ကိုယ့်အတွက်ကိုယ် မဆုတောင်းတော့ဘူးဆိုတဲ့ သရုပ်ဆောင် ဂုဏ်ရည်အေးကျော်

ကိုယ့်အတွက်ကိုယ် မဆုတောင်းတော့ဘူးဆိုတဲ့ သရုပ်ဆောင် ဂုဏ်ရည်အေးကျော်

Miss လောက ကနေ သရုပ်ဆောင်လောကထဲဝင်ရောက်ခဲ့ပြီး ဇာတ်ကားအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဂုဏ်ရည်အေးကျော်ဟာ အခုဆိုရင် ကိုယ့်အတွက်ကိုယ် မဆုတောင်းဖြစ်တော့ဘဲ ကမ္ဘာကြီးပုံမှန်ပြန်လည်လည်ပတ်နိုင်ဖို့ မြန်မာနိုင်ငံသူနိုင်ငံသားများ စိုးရိမ်သောကတွေကင်းဝေးစေဖို့သာ ဆုတောင်းဖြစ်လာတယ်လို့ ပြောပါတယ်။

“ဂုဏ်ရည်တို့က သူငယ်ချင်းတွေစုပြီး လှူတာတွေကိုလုပ်တယ်၊ အခုက COVID စင်တာအတွက် လှူဒါန်းတာတွေလုပ်ခဲ့တယ်၊ အရင်ကဆိုရင် အလှူပြီးရင် သူငယ်ချင်းတွေပေါင်းပြီး တစ်နေရာရာမှာ မုန့်သွားစားတာတွေလုပ်တယ်၊ အလှူလည်းလှူရင်း မဆုံတာကြာတဲ့ သူငယ်ချင်းတွေအချင်းချင်းလည်း ဆုံဖြစ်ကြတယ်၊ အခုကတော့ COVID ကာလဆိုတော့ စုပေါင်းပြီး မုန့်သွားစားတာမျိုး မလုပ်ပေမယ့် အလှူကတော့ ပုံမှန်လုပ်ဖြစ်နေတယ်၊ အရင်တုန်းကဆိုရင် ဆုတောင်းရင် ကိုယ့်အတွက်ကိုယ်ဆုတောင်းတယ်၊ အခုလို COVID ကာလက ဂုဏ်ရည်တို့တင်မကဘူး မြန်မာနိုင်ငံသူနိုင်ငံသားတွေလည်း အကုန်လုံးခံစားနေရတယ်၊ ဒါကြောင့်လည်း ဆင်းရဲဒုက္ခခံစားနေရတာတွေ အကြပ်အတည်းခံစားနေရတာတွေ လွတ်ကင်းပါစေ၊ ကမ္ဘာကြီးပုံမှန်ပြန်လည်လည်ပတ်တဲ့အခါ အားလုံးက စီးပွားရေးတွေကအစ ကောင်းမွန်စွာနဲ့ လည်ပတ်နိုင်ပါစေ၊ ကျန်းမာကြပါစေ၊ စိုးရိမ်သောကတွေကနေ ကင်းဝေးကြပါစေလို့ ဆုတောင်းပါတယ်၊ နေ့စဉ် ရောဂါကူးစက်မှုတွေကလည်းရှိနေတော့ စိတ်မကောင်းစွာနဲ့ တွေ့နေရတယ်၊ မကြာခင်မှာ COVID ကို အနိုင်တိုက်နိုင်တော့မယ်လို့ မြင်ပါတယ်၊ စီးပွားရေးအခက်အခဲတွေ စားဝတ်နေရေးအကြပ်အတည်းတွေ ရှိနေကြတယ်ဆိုတာ သိပေမယ့် COVID ကို မြန်မြန်နဲ့ အနိုင်တိုက်နိုင်ဖို့ အားလုံးရဲ့ညီညွတ်မှုတွေ စည်းကမ်းလိုက်နာမှုတွေလည်း လိုအပ်တာကြောင့် စည်းကမ်းလိုက်နာပေးကြပါနော်၊ မကြာခင်မှာ New Year လည်းရောက်တော့မယ့်အတွက် အရင်နှစ်တွေလိုတော့ ၂၀၂၀ New Year က မပျော်ရပေမယ့် ဒီကပ်ရောဂါဆိုးကြီး နှစ်ဟောင်းမှာပဲကျန်ခဲ့ပါစေလို့လည်း ဆုတောင်းမိသေးတယ်” လို့ ၎င်းက ရှင်းပြပါတယ်။

သူမဟာ နိုင်ငံတကာ ပွဲအခမ်းအနားတွေမှာ အစီအစဉ်တင်ဆက်သူအဖြစ်ပါ လုပ်ကိုင်နေသလို အားပေးသူ ပရိသတ်တွေရှိနေသူတစ်ဦးလည်းဖြစ်ပြီး ကြော်ငြာအစီအစဉ်တွေမှာလည်း ပါဝင်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။

လက်ရှိကာလမှာ အနုပညာအလုပ်တွေ ခေတ္တနားနေစဉ် အပြင်အလုပ်ကလေးတွေကို စတင်ခြေချကာ လုပ်ကိုင်နေပြီး ကုသိုလ်ပြုတဲ့ အလှူအတန်းလေးတွေကိုလည်း မပြတ်အောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ ဒီဇင်ဘာ - ၁၉

( Zawgyi )

