ကမ္ဘာတွင် ပထမဆုံးအကြိမ်အဖြစ် ဂျပန်စက်ရုပ်များ ရွေ့လျှားနေသည့် ဥက္ကာပျံပေါ် ဆင်းသက်စူးစမ်းနိုင်ပြီ

ကမ္ဘာတွင် ပထမဆုံးအကြိမ်အဖြစ် ဂျပန်စက်ရုပ်များ ရွေ့လျှားနေသည့် ဥက္ကာပျံပေါ် ဆင်းသက်စူးစမ်းနိုင်ပြီ

နေအဖွဲ့အစည်းရဲ့ မူလအစကို ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်တဲ့ မစ်ရှင်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဂျပန်အာကာသအေဂျင်စီမှ စက်ရုပ်နှစ်ရုပ်ဟာ ရွေ့လျှားနေတဲ့ ဥက္ကာပျံတစ်ခုပေါ်ကို ဆင်းသက်ပြီး စူးစမ်းမှုတွေ စတင်လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

ဂျပန် အာကာသစူးစမ်းရေးအေဂျင်စီ (JAXA) ရဲ့ ပြောကြားချက်အရ ဒီမစ်ရှင်ဟာ ကမ္ဘာမှာ ပထမဆုံး ရွေ့လျှားနေတဲ့ ဥက္ကာပျံတစ်ခုရဲ့ မျက်နှာပြင်ကို စက်ရုပ်တွေနဲ့ စူးစမ်းလေ့လာမှုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အေဂျင်စီရဲ့ ပြောကြားချက်အရ ဘီစကစ်ဗူး ပုံစံရှိတဲ့ စက်ရုပ်နှစ်ရုပ်ဟာ ဟာရာဘူဆာ ၂ အာကာသယာဉ်မှ ထုတ်လွှတ်ပြီး တစ်ရက်ကြာတဲ့အခါမှာ ရူဂူဥက္ကာပျံပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဂြိုဟ်ဆင်းစက်ရုပ် နှစ်ရုပ်စလုံးဟာ ပုံမှန်အလုပ်လုပ်နေပြီး ရူဂူရဲ့ မျက်နှာပြင်ကို စတင်စူးစမ်းနေကြပါပြီ” လို့ JAXA က စနေနေ့က ကြေညာချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဒီစက်ရုပ်တွေဟာ ဥက္ကာပျံရဲ့ နိမ့်ကျတဲ့ ဖိအားကို အသုံးချပြီး မျက်နှာပြင်ပေါ်ကို ၁၅ မီတာ (၄၉ ပေ) အမြင့်လောက်အထိ ခုန်တက်နိုင်ကာ လေထဲမှာ ၁၅ မိနစ်လောက်အထိ နေပြီး ဥက္ကာပျံရဲ့ ရုပ်ပိုင်းသွင်ပြင်ကို စူးစမ်းနိုင်တယ်လို့ ဆိုပါတယ်။

 

“သေးငယ်တဲ့ အာကာသရုပ်ဝတ္ထုတွေကို စူးစမ်းနိုင်တဲ့ နည်းလမ်းအသစ်တစ်ခုကို ထူထောင်နိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်” လို့ JAXA ရဲ့ ပရောဂျက်မန်နေဂျာ ယူအိချီ ဇူဒါ က ပြောပါတယ်။

အေဂျင်စီဟာ ၂၀၀၅ ခုနှစ်ကလည်း အလားတူမစ်ရှင်မှာ တခြားဥက္ကာပျံတစ်ခုပေါ်ကို ဂြိုဟ်ဆင်းယာဉ် ဆင်းသက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

Space Tech
Ref : The Guardian
စက်တင်ဘာ - ၂၄

( Zawgyi )

ေနအဖြဲ႕အစည္းရဲ႕ မူလအစကို ေဖာ္ထုတ္ႏိုင္ဖို႔ ရည္႐ြယ္တဲ့ မစ္ရွင္ရဲ႕ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ဂ်ပန္အာကာသေအဂ်င္စီမွ စက္႐ုပ္ႏွစ္႐ုပ္ဟာ ေ႐ြ႕လွ်ားေနတဲ့ ဥကၠာပ်ံတစ္ခုေပၚကို ဆင္းသက္ၿပီး စူးစမ္းမႈေတြ စတင္လုပ္ေဆာင္ေနၿပီပဲ ျဖစ္ပါတယ္။

ဂ်ပန္ အာကာသစူးစမ္းေရးေအဂ်င္စီ (JAXA) ရဲ႕ ေျပာၾကားခ်က္အရ ဒီမစ္ရွင္ဟာ ကမာၻမွာ ပထမဆုံး ေ႐ြ႕လွ်ားေနတဲ့ ဥကၠာပ်ံတစ္ခုရဲ႕ မ်က္ႏွာျပင္ကို စက္႐ုပ္ေတြနဲ႔ စူးစမ္းေလ့လာမႈပဲ ျဖစ္တယ္လို႔ ဆိုပါတယ္။

ေအဂ်င္စီရဲ႕ ေျပာၾကားခ်က္အရ ဘီစကစ္ဗူး ပုံစံရွိတဲ့ စက္႐ုပ္ႏွစ္႐ုပ္ဟာ ဟာရာဘူဆာ ၂ အာကာသယာဥ္မွ ထုတ္လႊတ္ၿပီး တစ္ရက္ၾကာတဲ့အခါမွာ ႐ူဂူဥကၠာပ်ံေပၚကို ေအာင္ျမင္စြာ ဆင္းသက္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

“ၿဂိဳဟ္ဆင္းစက္႐ုပ္ ႏွစ္႐ုပ္စလုံးဟာ ပုံမွန္အလုပ္လုပ္ေနၿပီး ႐ူဂူရဲ႕ မ်က္ႏွာျပင္ကို စတင္စူးစမ္းေနၾကပါၿပီ” လို႔ JAXA က စေနေန႔က ေၾကညာခ်က္တစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။

ဒီစက္႐ုပ္ေတြဟာ ဥကၠာပ်ံရဲ႕ နိမ့္က်တဲ့ ဖိအားကို အသုံးခ်ၿပီး မ်က္ႏွာျပင္ေပၚကို ၁၅ မီတာ (၄၉ ေပ) အျမင့္ေလာက္အထိ ခုန္တက္ႏိုင္ကာ ေလထဲမွာ ၁၅ မိနစ္ေလာက္အထိ ေနၿပီး ဥကၠာပ်ံရဲ႕ ႐ုပ္ပိုင္းသြင္ျပင္ကို စူးစမ္းႏိုင္တယ္လို႔ ဆိုပါတယ္။
 

“ေသးငယ္တဲ့ အာကာသ႐ုပ္ဝတၳဳေတြကို စူးစမ္းႏိုင္တဲ့ နည္းလမ္းအသစ္တစ္ခုကို ထူေထာင္ႏိုင္ခဲ့တဲ့အတြက္ ကြၽန္ေတာ္ အရမ္းဂုဏ္ယူပါတယ္” လို႔ JAXA ရဲ႕ ပေရာဂ်က္မန္ေနဂ်ာ ယူအိခ်ီ ဇူဒါ က ေျပာပါတယ္။

ေအဂ်င္စီဟာ ၂၀၀၅ ခုႏွစ္ကလည္း အလားတူမစ္ရွင္မွာ တျခားဥကၠာပ်ံတစ္ခုေပၚကို ၿဂိဳဟ္ဆင္းယာဥ္ ဆင္းသက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူးလို႔ ဆိုပါတယ္။

Space Tech
Ref : The Guardian
စက္တင္ဘာ - ၂၄