္စတာ၊ ပရဟိတအလုပ္ေတြလုပ္ရကိန္းရွိသလို လူႀကီးသူမေတြရဲ႕ ေဆာင္မၾကည့္ရႈမယ့္ကိန္းရွိပါတယ္။ ေငြေၾကးကံကေတာ့ မေကာင္းပါဘူး။ ေငြမ်ားလွ်င္က်န္းမာေရးအတြက္ ကုန္ကိန္းရွိလို႔ ေငြရတိုင္း ဘုရားကို လႉေပးသင့္ပါတယ္။လုပ္ငန္းသစ္စတာ ဆန္၊ဆီ၊ေဆး စတဲ့အလုပ္ေတြ၊ ေ႐ႊအေရာင္း
အဝယ္ အလုပ္ေတြ ေကာင္းေပမယ့္ အိမ္ၿခံေျမအလုပ္ေတြေတာ့ သတိထားလုပ္ကိုင္ရမယ့္မယ္အခ်ိန္ကာလပါ။ ပညာေရးကိစၥမွာ ဒီရက္ပိုင္းမွာ ခက္ခဲေနတတ္သလို ႀကိဳးစားမွ ေတာ္ကာၾကမယ့္ ကာလပါ။က်န္းမာေရးကေတာ့ ေျခေထာက္၊ ႏွလုံးႏွင့္ပတ္သက္တဲ့ ေရာဂါျဖစ္တတ္ပါတယ္။ အိမ္ေထာင္ရွင္ေတြ ငယ္႐ြယ္သူေတြ ေခတၱခြဲခြာေနထိုင္ရ ကိန္းရွိေနပါတယ္။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားရွင္အား သစ္သီးဆြမ္းဆပ္ကပ္ကာ နံနက္တိုင္း ေမတၱာ သုတ္႐ြတ္ဖတ္ပူေဇာ္ပါ။
ျပည္ပထြက္ခြာလိုသူမ်ား။ ။ ထီး၊သကၤန္း၊ဝတၳဳေငြ အလႉခံလာသူ ရဟန္းသံဃာရွိပါက စိတ္မကြက္ဘဲ ကပ္လႉေပးပါ။
အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ေနအိမ္အရပ္မွ တနဂၤေႏြေထာင့္အရပ္ရွိဘုရားေစတီတြင္သန႔္ရွင္း ေရးလုပ္ၿပီး ေအာင္သေျပပန္းကပ္လႉကာ လိုရာဆုေတာင္းပါ။
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ ခို၊က်ီး၊ေခြးစသည္တို႔ကိုအစာေကြၽးပါ။ခ်စ္သူႏွင့္ ေတြ႕ရန္ဗုဒၶဟူးနံအသုံးအေဆာင္ မ်ားကို ေဆာင္သြားပါ။
လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွ စတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည့္ေအာင္ ေရသပါၸယ္ပူေဇာ္ပါ။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ရပ္ထဲ ႐ြာထဲ ေလျဖတ္ထား သည့္ က်န္းမာေရးမေကာင္းသူမ်ားကို ေဆးဝါး လႉပါ။
ထီကံေကာင္းလိုသူမ်ား။ ။ သင့္လမ္းထိပ္ထီဆိုင္တြင္ ၃/၄/၁ ဂဏန္းပါသည့္ ထီကို ရွာထိုးလိုက္ပါ။