ကိုရီးယားဖျော်ဖြေပွဲ အတွေ့အကြုံနဲ့ ၂၀၂၁ ထဲ ဖျော်ဖြေပွဲလုပ်သွားဖို့ ကြိုးပမ်းနေတဲ့ Project K အဖွဲ့

ကိုရီးယားဖျော်ဖြေပွဲ အတွေ့အကြုံနဲ့ ၂၀၂၁ ထဲ ဖျော်ဖြေပွဲလုပ်သွားဖို့ ကြိုးပမ်းနေတဲ့ Project K အဖွဲ့

Project K အဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံမှာ သွားရောက်ဖျော်ဖြေခဲ့တဲ့ အတွေ့အကြုံတွေနဲ့ လာမယ့် ၂၀၂၁ ထဲမှာ Solo Boy Band Concert လုပ်ဆောင်သွားဖို့ ကြိုးပမ်းနေပြီး လိုအပ်တဲ့ပြင်ဆင်မှုတွေနဲ့ လုပ်ဆောင်နေတယ်လို့ အဆိုပါအဖွဲ့မှ ထက်ဘုန်းနိုင် က ပြောကြားခဲ့ပါတယ်။

Project K အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးသလို ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်း အစရှိတဲ့ လူငယ်ခုနှစ်ယောက်နဲ့ ဖွဲ့စည်းထားပြီး The Beginning လို့ နာမည်ရတဲ့ တေးအယ်လ်ဘမ်တစ်ခွေကိုလည်း ထွက်ရှိထားပါတယ်။

“အခုလောလောဆယ်က Sharing Program လေးကို အရင်လုပ်ချင်တာပါ။ကိုရီးယားမှာ COVID နဲ့ပတ်သက်ပြီး ဘယ်လိုတွေလုပ်ဆောင်နေကြတယ်၊ ဘယ်လိုစည်းကမ်းတွေ လိုက်နာကြတယ်ဆိုတာကို အဓိကထားပြချင်တာပါ။ပြီးတော့ ကိုရီးယားမှာ Training တွေ ဘယ်လိုလုပ်ကြတယ်ဆိုတာကို Project K Page ကနေ ဆက်တိုက်တင်ပေးသွားဖို့လည်းရှိပါတယ်၊ ကျွန်တော်တို့ Project K အဖွဲ့ အနေနဲ့ Solo Boy Band Concert လုပ်နိုင်ဖို့ ကြိုးစားနေပါပြီ” လို့ ၎င်းက ရှင်းပြပါတယ်။

အဆိုပါပွဲဟာ Project K အဖွဲ့အနေနဲ့ ကိုရီးယားမှာ သင်ယူခဲ့ရတဲ့ဟာတွေကို ပြန်ပြီး Sharing လုပ်တဲ့ Program မျိုးလည်းဖြစ်တယ်လို့ သိရပါတယ်။

“ဒီ ၂၀၂၁ ထဲမှာ အများကြီးကို စီစဉ်ထားတာတွေရှိပါတယ်၊ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး” လို့ ၎င်းက ဆက်လက်ပြောကြားပါတယ်။

Project K အဖွဲ့ဟာ ပြည်ပဖျော်ဖြေပွဲတစ်ခုမှာ သွားရောက်ဖျော်ဖြေကြစဉ် နောက်ခံမီးအသုံးပြုမှုနဲ့ပတ်သက်ပြီး ဝေဖန်ခံရတဲ့ အခြေအနေတွေကိုလည်း မကြာသေးခင်လပိုင်းအတွင်းက ကြုံခဲ့ရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - Project K)
ရန်ကုန်၊ ဒီဇင်ဘာ - ၁၂

( Zawgyi )