Miss ေလာက ကေန သ႐ုပ္ေဆာင္ေလာကထဲဝင္ေရာက္ခဲ့ၿပီး ဇာတ္ကားအမ်ားအျပားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ ဂုဏ္ရည္ေအးေက်ာ္ဟာ အခုဆိုရင္ ကိုယ့္အတြက္ကိုယ္ မဆုေတာင္းျဖစ္ေတာ့ဘဲ ကမာၻႀကီးပုံမွန္ျပန္လည္လည္ပတ္ႏိုင္ဖို႔ ျမန္မာႏိုင္ငံသူႏိုင္ငံသားမ်ား စိုးရိမ္ေသာကေတြကင္းေဝးေစဖို႔သာ ဆုေတာင္းျဖစ္လာတယ္လို႔ ေျပာပါတယ္။

“ဂုဏ္ရည္တို႔က သူငယ္ခ်င္းေတြစုၿပီး လႉတာေတြကိုလုပ္တယ္၊ အခုက COVID စင္တာအတြက္ လႉဒါန္းတာေတြလုပ္ခဲ့တယ္၊ အရင္ကဆိုရင္ အလႉၿပီးရင္ သူငယ္ခ်င္းေတြေပါင္းၿပီး တစ္ေနရာရာမွာ မုန႔္သြားစားတာေတြလုပ္တယ္၊ အလႉလည္းလႉရင္း မဆုံတာၾကာတဲ့ သူငယ္ခ်င္းေတြအခ်င္းခ်င္းလည္း ဆုံျဖစ္ၾကတယ္၊ အခုကေတာ့ COVID ကာလဆိုေတာ့ စုေပါင္းၿပီး မုန႔္သြားစားတာမ်ိဳး မလုပ္ေပမယ့္ အလႉကေတာ့ ပုံမွန္လုပ္ျဖစ္ေနတယ္၊ အရင္တုန္းကဆိုရင္ ဆုေတာင္းရင္ ကိုယ့္အတြက္ကိုယ္ဆုေတာင္းတယ္၊ အခုလို COVID ကာလက ဂုဏ္ရည္တို႔တင္မကဘူး ျမန္မာႏိုင္ငံသူႏိုင္ငံသားေတြလည္း အကုန္လုံးခံစားေနရတယ္၊ ဒါေၾကာင့္လည္း ဆင္းရဲဒုကၡခံစားေနရတာေတြ အၾကပ္အတည္းခံစားေနရတာေတြ လြတ္ကင္းပါေစ၊ ကမာၻႀကီးပုံမွန္ျပန္လည္လည္ပတ္တဲ့အခါ အားလုံးက စီးပြားေရးေတြကအစ ေကာင္းမြန္စြာနဲ႔ လည္ပတ္ႏိုင္ပါေစ၊ က်န္းမာၾကပါေစ၊ စိုးရိမ္ေသာကေတြကေန ကင္းေဝးၾကပါေစလို႔ ဆုေတာင္းပါတယ္၊ ေန႔စဥ္ ေရာဂါကူးစက္မႈေတြကလည္းရွိေနေတာ့ စိတ္မေကာင္းစြာနဲ႔ ေတြ႕ေနရတယ္၊ မၾကာခင္မွာ COVID ကို အႏိုင္တိုက္ႏိုင္ေတာ့မယ္လို႔ ျမင္ပါတယ္၊ စီးပြားေရးအခက္အခဲေတြ စားဝတ္ေနေရးအၾကပ္အတည္းေတြ ရွိေနၾကတယ္ဆိုတာ သိေပမယ့္ COVID ကို ျမန္ျမန္နဲ႔ အႏိုင္တိုက္ႏိုင္ဖို႔ အားလုံးရဲ႕ညီၫြတ္မႈေတြ စည္းကမ္းလိုက္နာမႈေတြလည္း လိုအပ္တာေၾကာင့္ စည္းကမ္းလိုက္နာေပးၾကပါေနာ္၊ မၾကာခင္မွာ New Year လည္းေရာက္ေတာ့မယ့္အတြက္ အရင္ႏွစ္ေတြလိုေတာ့ ၂၀၂၀ New Year က မေပ်ာ္ရေပမယ့္ ဒီကပ္ေရာဂါဆိုးႀကီး ႏွစ္ေဟာင္းမွာပဲက်န္ခဲ့ပါေစလို႔လည္း ဆုေတာင္းမိေသးတယ္” လို႔ ၎က ရွင္းျပပါတယ္။

သူမဟာ ႏိုင္ငံတကာ ပြဲအခမ္းအနားေတြမွာ အစီအစဥ္တင္ဆက္သူအျဖစ္ပါ လုပ္ကိုင္ေနသလို အားေပးသူ ပရိသတ္ေတြရွိေနသူတစ္ဦးလည္းျဖစ္ၿပီး ေၾကာ္ျငာအစီအစဥ္ေတြမွာလည္း ပါဝင္ခြင့္ရခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိကာလမွာ အႏုပညာအလုပ္ေတြ ေခတၱနားေနစဥ္ အျပင္အလုပ္ကေလးေတြကို စတင္ေျခခ်ကာ လုပ္ကိုင္ေနၿပီး ကုသိုလ္ျပဳတဲ့ အလႉအတန္းေလးေတြကိုလည္း မျပတ္ေအာင္ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - ကိုႏိုင္ NG)
ရန္ကုန္၊ ဒီဇင္ဘာ - ၁၉