ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို ကူညီလျှော့ချပေးမည့် ဘတ္ထရီအသစ်

ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို ကူညီလျှော့ချပေးမည့် ဘတ္ထရီအသစ်

မက်ဆာချူးဆက် နည်းပညာသိပ္ပံ (MIT) က သုတေသနပညာရှင်တွေဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် ဓာတ်အားပေးစက်ရုံတွေမှ ဖမ်းယူရရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ပြုလုပ်ထားတဲ့ ဘတ္ထရီအသစ်တစ်မျိုးကို တီထွင်လိုက်ကြတယ်လို့ ဆိုပါတယ်။

သုတေသနဟာ ကနဦးအဆင့်မှာသာ ရှိသေးပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်ဖို့ အဝေးကြီးလိုသေးပေမယ့်လည်း Joule ဂျာနယ်မှာ ပုံနှိပ်ဖော်ပြလာတဲ့ သုတေသနအရ ဒီဘတ္ထရီဟာ ကာဗွန်ဒိုင်အောက်ဆိုက်ကို ဓာတ်သတ္တုအခဲ ကာဗွန်နိတ်အဖြစ်ကို အလျဉ်မပြတ် ပြောင်းလဲပေးပြီး လျှပ်စစ်ဓာတ်ကို ထုတ်လုပ်ပေးတယ်လို့ ဆိုပါတယ်။

သုတေသီတွေကတော့ ဒီဘတ္ထရီဖော်မြူလာအသစ်ဟာ လျှပ်စစ်ဓာတု ကာဗွန်ဒိုင်အောက်ဆိုက် ပြောင်းလဲဓာတ်ပြုမှုတွေကို ဒီဇိုင်းထုတ်ရာမှာ နယ်ပယ်အသစ်တစ်ခုကို ပွင့်လင်းလာစေနိုင်လို့ လေထုထဲကို ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကိုလည်း ကူညီလျှော့ချနိုင်ကောင်းတယ်လို့ ယုံကြည်နေကြပါတယ်။ဒီဘတ္ထရီကို လစ်သီရွမ်သတ္တု၊ ကာဗွန်နဲ့ ဒီဇိုင်းထုတ်ထားတဲ့ လျှပ်လိုက်ရည်တို့နဲ့ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကာဗွန်ဖမ်းစနစ်တွေ တပ်ဆင်ထားတဲ့ ဓာတ်အားပေးစက်ရုံတွေဟာ သူတို့ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်ရဲ့ ၃၀ ရာခိုင်နှုန်းနဲ့ အထက်ကို ကာဗွန်ဒိုင်အောက်ဆိုက်တွေ ဖမ်းယူ၊ ထုတ်လွှတ်၊ သိုလှောင်တဲ့ နေရာမှာ ပြန်သုံးနေရတယ်လို့ ဆိုပါတယ်။
ဖမ်းယူလုပ်ငန်းစဉ်ရဲ့ ကုန်ကျစရိတ်ကို လျှော့ချနိုင်ရင် (ဒါမှမဟုတ်) တန်ဖိုးတစ်စုံတစ်ရာရှိတဲ့ အဆုံးသတ်ထုတ်ကုန်အပေါ် အကျိူးသက်ရောက်မှုရှိရင် စီးပွားရေးစနစ်တောင်မှ သိသိသာသာ ပြောင်းလဲသွားလိမ့်မယ်လို့လည်း သုတေသီတွေက ပြောပါတယ်။

ဒါပေမယ့်လည်း ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ပြုအား သိပ်မကောင်းလှတဲ့အတွက် ဓာတ်ပြုမှုလမ်းကြောင်းအသစ်တွေ ရှာတွေ့ဖို့က အရေးကြီးတယ်လို့လည်း MIT က လက်ထောက်ပါမောက္ခ ဘီတာ ဂါလန့် က ပြောပါတယ်။


