ကလေး ၁၅ ယောက်အထိ မွေးစားထားတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ

ကလေး ၁၅ ယောက်အထိ မွေးစားထားတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေဟာ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း ပရဟိတအလုပ်ကိုလည်း တစ်ဖက်ကနေ ပိုလုပ် ဖြစ်ခဲ့သလို ယခုဆိုရင် ကလေး ၁၅ ယောက်အထိ မွေးထား ခဲ့တယ်လို့ သိရပါတယ်။

"အစ်မဆီမရောက်လည်း မိဘမဲ့ ဂေဟာတွေဆီကို ရောက်မှာ ပဲလေ၊ အစ်မနဲ့ ပဋ္ဌာန်းဆက်ရှိလို့ ကယ်ရတယ်ပဲ သဘောထားတယ်၊ ဒီကလေးတွေ အရင်က ဒီလိုကူပေးရင်းနဲ့ မိဘမဲ့ ကျောင်းတွေကို လိုက်ပို့ပေးတာ စိတ်မကောင်းဘူး၊ ငါမွေးထား ပြီးတော့ စောင့်ရှောက်ပေးချင်လိုက်တာ ဆိုတဲ့ စိတ်မျိုး ဖြစ်တယ်၊ ဒါပေမဲ့ ဒီလောက်ခွန်အားမရှိသေးဘူးပေါ့၊ ခြေတစ်လှမ်းကမှ မစရင်ရောက်မှာ မဟုတ် ဘူးလေ၊ အဲ့ဒါနဲ့ အစ်မက မွေးမယ်လို့ ဆုံးဖြတ်ချက်ချပြီး မွေးလိုက်တာ၊ ကလေးမျက်နှာမြင်ရတော့ မနေနိုင်ပြန်ဘူး၊ ကလေးဆိုတာက ဟိုနားချထားလည်း နေရမှာပဲ ဒီနားချထားလည်း နေရမှာပဲလေ၊ တစ်ခါတလေ ကျရင် အစ်မအိမ်က သမီးလေးကိုကြည်ပြီး စိတ်ထဲမကောင်းဘူးပေါ့၊ အဲ့ဒါနဲ့ အခုလို ၁၅ ယောက်အထိ ဖြစ်လာတာ"လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ရှင်းပြပါတယ်။

ကလေးတွေကို ယခုလိုပြုစုစောင့်ရှောက်ထားတာဟာ သူတို့ကို စိုးရိမ်စိတ်ဖြစ်မိတာကြောင့် ဖြစ်ပြီး အရမ်းငယ်သေး တဲ့ အနေအထားမျိုး ဖြစ်နေတာကြောင့် သူမတည်ထောင်ထား တဲ့ ဂေဟာလေးမှာ စောင့်ရှောက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

 "အခု ကလေးက ၁၅ ယောက်ဆိုတော့ အရမ်းလည်း ငယ်သေးလို့သာ အစ်မနဲ့တူတူမထားတာ၊ အိမ်မှာလည်း စီးပွားရေးက တစ်ဖက်နဲ့ဆိုတော့လေ၊ အမေတစ်ယောက်ပဲ ရှိတာဆိုတော့ အမေလည်း အရမ်းကို ပင်ပန်းမှာစိုးတာကြောင့်လည်း ပါပါတယ်၊ လမ်းတွေ လျှောက်တတ်တဲ့ အရွယ်ဆိုရင် ခေါ်ထားမှာ အားလုံးက အစ်မရဲ့သားတွေ သမီးတွေပဲ၊ မြန်မြန်ကြီးပါတော့ လို့ ဆုတောင်းမိတယ်၊ အေးအေးချမ်းချမ်းနဲ့ ဘဝမျိုးကို နေချင်တယ်"လို့ သူက ဆက်ပြောပါတယ်။

