ကမ္ဘာ့အသက်အငယ်ဆုံး ကိုယ့်အားကိုယ်ကိုး ဘီလျံနာ ကိုင်လီဂျန်နာ

ကမ္ဘာ့အသက်အငယ်ဆုံး ကိုယ့်အားကိုယ်ကိုး ဘီလျံနာ ကိုင်လီဂျန်နာ

ကိုင်လီဂျန်နာဟာ အသက် ၂၁ နှစ်အရွယ်နဲ့ ကမ္ဘာ့အသက်အငယ်ဆုံး ကိုယ့်အားကိုယ်ကိုး ဘီလျံနာ တစ်ယောက်အဖြစ်စာရင်းဝင်ခဲ့ပါတယ်။ Forbes သတင်းဌာနရဲ့ဖော်ပြချက်အရ သူမဟာ အသက် ၂၃ မှဘီလျံနာဖြစ်ခဲ့တဲ့ Facebook တည်ထောင်သူ မက်ဇူကာဗက် ကိုကျော်လွန်ပြီး ကမ္ဘာ့အသက် အငယ်ဆုံးဘီလျံနာ စာရင်းကိုဝင်ခဲ့တာဖြစ်ပါတယ်။

သူမကိုယခုလိုဘီလျံနာဖြစ်စေခဲ့တာကတော့ သူမရဲ့ မီလျံ ၉၀၀ ကျော်တန်တဲ့ ကိုင်လီအလှကုန် ထုတ်လုပ်တဲ့ စီးပွားရေးကြောင့်ဖြစ်ပါတယ်။သူမဟာ သူမအမှတ်တံဆိပ် နှုတ်ခမ်းနီ က အင်တာနက်ကနေတစ်ဆင့် နှုတ်ခမ်းနီပေါင်း သိန်းပေါင်းများစွာ ရောင်းရခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ဝေဖန်သူတစ်ချို့ကတော့ သူမကို ကိုယ့်အားကိုယ်ကိုး ဘီလျံနာဖြစ်ခဲ့တယ်ဆိုတာကို လက်မခံ ကြပါဘူး။သူတို့တွေက သူမအဖေဖြစ်သူ ဂျန်နာ ရဲ့အမွေတွေက သူမကိုဒီလိုအောင်မြင်မှု လမ်းကြောင်း ကိုရောက်အောင် လှမ်းလျှောက်စေခဲ့တာဖြစ်တယ်လို့ထောက်ပြခဲ့ကြပါတယ်။

TT 

(  Zawgyi  )

 


TT