Project K အဖြဲ႕ဟာ ေတာင္ကိုရီးယားႏိုင္ငံမွာ သြားေရာက္ေဖ်ာ္ေျဖခဲ့တဲ့ အေတြ႕အႀကဳံေတြနဲ႔ လာမယ့္ ၂၀၂၁ ထဲမွာ Solo Boy Band Concert လုပ္ေဆာင္သြားဖို႔ ႀကိဳးပမ္းေနၿပီး လိုအပ္တဲ့ျပင္ဆင္မႈေတြနဲ႔ လုပ္ေဆာင္ေနတယ္လို႔ အဆိုပါအဖြဲ႕မွ ထက္ဘုန္းႏိုင္ က ေျပာၾကားခဲ့ပါတယ္။

Project K အဖြဲ႕ဟာ ၂၀၁၆ ခုႏွစ္က ကိုရီးယားႏိုင္ငံမွာ က်င္းပခဲ့တဲ့ Seoul K-Pop International Cover Dance မွာ ျမန္မာႏိုင္ငံကိုယ္စားျပဳ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ဖူးသလို ဒုတိယဆုကို ဆြတ္ခူးႏိုင္ခဲ့ၿပီး မိန္းကေလးပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရေနတဲ့အဖြဲ႕လည္း ျဖစ္ပါတယ္။အဖြဲ႕မွာ ထက္ဘုန္းႏိုင္၊ ဝီလွ်ံ၊ ဘုန္းေနမင္း၊ ဘုန္းေနလင္း၊ ဟိန္းရာ၊ ရဲရင့္ေသာ္၊ မင္းခန႔္ဟိန္း အစရွိတဲ့ လူငယ္ခုႏွစ္ေယာက္နဲ႔ ဖြဲ႕စည္းထားၿပီး The Beginning လို႔ နာမည္ရတဲ့ ေတးအယ္လ္ဘမ္တစ္ေခြကိုလည္း ထြက္ရွိထားပါတယ္။

“အခုေလာေလာဆယ္က Sharing Program ေလးကို အရင္လုပ္ခ်င္တာပါ။ကိုရီးယားမွာ COVID နဲ႔ပတ္သက္ၿပီး ဘယ္လိုေတြလုပ္ေဆာင္ေနၾကတယ္၊ ဘယ္လိုစည္းကမ္းေတြ လိုက္နာၾကတယ္ဆိုတာကို အဓိကထားျပခ်င္တာပါ။ၿပီးေတာ့ ကိုရီးယားမွာ Training ေတြ ဘယ္လိုလုပ္ၾကတယ္ဆိုတာကို Project K Page ကေန ဆက္တိုက္တင္ေပးသြားဖို႔လည္းရွိပါတယ္၊ ကြၽန္ေတာ္တို႔ Project K အဖြဲ႕ အေနနဲ႔ Solo Boy Band Concert လုပ္ႏိုင္ဖို႔ ႀကိဳးစားေနပါၿပီ” လို႔ ၎က ရွင္းျပပါတယ္။

အဆိုပါပြဲဟာ Project K အဖြဲ႕အေနနဲ႔ ကိုရီးယားမွာ သင္ယူခဲ့ရတဲ့ဟာေတြကို ျပန္ၿပီး Sharing လုပ္တဲ့ Program မ်ိဳးလည္းျဖစ္တယ္လို႔ သိရပါတယ္။

“ဒီ ၂၀၂၁ ထဲမွာ အမ်ားႀကီးကို စီစဥ္ထားတာေတြရွိပါတယ္၊ ေစာင့္ေမွ်ာ္ၾကည့္ရႈအားေပးၾကပါဦး” လို႔ ၎က ဆက္လက္ေျပာၾကားပါတယ္။

Project K အဖြဲ႕ဟာ ျပည္ပေဖ်ာ္ေျဖပြဲတစ္ခုမွာ သြားေရာက္ေဖ်ာ္ေျဖၾကစဥ္ ေနာက္ခံမီးအသုံးျပဳမႈနဲ႔ပတ္သက္ၿပီး ေဝဖန္ခံရတဲ့ အေျခအေနေတြကိုလည္း မၾကာေသးခင္လပိုင္းအတြင္းက ႀကဳံခဲ့ရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - Project K)
ရန္ကုန္၊ ဒီဇင္ဘာ - ၁၂