သူမပြုစုစောင့်ရှောက်ထားတဲ့ သားသမီးတွေအတွက် လှူဒါန်း လာသူတွေကို ကျေးဇူးတင်မိကြောင်း၊ ပင်ပန်းခံကာ လုပ်ကိုင်နေသလို အလှူရှင်တွေက ငွေအားဖြင့် ကူညီကြ ခြင်းကြောင့်လည်း ပိုမိုတိုးကာ လုပ်ဆောင်နိုင်တဲ့ အခြေအနေ မျိုး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

"အစ်မ မိန်းကလေး တစ်ယောက်တည်း လုပ်ကိုင်နေရတာလေ၊ အစ်မက လှလှပပလေး နေမယ် ရုပ်ရှင်ရိုက်မယ်၊ အေးဆေးလေး နေလို့ရပါတယ်၊ ဒါပေမဲ့ ဘဝကိုအေအေးချမ်းချမ်း တန်ဖိုးရှိတဲ့ အလုပ်တွေနဲ့ သွားချင်တယ်၊ တစ်ချို့ လူတွေကလည်း အစ်မကို တိုက်ခိုက်တာတွေ ဝေဖန်တာတွေ ရှိတယ်၊ အခုလို အောင်အောင်မြင်မြင်နဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်တာဟာ အလှူရှင်တွေရဲ့ အလှူကြောင့်လည်း ပါပါတယ်၊ ဒါကြောင့်လည်း အစ်မအရမ်းကျေးဇူးတင်မိပါတယ်၊ ဒီလို ပရဟိတ
တွေ ကို အစ်မတစ်သက်လုံး လုပ်သွားမှာ ဖြစ်ပါတယ်"လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ဆက်လက် ရှင်းပြခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မေ ၂၆

(  Zawgyi  )

 သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝဟာ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ရင္း ပရဟိတအလုပ္ကိုလည္း တစ္ဖက္ကေန ပိုလုပ္ ျဖစ္ခဲ့သလို ယခုဆိုရင္ ကေလး ၁၅ ေယာက္အထိ ေမြးထား ခဲ့တယ္လို႔ သိရပါတယ္။

"အစ္မဆီမေရာက္လည္း မိဘမဲ့ ေဂဟာေတြဆီကို ေရာက္မွာ ပဲေလ၊ အစ္မနဲ႔ ပ႒ာန္းဆက္ရွိလို႔ ကယ္ရတယ္ပဲ သေဘာထားတယ္၊ ဒီကေလးေတြ အရင္က ဒီလိုကူေပးရင္းနဲ႔ မိဘမဲ့ ေက်ာင္းေတြကို လိုက္ပို႔ေပးတာ စိတ္မေကာင္းဘူး၊ ငါေမြးထား ၿပီးေတာ့ ေစာင့္ေရွာက္ေပးခ်င္လိုက္တာ ဆိုတဲ့ စိတ္မ်ိဳး ျဖစ္တယ္၊ ဒါေပမဲ့ ဒီေလာက္ခြန္အားမရွိေသးဘူးေပါ့၊ ေျခတစ္လွမ္းကမွ မစရင္ေရာက္မွာ မဟုတ္ ဘူးေလ၊ အဲ့ဒါနဲ႔ အစ္မက ေမြးမယ္လို႔ ဆုံးျဖတ္ခ်က္ခ်ၿပီး ေမြးလိုက္တာ၊ ကေလးမ်က္ႏွာျမင္ရေတာ့ မေနႏိုင္ျပန္ဘူး၊ ကေလးဆိုတာက ဟိုနားခ်ထားလည္း ေနရမွာပဲ ဒီနားခ်ထားလည္း ေနရမွာပဲေလ၊ တစ္ခါတေလ က်ရင္ အစ္မအိမ္က သမီးေလးကိုၾကည္ၿပီး စိတ္ထဲမေကာင္းဘူးေပါ့၊ အဲ့ဒါနဲ႔ အခုလို ၁၅ ေယာက္အထိ ျဖစ္လာတာ"လို႔ သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝက ရွင္းျပပါတယ္။