 
လျှပ်စစ်ဓာတ် ထုတ်လုပ်မှုလုပ်ငန်းစဉ်မှာ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို ဓာတ်ပြုပစ္စည်းအနေနဲ့ အသုံးပြုတဲ့ လစ်သီရွမ်-ကာဗွန်ဒိုင်အောက်ဆိုက် ဘတ္ထရီတွေ ထုတ်လုပ်ရေးကို စိတ်ဝင်စားခဲ့ကြပေမယ့်လည်း ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့က ဓာတ်ပြုနိုင်စွမ်း နိမ့်ကျနေတာကြောင့် သတ္တုဓာတ်ကူပစ္စည်းတွေ အသုံးပြုဖို့တော့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

ကုန်ကျစရိတ်များတဲ့ ကြီးမြင့်တဲ့အပြင် လုပ်ဆောင်ချက်ကိုလည်း နည်းနည်းသာ နားလည်သေးလို့ ဓာတ်ပြုမှုတွေကို ထိန်းချုပ်ဖို့တော့ ခက်ခဲနေသေးတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဂါလန့် နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ဓာတ်ငွေ့ကို အရည်အခြေအနေနဲ့ ဖွဲ့စည်းမယ်ဆိုရင်တော့ ကာဗွန်လျှပ်ငုတ်တွေ သုံးတဲ့နည်းနဲ့ လျှပ်စစ်ဓာတု ကာဗွန်ဒိုင်အောက်ဆိုက် ပြောင်းလဲမှုကို ပြီးမြောက်စေနိုင်တာကို တွေ့ရှိထားကြတယ်လို့ ဆိုပါတယ်။

Ref : Gadgetsnow
Power Tech
စက်တင်ဘာ - ၂၆

( Zawgyi )

မက္ဆာခ်ဴးဆက္ နည္းပညာသိပၸံ (MIT) က သုေတသနပညာရွင္ေတြဟာ တစ္စိတ္တစ္ပိုင္းအားျဖင့္ ဓာတ္အားေပးစက္႐ုံေတြမွ ဖမ္းယူရရွိတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုက္နဲ႔ ျပဳလုပ္ထားတဲ့ ဘတၳရီအသစ္တစ္မ်ိဳးကို တီထြင္လိုက္ၾကတယ္လို႔ ဆိုပါတယ္။

သုေတသနဟာ ကနဦးအဆင့္မွာသာ ရွိေသးၿပီး စီးပြားျဖစ္ထုတ္လုပ္ႏိုင္ဖို႔ အေဝးႀကီးလိုေသးေပမယ့္လည္း Joule ဂ်ာနယ္မွာ ပုံႏွိပ္ေဖာ္ျပလာတဲ့ သုေတသနအရ ဒီဘတၳရီဟာ ကာဗြန္ဒိုင္ေအာက္ဆိုက္ကို ဓာတ္သတၱဳအခဲ ကာဗြန္နိတ္အျဖစ္ကို အလ်ဥ္မျပတ္ ေျပာင္းလဲေပးၿပီး လွ်ပ္စစ္ဓာတ္ကို ထုတ္လုပ္ေပးတယ္လို႔ ဆိုပါတယ္။

သုေတသီေတြကေတာ့ ဒီဘတၳရီေဖာ္ျမဴလာအသစ္ဟာ လွ်ပ္စစ္ဓာတု ကာဗြန္ဒိုင္ေအာက္ဆိုက္ ေျပာင္းလဲဓာတ္ျပဳမႈေတြကို ဒီဇိုင္းထုတ္ရာမွာ နယ္ပယ္အသစ္တစ္ခုကို ပြင့္လင္းလာေစႏိုင္လို႔ ေလထုထဲကို ဖန္လုံအိမ္ဓာတ္ေငြ႕ ထုတ္လႊတ္မႈကိုလည္း ကူညီေလွ်ာ့ခ်ႏိုင္ေကာင္းတယ္လို႔ ယုံၾကည္ေနၾကပါတယ္။ဒီဘတၳရီကို လစ္သီ႐ြမ္သတၱဳ၊ ကာဗြန္နဲ႔ ဒီဇိုင္းထုတ္ထားတဲ့ လွ်ပ္လိုက္ရည္တို႔နဲ႔ ျပဳလုပ္ထားတယ္လို႔ ဆိုပါတယ္။

