ကောက်ခံရရှိတဲ့ အလှူငွေ သိန်း ၁၀၀၀ ကျော်ဖြင့် COVID 19 အတွက် အနုပညာရှင်များ စုပေါင်းလှူဒါန်းမှုများလုပ်နေ

ကောက်ခံရရှိတဲ့ အလှူငွေ သိန်း ၁၀၀၀ ကျော်ဖြင့် COVID 19 အတွက် အနုပညာရှင်များ စုပေါင်းလှူဒါန်းမှုများလုပ်နေ

COVID 19 နဲ့ပတ်သက်တဲ့ ကူညီလှူဒါန်းမှုတွေကိုလုပ်ဆောင်ရန် အလှူငွေကောက်ခံခဲ့ရာ ကျပ်သိန်း ၁၀၀၀ ကျော်ရရှိနေပြီး ယင်းငွေကြေးဖြင့် အနုပညာရှင်တွေစုပေါင်းကာ လှူဒါန်းမှုအစီအစဉ်တွေကို လုပ်ဆောင် နေတယ်လို့ Star & Model International တည်ထောင်သူ ကိုဂျွန်လွင်က ပြောပါတယ်။

 

အခုလှူတာတွေကိုလည်း လုပ်နေပါပြီ၊ အလှူငွေလက်ခံတာလည်း လုပ်နေသလို တစ်ဖက်ကလည်း လိုက်လှူနေပါတယ်၊ “ပြည်သူနဲ့အတူ” ဆိုတဲ့ အစီအစဉ်ခေါင်းစဉ်အောက်ကနေ COVID 19 နဲ့ပတ်သက်တဲ့ လိုအပ်ချက်ရှိတဲ့နေရာတွေကို ဆက်လက်လှူဒါန်းသွားမှာပါလို့ သူက ရှင်းပြပါတယ်။ 

 

ထိုသို့ လှူဒါန်းမှုတွေကို လုပ်ဆောင်ရာမှာ အင်းစိန်ဆေးရုံ၊ ဝေဘာဂီအထူးကုဆေးရုံကြီးတို့ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတဲ့ နေရာတစ်ချို့မှာ ကျန်းမာရေးနဲ့ဆိုင်တဲ့ပစ္စည်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့လိုအပ်သော အထောက်အကူပြုပစ္စည်းတွေအတွက် လှူဒါန်းနေတာဖြစ်ပြီး ကျန်နေတဲ့ဆေးရုံတွေကိုလည်းဆက်လက် လှူဒါန်းဖို့စီစဉ်နေသလို အလှူငွေထပ်မံရရှိစေဖို့ကိုလ်း အလှူခံဖွင့်လှစ်ကာ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

 

ဒီအစီအစဉ်ဟာ ကိုမောင်မောင်အေးရဲ့ စိတ်ကူးနဲ့ တိုင်ပင်ပြီးတော့ ကျွန်တော်တို့ အကောင်အထည်ဖော် ဖြစ်တာဖြစ်ပါတယ်၊ အနုပညာရှင်တွေဟာလည်း ပြည်သူတွေနဲ့အတူပဲဆိုတဲ့ ရင်ဘတ်ချင်းနီးတယ်ဆိုတဲ့ သဘောဆောင်တာပေါ့၊ ပြည်သူတွေကို ကျွန်တော်တို့ ပြန်ပြီးအကျိုးပြုပေးဖို့လိုတယ်လို့ မြင်တယ်၊ ဒီသိန်း ၁၀၀၀ ဆိုတဲ့ငွေကအနုပညာရှင်တွေချည်းပဲမဟုတ်ဘူး၊ ပြည်သူတွေရဲ့လှူဒါန်းထည့်ဝင်ငွေတွေလည်း ပါပါတယ်၊ ကျပ် ၅၀၀၀လောက်ကနေ စပြီးတော့ ထည့်ဝင်တဲ့သူတွေလည်းပါကြပါတယ်၊ အနုပညာရှင်တွေရဲ့ ပိုက်ဆံက သိန်း ၂၀၀လောက်ပဲ ရှိတယ်၊ ကျန်တဲ့ သိန်း ၈၀၀ လောက်က ပြည်သူတွေရဲ့ ထည့်ဝင်ထားတာ တွေပါပဲ၊ တစ်ယောက်ချင်းစီရဲ့အလှူလည်းပါသွားအောင် ပြည်သူနဲ့အတူ ဆိုတဲ့ဟာမျိုး လှူဒါန်းကြဖို့ စီစဉ်ရင်း လုပ်ဆောင်ဖြစ်တာပါလို့ သူကဆက်လက်ရှင်းပြပါတယ်။

 

ထိုအစီအစဉ်ဟာ ၎င်းအပါအဝင် ဖြူဖြူကျော်သိန်း၊ ကော်နီ၊ အာရ်တီ၊ R ဇာနည်၊ ဖွေးဖွေး၊ ကိုဘိုစန်း၊ ကိုမောင်မောင်အေး တို့ကနေ တစ်ပိုင်တစ်နိုင်ထည့်ဝင်လုပ်ဆောင်ရာမှ နယ်ပယ်အသီးသီးမှ အနုပညာရှင်တွေနဲ့ သူတို့ရဲ့အမာခံ ပရိသတ်တွေလည်း ပါဝင်ကာ လှူဒါန်းလာကြတယ်လို့ သိရပါတယ်။ 

 

မင်းခေတ်လင်း 

ရန်ကုန်၊ မေ - 

 

( Zawgyi )

 