ကေလးေတြကို ယခုလိုျပဳစုေစာင့္ေရွာက္ထားတာဟာ သူတို႔ကို စိုးရိမ္စိတ္ျဖစ္မိတာေၾကာင့္ ျဖစ္ၿပီး အရမ္းငယ္ေသး တဲ့ အေနအထားမ်ိဳး ျဖစ္ေနတာေၾကာင့္ သူမတည္ေထာင္ထား တဲ့ ေဂဟာေလးမွာ ေစာင့္ေရွာက္ထားတာ ျဖစ္တယ္လို႔ သိရပါတယ္။

 "အခု ကေလးက ၁၅ ေယာက္ဆိုေတာ့ အရမ္းလည္း ငယ္ေသးလို႔သာ အစ္မနဲ႔တူတူမထားတာ၊ အိမ္မွာလည္း စီးပြားေရးက တစ္ဖက္နဲ႔ဆိုေတာ့ေလ၊ အေမတစ္ေယာက္ပဲ ရွိတာဆိုေတာ့ အေမလည္း အရမ္းကို ပင္ပန္းမွာစိုးတာေၾကာင့္လည္း ပါပါတယ္၊ လမ္းေတြ ေလွ်ာက္တတ္တဲ့ အ႐ြယ္ဆိုရင္ ေခၚထားမွာ အားလုံးက အစ္မရဲ႕သားေတြ သမီးေတြပဲ၊ ျမန္ျမန္ႀကီးပါေတာ့ လို႔ ဆုေတာင္းမိတယ္၊ ေအးေအးခ်မ္းခ်မ္းနဲ႔ ဘဝမ်ိဳးကို ေနခ်င္တယ္"လို႔ သူက ဆက္ေျပာပါတယ္။

သူမျပဳစုေစာင့္ေရွာက္ထားတဲ့ သားသမီးေတြအတြက္ လႉဒါန္း လာသူေတြကို ေက်းဇူးတင္မိေၾကာင္း၊ ပင္ပန္းခံကာ လုပ္ကိုင္ေနသလို အလႉရွင္ေတြက ေငြအားျဖင့္ ကူညီၾက ျခင္းေၾကာင့္လည္း ပိုမိုတိုးကာ လုပ္ေဆာင္ႏိုင္တဲ့ အေျခအေန မ်ိဳး ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

"အစ္မ မိန္းကေလး တစ္ေယာက္တည္း လုပ္ကိုင္ေနရတာေလ၊ အစ္မက လွလွပပေလး ေနမယ္ ႐ုပ္ရွင္႐ိုက္မယ္၊ ေအးေဆးေလး ေနလို႔ရပါတယ္၊ ဒါေပမဲ့ ဘဝကိုေအေအးခ်မ္းခ်မ္း တန္ဖိုးရွိတဲ့ အလုပ္ေတြနဲ႔ သြားခ်င္တယ္၊ တစ္ခ်ိဳ႕ လူေတြကလည္း အစ္မကို တိုက္ခိုက္တာေတြ ေဝဖန္တာေတြ ရွိတယ္၊ အခုလို ေအာင္ေအာင္ျမင္ျမင္နဲ႔ က်ယ္က်ယ္ျပန႔္ျပန႔္လုပ္ႏိုင္တာဟာ အလႉရွင္ေတြရဲ႕ အလႉေၾကာင့္လည္း ပါပါတယ္၊ ဒါေၾကာင့္လည္း အစ္မအရမ္းေက်းဇူးတင္မိပါတယ္၊ ဒီလို ပရဟိတေတြ ကို အစ္မ တစ္သက္လုံး လုပ္သြားမွာ ျဖစ္ပါတယ္"လို႔ သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝက ဆက္လက္ ရွင္းျပခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေမ ၂၆