လက္ရွိမွာေတာ့ ကာဗြန္ဖမ္းစနစ္ေတြ တပ္ဆင္ထားတဲ့ ဓာတ္အားေပးစက္႐ုံေတြဟာ သူတို႔ထုတ္လုပ္တဲ့ လွ်ပ္စစ္ဓာတ္ရဲ႕ ၃၀ ရာခိုင္ႏႈန္းနဲ႔ အထက္ကို ကာဗြန္ဒိုင္ေအာက္ဆိုက္ေတြ ဖမ္းယူ၊ ထုတ္လႊတ္၊ သိုေလွာင္တဲ့ ေနရာမွာ ျပန္သုံးေနရတယ္လို႔ ဆိုပါတယ္။
ဖမ္းယူလုပ္ငန္းစဥ္ရဲ႕ ကုန္က်စရိတ္ကို ေလွ်ာ့ခ်ႏိုင္ရင္ (ဒါမွမဟုတ္) တန္ဖိုးတစ္စုံတစ္ရာရွိတဲ့ အဆုံးသတ္ထုတ္ကုန္အေပၚ အက်ိဴးသက္ေရာက္မႈရွိရင္ စီးပြားေရးစနစ္ေတာင္မွ သိသိသာသာ ေျပာင္းလဲသြားလိမ့္မယ္လို႔လည္း သုေတသီေတြက ေျပာပါတယ္။

ဒါေပမယ့္လည္း ကာဗြန္ဒိုင္ေအာက္ဆိုက္ ဓာတ္ျပဳအား သိပ္မေကာင္းလွတဲ့အတြက္ ဓာတ္ျပဳမႈလမ္းေၾကာင္းအသစ္ေတြ ရွာေတြ႕ဖို႔က အေရးႀကီးတယ္လို႔လည္း MIT က လက္ေထာက္ပါေမာကၡ ဘီတာ ဂါလန႔္ က ေျပာပါတယ္။

 
လွ်ပ္စစ္ဓာတ္ ထုတ္လုပ္မႈလုပ္ငန္းစဥ္မွာ ကာဗြန္ဒိုင္ေအာက္ဆိုက္ ဓာတ္ေငြ႕ကို ဓာတ္ျပဳပစၥည္းအေနနဲ႔ အသုံးျပဳတဲ့ လစ္သီ႐ြမ္-ကာဗြန္ဒိုင္ေအာက္ဆိုက္ ဘတၳရီေတြ ထုတ္လုပ္ေရးကို စိတ္ဝင္စားခဲ့ၾကေပမယ့္လည္း ကာဗြန္ဒိုင္ေအာက္ဆိုက္ ဓာတ္ေငြ႕က ဓာတ္ျပဳႏိုင္စြမ္း နိမ့္က်ေနတာေၾကာင့္ သတၱဳဓာတ္ကူပစၥည္းေတြ အသုံးျပဳဖို႔ေတာ့ လိုအပ္ေနေသးတယ္လို႔ ဆိုပါတယ္။

ကုန္က်စရိတ္မ်ားတဲ့ ႀကီးျမင့္တဲ့အျပင္ လုပ္ေဆာင္ခ်က္ကိုလည္း နည္းနည္းသာ နားလည္ေသးလို႔ ဓာတ္ျပဳမႈေတြကို ထိန္းခ်ဳပ္ဖို႔ေတာ့ ခက္ခဲေနေသးတယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္လည္း ဂါလန႔္ နဲ႔ သူ႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြဟာ ဓာတ္ေငြ႕ကို အရည္အေျခအေနနဲ႔ ဖြဲ႕စည္းမယ္ဆိုရင္ေတာ့ ကာဗြန္လွ်ပ္ငုတ္ေတြ သုံးတဲ့နည္းနဲ႔ လွ်ပ္စစ္ဓာတု ကာဗြန္ဒိုင္ေအာက္ဆိုက္ ေျပာင္းလဲမႈကို ၿပီးေျမာက္ေစႏိုင္တာကို ေတြ႕ရွိထားၾကတယ္လို႔ ဆိုပါတယ္။

Ref : Gadgetsnow
Power Tech
စက္တင္ဘာ - ၂၆