COVID 19 နဲ႔ပတ္သက္တဲ့ ကူညီလႉဒါန္းမႈေတြကိုလုပ္ေဆာင္ရန္ အလႉေငြေကာက္ခံခဲ့ရာ က်ပ္သိန္း ၁၀၀၀ ေက်ာ္ရရွိေနၿပီး ယင္းေငြေၾကးျဖင့္ အႏုပညာရွင္ေတြစုေပါင္းကာ လႉဒါန္းမႈအစီအစဥ္ေတြကို လုပ္ေဆာင္ ေနတယ္လို႔ Star & Model International တည္ေထာင္သူ ကိုဂြၽန္လြင္က ေျပာပါတယ္။

 

အခုလႉတာေတြကိုလည္း လုပ္ေနပါၿပီ၊ အလႉေငြလက္ခံတာလည္း လုပ္ေနသလို တစ္ဖက္ကလည္း လိုက္လႉေနပါတယ္၊ “ျပည္သူနဲ႔အတူ” ဆိုတဲ့ အစီအစဥ္ေခါင္းစဥ္ေအာက္ကေန COVID 19 နဲ႔ပတ္သက္တဲ့ လိုအပ္ခ်က္ရွိတဲ့ေနရာေတြကို ဆက္လက္လႉဒါန္းသြားမွာပါလို႔ သူက ရွင္းျပပါတယ္။ 

 

ထိုသို႔ လႉဒါန္းမႈေတြကို လုပ္ေဆာင္ရာမွာ အင္းစိန္ေဆး႐ုံ၊ ေဝဘာဂီအထူးကုေဆး႐ုံႀကီးတို႔ အပါအဝင္ က်န္းမာေရးေစာင့္ေရွာက္မႈေတြ ေပးေနတဲ့ ေနရာတစ္ခ်ိဳ႕မွာ က်န္းမာေရးနဲ႔ဆိုင္တဲ့ပစၥည္းေတြ၊ က်န္းမာေရးဝန္ထမ္းေတြရဲ႕ လိုအပ္ေသာ အေထာက္အကူျပဳပစၥည္းေတြအတြက္ လႉဒါန္းေနတာျဖစ္ၿပီး က်န္ေနတဲ့ေဆး႐ုံေတြကိုလည္း ဆက္လက္ လႉဒါန္းဖို႔စီစဥ္ေနသလို အလႉေငြထပ္မံရရွိေစဖို႔ကိုလ္း အလႉခံဖြင့္လွစ္ကာ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ 

 

ဒီအစီအစဥ္ဟာ ကိုေမာင္ေမာင္ေအးရဲ႕ စိတ္ကူးနဲ႔ တိုင္ပင္ၿပီးေတာ့ ကြၽန္ေတာ္တို႔ အေကာင္အထည္ေဖာ္ျဖစ္တာ ျဖစ္ပါတယ္၊ အႏုပညာရွင္ေတြဟာလည္း ျပည္သူေတြနဲ႔အတူပဲဆိုတဲ့ ရင္ဘတ္ခ်င္းနီးတယ္ဆိုတဲ့ သေဘာေဆာင္တာေပါ့၊ ျပည္သူေတြကို ကြၽန္ေတာ္တို႔ ျပန္ၿပီးအက်ိဳးျပဳေပးဖို႔လိုတယ္လို႔ ျမင္တယ္၊ ဒီသိန္း ၁၀၀၀ ဆိုတဲ့ေငြက အႏုပညာရွင္ေတြခ်ည္းပဲမဟုတ္ဘူး၊ ျပည္သူေတြရဲ႕လႉဒါန္းထည့္ဝင္ေငြေတြလည္း ပါပါတယ္၊ က်ပ္ ၅၀၀၀ ေလာက္ကေန စၿပီးေတာ့ ထည့္ဝင္တဲ့သူေတြလည္းပါၾကပါတယ္၊ အႏုပညာရွင္ေတြရဲ႕ ပိုက္ဆံက သိန္း ၂၀၀ ေလာက္ပဲ ရွိတယ္၊ က်န္တဲ့ သိန္း ၈၀၀ ေလာက္က ျပည္သူေတြရဲ႕ ထည့္ဝင္ထားတာ ေတြပါပဲ၊ တစ္ေယာက္ခ်င္းစီရဲ႕ အလႉလည္းပါသြားေအာင္ ျပည္သူနဲ႔အတူ ဆိုတဲ့ဟာမ်ိဳး လႉဒါန္းၾကဖို႔ စီစဥ္ရင္း လုပ္ေဆာင္ျဖစ္တာပါလို႔ သူကဆက္လက္ရွင္းျပပါတယ္။

 

ထိုအစီအစဥ္ဟာ ၎အပါအဝင္ ျဖဴျဖဴေက်ာ္သိန္း၊ ေကာ္နီ၊ အာရ္တီ၊ R ဇာနည္၊ ေဖြးေဖြး၊ ကိုဘိုစန္း၊ ကိုေမာင္ေမာင္ေအး တို႔ကေန တစ္ပိုင္တစ္ႏိုင္ထည့္ဝင္လုပ္ေဆာင္ရာမွ နယ္ပယ္အသီးသီးမွ အႏုပညာရွင္ေတြနဲ႔ သူတို႔ရဲ႕အမာခံ ပရိသတ္ေတြလည္း ပါဝင္ကာ လႉဒါန္းလာၾကတယ္လို႔ သိရပါတယ္။ 

 

မင္းေခတ္လင္း 

ရန္ကုန္၊ ေမ -